“ကွီးရွှေနှင့်ဟိုက်ဗ်ကမ္ဘာ ”
“ကွီးရွှေနှင့်ဟိုက်ဗ်ကမ္ဘာ ”
မဂႅလာပါ မြန်မာ-ဟိုဗ်အဖွဲ့သားများခင်ဗျာ။

ဒီနေ့တော့ ကျွန်တော့အတွက် ရွေးချယ်စရာများ အလွန်များပြားနေသဖြင့် ဘာလုပ်လို့ ဘာကိုင်ရမှန်းမသိ ဖြစ်နေရသည်။
ယနေ့ခေတ်ကမ္ဘာကြီးသည် တိုးတက်ထွန်းကားလာသည်နှင့်အမျှ အွန်လိုင်းပေါ်တွင် ငွေရှာကြသော နည်းပညာများသည်လည်း သူ့ထက်ငါ တိုးတက်များပြားလာနေကြသည်။
ကျွန်တော်များငယ်စဉ်က အွန်လိုင်းဆိုသည်မှာ ဘာကိုပြောမှန်းမသိ၊ မှန်သည်ကိုပြောရလျင် ကြားပင်မကြားဖူး ခဲ့ပေ။ လွန်ခဲ့သည် ဆယ်စုနှစ် ၂နှစ်လောက်ကမှ အွန်လိုင်းဆိုသည့် အင်တာနက်စနစ်ကြီးကို စတင်မိတ်ဆက်မိ ခဲ့သည်။ ထိုစဉ်အခါက အင်တာနက်သုံးစွဲရန် လူတိုင်းအတွက် မတတ်နိုင်သော အခြေအနေများရှိခဲ့ကြသည်။ ဥပမာအားဖြင့် အင်တာနက်နည်းပညာကို နားမလည်-မသိမတတ်ခြင်း၊ သုံးစွဲရန် နေရာဒေသမှာ အင်တာနက်ကဖေးများကဲ့သို့ အခကြေးငွေပေး၍ အချိန်ပေးကာ သုံးစွဲရခြင်း၊ နိုင်ငံတော်၏ပညာရေးစနစ်သည် အမှောင်ကျနေခြင်းအားဖြင့် လူငယ်များ အင်တာနက်ကို လူတိုင်းမသိကြခြင်း စသော အကြောင်းများစွာကြောင့် ကျွန်တော်များသည် အင်တာနက်စတင်သုံးစွဲရန် ခေတ်နောက်ကျခဲ့ကြသည်။ ထိုအချိန်က ကျွန်တော်များတွင် ရွေးချယ်ခွင့် နည်းခဲ့ကြသည်။
ယခုခေတ်မျက်မှောက်ခေတ်သည် လူတိုင်းလူတိုင်းနီးပါး အသက်အားဖြင့် under 60 ဆိုလျင် အင်တာနက်ကို ကောင်းစွာ အသုံးပြုနေနိုင်ကြပါသည်။ ထို့အတူ ထိုသုံးစွဲသူတိုင်းသည် ရွေးချယ်ခွင့်များစွာထဲတွင် မိမိတို့ဆိုင်ရာ အားသန်ရာ ရွေးချယ်နေကြရင်း အင်တာနက်ရေစီးကြောင်းတွင် စီးမြောနေကြသည်။ လူငယ်ပိုင်းများသည် ဆိုရှယ်မီဒီယာများနှင့် ဂိန်းများပေါ်တွင်အချိန်ကုန်နေကြသည်၊ လူကြီးအချို့မှာကား ဆိုရှယ်မီဒီယာသုံးခြင်းနှင့် တစ်နေကုန်ဖုန်းပြောနေကြခြင်းတွင် အချိန်ပေးနေကြသည်၊ လူလတ်ပိုင်းများကို ကြည့်ပြန်လျင်လည်း ထိုလူကြီးလူငယ်များကဲ့သို့ အွန်လိုင်းဆိုရှယ်မီဒီယာများ အွန်လိုင်းဂိန်းများနှင့် အွန်လိုင်းချက်တင်းများတွင် အချိန်နှင့်ငွေကြေးများကို ရက်ရောစွာစွန့်ကြဲနေကြသည်ကိုလည်း ရင်နင့်စွာ မြင်တွေ့နေရသည်။
ချွင်းချက်အားဖြင့် မိမိတို့လိုအပ်နေသော ပညာရပ်များကို အင်တာနက်တွင် ရှာဖွေစုဆောင်းလေ့လာနေသော သူများကတော့ ရှိသင့်သလောက်ရှိနေပါသေးသည်။ ထိုသူများအတွက် အင်တာနက်စနစ်သည် အလွန်မှ တန်ဘိုးရှိသော ကမ္ဘာ့ဟင်းလေးအိုးကြီးဖြစ်နေပြန်ပါတော့သည်။
ဤနေ့ခေတ်ကမ္ဘာသည် ရွေးချယ်စရာများ အလွန်များပြားလှသလို အန္တရာယ်များကလည်း လက်တစ်ကမ်းတွင် ရှိနေကြပြန်သည်။ စမတ်ဖုန်းကိုရွေးချယ်လျင် ကမ္ဘာ့နေရာအသီးသီးရှိ မိတ်ဆွေများထံ အချိန်ပိုင်းအတွင်း ဆက်သွယ်နိုင်သလို ထိုစမတ်ဖုန်းဖြင့်ပင် ဖုန်းမျက်နှာပြင်အား တနေကုန်ပွတ်၍ ဂိန်းဆော့ကာ အကျိုးရှိသော အချိန်များဆုံးရှုံးနေကြသော လူငယ်များ ဒုနှင့်ဒေးပါပေ။
ထို့အတူ ကွန်ပျူတာကို ရွေးချယ်သည်ဆိုပါစို့- ထိုကွန်ပျူတာနှင့်ပင် သိလိုတတ်လိုသော ပညာရပ်များအား အွန်လိုင်းချိတ်၍ မိမိနေအိမ်ထဲမှပင် လေ့လာသင်ယူနိုင်ကြသည်၊ ထိုအွန်လိုင်းမှပင် အဆင့်မြင့်သောဘွဲ့များ ရယူနိုင်နေပြီဖြစ်သည်။ ထို့အတူ ထိုကွန်ပျူတာနှင့်ပင် ဂိန်းဆော့ခြင်း၊ အညှီအနှောက်စာပေများ ဖြန့်ဝေခြင်းများအား လွယ်လင့်တကူ လုပ်နေကြပြန်သည်။
ထို့ကြောင့်ပင် ယနေ့ခေတ်ကမ္ဘာကြီးသည် မီးစတစ်ဖက် ရေမှုတ်တစ်ဖက်နှင့် မိမိရွေးချယ်မှုအပေါ် များစွာမူတည်နေပေသည်။
ဆက်လက်၍ ကျွန်တော်များ ဟိုက်အဖွဲ့သားများဆုံတွေ့ရာ ဤဘလော့ချိန်းကြီးအတွင်းမှာပင် ကျွန်တော်တို့အတွက် ရွေးချယ်စရာများ အလွန်များပြားလှသည်။ တခုကောင်းသည်မှာ ကျွန်တော်တို့ မည်သည့်လိုင်းကိုရွေးချယ်သည်ဆိုအုန်းအံ့ ထိုရွေးချယ်မှုနောက်တွင် နည်းပညာနှင့် အားစိုက်ထုတ်မှု ပေါင်းစပ်မိပါက ထိုက်တန်သော ပြန်လည်ရရှိမှုများအား ရရှိနိုင်ကြသေးသည်။

Photo Credit - Hive Blockchain
ဥပမာအားဖြင့် ဟိုက်ဘလော့ချိန်းတွင် စာရေးသားခြင်းမှ ထိုက်တန်သော ဆုကြေးဟိုက်များပြန်လည်ရရှိသည်။ ထို့အတူ ဤဟိုက်ဘလော့ချိန်းတွင်မှာပင် ဝါသနာပါရာ ဂိန်းတစ်ခုအား အချိန်အားငွေအားစိုက်ထုတ်ကာ အားထုတ်ပါက ထိုက်တန်သော ပြန်လည်ရှိမှု rewards များရရှိကြသည်။
အချုပ်အားဖြင့်ဆိုရလျင် ကျွန်တော်များ၏ ရွေးချယ်စရာများပြားလှသော Hive-blockchainကမ္ဘာကြီးပေါ်တွင် ကိုယ်စီကိုယ်စီ ရွေးချယ်အားစိုက်ထုတ်ကြရင်း “တစ်ချိန်တွင်”ဆိုသည့် ယုံကြည်ချက်အားပုံသွင်း အကောင်အထည်ဖော် နေကြသည်။ ယနေ့နည်းပညာခေတ်ကြီးသည် လူတိုင်းအား အကုန်ချပေးထားသော်လည်း လူတိုင်းသည် အကုန်မယူနိုင်ကြချေ။
ကျွန်တော်တို့သည်လည်း လူတိုင်းအတွက်ချပေးထားသောအရာများထဲက ကျွန်တော်တို့ ကိုယ်စီရွေးချယ်မှုဖြင့် ဆက်လက်တိုးတက်သော ဘဝများပိုင်ဆိုင်ရန် ကြိုးစားနေကြသည်။ ကျွန်တော်တို့၏ မှန်ကန်သော ရွေးချယ်မှုသည် နောင်အနာဂါတ်တွင် လက်ဆုပ်လက်ကိုင်ပြနိုင်သော အောင်မြင်မှုများအား ယခုကတည်းမှပင် မြင်ယောင်နေမိပါတော့သည်။
လူတိုင်းအတွက် “တစ်ချိန်တွင်”ဆိုသည်မှာ ရှိသော်လည်း ကျွန်တော်တို့ ဟိုက်အဖွဲ့သားများ၏ “တစ်ချိန်တွင်”နှင့်တော့မတူနိုင်ဆိုသည်ကိုတော့ ကျွန်တော်ကွီးရွှေမှ ရဲရဲကြီး ပြောနိုင်ပါသည်။

တစ်ချိန်တွင် Power များစွာ ပိုင်ဆိုင်သော၊ Token များစွာ ပိုင်ဆိုင်သော မြန်မာဟိုက်ဗ် ကွန်မြူနတီ အဖွဲ့သားများ ဖြစ်နိုင်ကြပါစေကြောင်း အားပေးမေတ္တာပို့ရင်း - ကျွန်တော်၏ ပိုစ်အား ခေတ္တ ရပ်နားလိုက်ပါမည်။
@nyinyiwin
28.10.21: PM

ဟိုက်ကမ္ဘာမှာ ကျွန်တော့အတွက် တစ်ချိန်တွင်က ရှယ်ပါဝါကြီး ပိုင်ဆိုင်လိုတာဗျ။
Good !PIZZA
PIZZA Holders sent $PIZZA tips in this post's comments:
nyinyiwin tipped kachinhenry (x1)
htwegyi tipped nyinyiwin (x1)
nyinyiwin tipped htwegyi (x1)
nyinyiwin tipped nyimwa (x1)
kachinhenry tipped nyinyiwin (x1)
@nyinyiwin(7/10) tipped @uthantzin (x1)
Learn more at https://hive.pizza.
အဲဒီ အောင်မြင်မှုဟာ Hive Power ရှိထားပါမှ ကိုရွှေဘိုရေ....!PIZZA
ဟုတ်ပါတယ်ဗျာ HP တိုးတက်ရေး ကြိုးစားနေပါတယ်ဗျ။ !PIZZA
ဒီနေ့တော့ hive power တွေအကြောင်း ပြောနေကြတာပါလား။
!PIZZA
အရေးကြီးဆုံးဆိုတော့ သတိပေးနေရတော့တာပေါ့ဗျာ။ !PIZZA
Hive power တွေ အများကြီး ပိုင်ဆိုင်နိုင်ပါစေဗျာ...!PIZZA
ပေးသောဆုနဲ့ အခုချက်ချင်းပြည့်ပါရစေဗျာ 😁❤️😁 !PIZZA