“ဥစ္စာပျောက်သော်”

avatar

“ဥစ္စာပျောက်သော်”

မဂႅလာပါ မြန်မာ-ဟိုဗ်အဖွဲ့သားများခင်ဗျာ။
img_20180804_102247.jpg

ဒီနေ့တော့ အခြားအကြောင်းအရာများ မစဉ်းစားအားပဲ အိမ်သူသက်ထား မဟေသီ၏ နေ့တဓူဝ အလုပ်ကိစ္စ များအား ကူညီဆောင်ရွက်ပေးရင် မအားလပ်လို့နေရ၏။ အကြောင်းမူကား မနက်ဖန်ဆိုလျင် သီတင်းကျွတ်လပြည့်နေ့သို့ ရောက်ရှိလာမည်ဖြစ်သလို ကျွန်တော်၏ ဖခင်ကြီး၏ ၂နှစ်ပြည့်လွမ်းတရားနာ ဆောင်ရွက်ရန် တစ်အိမ်သားလုံး မအားလပ်နေကြခြင်းဖြစ်သည်။

အစက ရည်မှန်းထားသည်မှာ ဘုန်းတော်ကြီးငါးပါးအား အိမ်မှာပင့်ဆောင် ဆွမ်းရေချမ်းကပ် ပရိတ်တရားတော် နာမည်ဟု ရည်ရွယ်ထားခဲ့သည်။ ခေတ်ကာလအခြေအနေအရ မိမိနေထိုင်ရပ်ကွက်တွင်း ဘုန်းတော်ကြီးကျောင်း၌ ယူနီဖောင်းဝတ်များ စတည်းချနေသည်ဟု သတင်းသိရသဖြင့် ဘုန်းတော်ကြီးများအား သွားရောက်မပင့်ဆောင် တော့ဟု အများသဘောတူ ဆုံးဖြတ်လိုက်ကြသည်။ ထိုယူနီဖောင်းဝတ်များနှင့် မမြင်လို မတွေ့လို၍ဖြစ်ပါသည်။ သို့နှင့် အိမ်မှာပင် ဆွမ်းထမင်းဟင်း အစရှိသည်တို့ချက်ပြုတ်ကာ ဆွမ်းဂျိုင့်ထည့်၍ ဘုန်းကြီးကျောင်းသို့ ကျွန်တော်တစ်ဦးတည်း သွားကပ်ရန်ဆုံးဖြတ်လိုက်ကြသည်။

ဤမှာပင် ပြဿနာကစသည် အစစအရာရာ စီစဉ်ပီးကာမှ ဆွမ်းဂျိုင့်ထည့်ရန် ငါးဆင့်စတီးဂျိုင့်ကြီးကို ရှာဖွေရာ မတွေ့ဖြစ်နေကြသည်။ မဟေသီမှ သူ၏ညီမများထံသို့ တစ်ဦးပီးတစ်ဦး ဖုန်းဆက်ကာ ကျွန်တော်တို့အိမ်မှ စတီးဂျိုင့်ကြီး မေ့လျော့ကာ ရောက်ရှိနေသလား လိုက်လံမေးမြန်းတော့သည်။ ကျွန်တော်သည်လည်း အိမ်နီးနားချင်းများထံ မေးရမြန်းရသည် “ကျွန်တော်တို့ စတီးဂျိုင့်လေးများ မေ့လျော့ရောက်ရှိနေသလား” လို့ချော့မော့မေးရသည်။

မေးမြန်းခံရသူ အားလုံးမှလည်း မရောက်ရှိကြောင်း မတွေ့ကြောင်းသာ ဖြေကြသည်။ တစ်ချို့က ကြည်ကြည်ဖြူဖြူဖြေကြသော်လည်း တစ်ချို့က ထိုသို့အမေးခံရ၍ ငြူဆူကြသည်၊ ရန်တွေ့ကြသည်။ ထို့နောက်တော့ စွာစိလန် မဟေသီက တနေကုန် ဗြစ်တောက်ဗြစ်တောက်နှင့် ဟိုလူကတော့ ဘယ်တုန်းက ဘယ်လို ဘာပစ္စည်းငှားခဲ့တာ၊ ဒီလူကတော့ ဘယ်လိုယူပီးမေ့တတ်တာ စသည်ဖြင့် စိတ်ထင်ရာ ငြိုးမာန်ဖွဲ့နေတော့သည်။

အိမ်ရှိလူကုန် ထိုစတီးဂျိုင့်ကြီး ရှာမတွေ့ရ၍ စိတ်သောကရောက်ကြရသည်။ သူတပါးအား ခိုးယူသည်၊ ယူထားသည်၊ မေ့လျော့ကာပြန်မပေးပဲနေသည် စသည်စသည် စိတ်ထင်ရာယိုးစွတ်၍နေကြသည်။ ကျွန်တော့ကတော့ နောက်ဆုံးအနေနှင့် စိတ်ဖြေသိမ့်နိုင်ရန် စကားတစ်ခွန်းပြောရသည်-“အေးကွာ ပစ္စည်းကလည်းပျောက်ပီးဖြစ်နေပီဆိုတော့ တို့တွေ အလှူလုပ်တယ်လို့ပဲ စိတ်ထဲမှတ်ပီးမေ့လိုက်ရအောင်” “ဟိုလူယူနိုး၊ ဒီလူယူနိုးသူများကို မစွတ်စွဲတာကောင်းပါတယ်” ထိုသို့ စိတ်ကျေနပ်အောင် ချော့မော့ပြောဆိုပီး ဆွမ်းဂျိုင့်ထည့်ရန်ကိစ္စပြေလည်စေရန်အတွက် ဘုန်းကြီးကျောင်းသို့ တစ်ခေါက်သွားကာ ကျောင်းမှဆွမ်းဂျိုင့်ကို ခေတ္တငှားခဲ့ရသည်။
_.jpg

သို့နှင့် ညနေပိုင်းရောက်လာကာ မနက်ဖန်အတွက် စီစဉ်စရာများ စီစဉ်အပြီး အားလုံးအေးဆေး အမောပန်းဖြေပီးသကာလ “ကိုရွှေ ဟော့ဒီဆန်အိတ်ကြီး ဒီတိုင်းထားရင်ကြွက်ဖောက်လိမ့်မယ် ဆန်ပုံးထဲ ထည့်ပေးပါအုန်းတော့” မဟေသီ၏ စီစဉ်ညွှန်ကြားရေးအမိန့်အား မလွန်ဆန်နိုင် စာဖတ်နေရာမှထကာ ဆန်ပုံးကိုဖွင့် ဆန်အိတ်ကိုမကာထည့်မည်ဟု အားထုတ်သည်၌ -- ဟောတွေ့ပါပီ မောင်မင်းကြီးသား စတီးဂျိုင့်ကြီး။ ဆန်ပုံးထဲ၌ ခန့်ခန့်ကြီးငုတ်တုတ်ထိုင်နေသတည်း။

ဆန်မထည့်တာကြာသော ဆန်ပုံးနှင့် ပစ္စည်းအသိမ်းဆည်းတော်သောကျွန်တော်၏မဟေသီတို့ တွေ့ကြလေ သောအခါ။ အဲဒါကြောင့်ပြောတာပေါ့ကွာ “ဥစ္စာပျောက် ငရဲရောက်လို့” ရှေးလူကြီးများ ဆိုရိုးစကား မမှားဘူးဟ။ အင်းတော်သေးတာပေါ့ ဆန်ပုံးဟောင်းထဲမှာ မောင်မင်းကြီးသား စတီးဂျိုင့်ကြီးကိုပြန်ရှာတွေ့လို့ သို့မဟုတ်လျှင် ကျွန်တော့မဟေသီ မည်မျှထိအောင် သူတပါးအား ယိုးစွတ်စကားများ ပြောဖြစ်နေမည်မသိပေတကား။
dqmsdxjjoaopwgdwuevteltfpdjcdqhdchc2nlyyj6yqe8c.png

တစ်ချိန်တွင် Power များစွာ ပိုင်ဆိုင်သော၊ Token များစွာ ပိုင်ဆိုင်သော မြန်မာဟိုက်ဗ် ကွန်မြူနတီ အဖွဲ့သားများ ဖြစ်နိုင်ကြပါစေကြောင်း အားပေးမေတ္တာပို့ရင်း - ကျွန်တော်၏ ပိုစ်အား ခေတ္တ ရပ်နားလိုက်ပါမည်။

@nyinyiwin
19.10.21: PM
dqmsdxjjoaopwgdwuevteltfpdjcdqhdchc2nlyyj6yqe8c.png



0
0
0.000
9 comments
avatar

တော်သေးတယ်။ ပြန်တွေ့လို့။ နို့မို့တနုံ့နုံ့ဖြစ်နေရင် ဉစ္စာလည်းပျောက် ငရဲရောက်ဖြစ်မှာ။

0
0
0.000
avatar

ဟုတ်ပဗျာ အမှတ်မထင်ပြန်တွေ့လို့တော်သေးတယ် 😁😃 !PIZZA

0
0
0.000
avatar

ဟုတ်တ် ဥစ်စာပျောက် ငရဲရောက် တာ အမှန်ပဲပေါ့ !PIZZA

0
0
0.000
avatar

အမှန်ပဲဗျာ တကယ်ငရဲတော့ မသိဘူး စိတ်ငရဲကတော့ အဲဒီအခိုက်အတန့် မှာ ရောက်သဗျာ။ !PIZZA

0
0
0.000
avatar
(Edited)

PIZZA! PIZZA! PIZZA! PIZZA! PIZZA!
PIZZA Holders sent $PIZZA tips in this post's comments:
kachinhenry tipped nyinyiwin (x1)
@nyinyiwin(2/10) tipped @htwegyi (x1)
nyinyiwin tipped nweoomon (x1)
nyinyiwin tipped kachinhenry (x1)
htwegyi tipped nyinyiwin (x1)
Learn more at https://hive.pizza.

0
0
0.000
avatar

အဲဒီကိစ္စမျိုးကမှ တကယ် ငရဲရောက်ရတာ.... ဟိုလူ့ ထင်နိုးနိုး.... ဒီလူ့လက်ထဲမှာ နိုးနိုး... အမေးခံရသူကလည်း မေတ္တာ ပို့တာခံရအုံးမှာ.... !PIZZA

0
0
0.000
avatar

အဟုတ်ဗျာ လက်တွေ့ကို ခံစားလိုက်ရတာ အရှင်လတ်လတ်ကို ငရဲရောက်သလို စိတ်ထဲကိုပူလောင်သွားတာပဲ။ !PIZZA

0
0
0.000
avatar

ပြန်တွေ့လို့တော်သေးပ။
!PIZZA

0
0
0.000
avatar

ပြန်များမတွေ့ရင်လေ တကယ်ငရဲရောက်တော့မယ်ထင်ပ သူများကို ယိုးစွတ်မိနေတာလေ။ !PIZZA

0
0
0.000