“ကွီးရွှေနှင့် ရှဲဒိုးသရော်စာ”

avatar

“ကွီးရွှေနှင့် ရှဲဒိုးသရော်စာ”

image006.jpg

မဂႅလာပါ မြန်မာ-ဟိုဗ်အဖွဲ့သားများခင်ဗျာ။
ခုရက်ပိုင်းအတွင်း ကျနော်ကွီးရွှေသည်လဲ ဟိုပြေးဒီပြေးနဲ့ အချိန်ကုန်နေခဲ့ရတယ်။ စီးပွားရေးမဟုတ်သော ဝမ်းစာရေးအတွက် ဗျောက်သံများကြား ဖွေရှာအသက်ဆက်နေရတဲ့ ကိုယ်လိုသူလိုဒုက္ခသည်များ ဘယ်လောက်ပင် များလိုက်လေမလဲ တွေးသာကြည့်တော့ ဟိုက်ဗ်အဖွဲ့သားတို့ရေ။ သို့ကလိုကြောင့် ကျွန်တော်ကွီးရွှေ “အမွေ” ဝတ္ထုတိုလေးပီးတော့ မယ်မယ်ရရ စာမရေးနိုင်သေးဗျ။

သို့ပေမင့် တစ်ရက်တစ်ပုဒ်တော့ ရေးတင်မှဆိုတဲ့ သံယောဇဉ်လေးနဲ့ တော်လှန်ရေး အဘိဓာန်ကိုဖွင့်လှစ်ပီး နီးစပ်ရာ နယ်မြေများမှ တက်လာသော ဘယ်ရီဖိုင်းကော အန်ဘယ်ရီဖိုင်းကော စုံလင်သော သတင်းတိုထွာများကို ကျနော်ကွီးရွှေမှ မစ်စတာကျူလိပေါင်(ဖေ့ဘုတ် အကျော်ဒေးယ ပရော်ဖက်ရှင်နယ်သရော်စာ ရေးသားသူ)၏ အချက်အလက်တို့အား ကိုးကားကာ အင်းငါလဲ ဒီလိုသရော်စာလေးများ ဖြတ်ညှပ်ကပ် ဖန်တီးရေးလိုက်ရင် ရနိုင်တာပဲ ဆိုတာစိတ်ကူးမိပီး တနေ့က စမ်းသပ်တစ်ပုဒ်ရေးတင်လိုက်ပါတယ်ဗျား။

နိုင်ငံရေးဆိုတာ ကွီးရွှေဘဝမှာ ဘာမှန်းမယ်မယ်ရရ မသိပါဘူးဗျာ။ နီးစပ်ရာ စာများ၊ ပေ့ချ်များ၊ ဘလော့များအား ဝင်ရောက်ဖတ်ရှုရင်း ဤသည်ကားအမှန် ဤသည်ကားအမှား ဤသည်ကား မဖြစ်နိုင် ဤသည်ကား ဖြစ်နိုင်ကောင်းပါ၏ ရယ်လို့ ကိုယ့်အသိစိတ်လေးနဲ့ကိုယ် ဝေဖန်ပိုင်းခြားပီး နားလည်ထားတာလေးတွေကို ပြန်လည်ဖောက်သည်ချခြင်းသာ သို့ပါ၍ အမှားအယွင်းများ ပါသည်ဆိုပါက နားလည်ပေးကာ ကျော်ခွသွားကြပါရန်လည်း ကြိုတင်ထပ်လောင်း ပန်ကြားအပ်ပါသည်ဗျ။

သို့ကလို နိဒါန်းလေးများ ပန်ကြားအပ်ပီးသကာလ ကျွန်ုပ်ကွီးရွှေ ရံဖန်ရံခါ နိုင်ငံရေးနှင့်ဆိုင်သော သရော်စာလေးများ ရေးဖြစ်ပါမည်ဆိုသည့်အကြောင်း သတင်းကောင်းပါးလိုက်ပါသည်ခင်ဗျား။

dqmsdxjjoaopwgdwuevteltfpdjcdqhdchc2nlyyj6yqe8c.png
တစ်ချိန်တွင် Power များစွာ ပိုင်ဆိုင်သော၊ Token များစွာ ပိုင်ဆိုင်သော မြန်မာဟိုက်ဗ် ကွန်မြူနတီ အဖွဲ့သားများ ဖြစ်နိုင်ကြပါစေကြောင်း အားပေးမေတ္တာပို့ရင်း - ကျွန်တော်၏ ပိုစ်အား ခေတ္တ ရပ်နားလိုက်ပါမည်။

@nyinyiwin
10.10.21: PM
dqmsdxjjoaopwgdwuevteltfpdjcdqhdchc2nlyyj6yqe8c.png



0
0
0.000
11 comments
avatar

စောင့်မျှော်အားပေးနေပါတယ်။

0
0
0.000
avatar

စောင့်ရကြိုးနပ်စေရမယ်ဗျာ။ !PIZZA

0
0
0.000
avatar

Congratulations @nyinyiwin! You have completed the following achievement on the Hive blockchain and have been rewarded with new badge(s) :

You got more than 5750 replies.
Your next target is to reach 6000 replies.

You can view your badges on your board and compare yourself to others in the Ranking
If you no longer want to receive notifications, reply to this comment with the word STOP

0
0
0.000
avatar

ရေးတော့ဖတ်ရတာပ
!PIZZA

0
0
0.000
avatar

အဟေး အားပေးသူရှိတော့ အားရှိသဗျ။ !PIZZA

0
0
0.000
avatar
(Edited)

PIZZA! PIZZA! PIZZA! PIZZA! PIZZA! PIZZA!
PIZZA Holders sent $PIZZA tips in this post's comments:
nyinyiwin tipped htwegyi (x1)
kachinhenry tipped nyinyiwin (x1)
htwegyi tipped nyinyiwin (x1)
@nyinyiwin(8/10) tipped @uthantzin (x1)
nyinyiwin tipped kachinhenry (x1)
uthantzin tipped nyinyiwin (x1)
Learn more at https://hive.pizza.

0
0
0.000
avatar

စောင့်မျှော်လျက်ပါလို့။ !PIZZA

0
0
0.000
avatar

စောင့်ရကျိုးနပ်စေရမယ်ဗျာ 😊 !PIZZA

0
0
0.000
avatar

ဘယ်ရီဖိုင်းကော အယ်ဘယ်ရီဖိုင်းကောလို့ ပြောထားပြီပဲ မည်သို့ပင်ဖြစ်စေ အားပေးစောင့်မျော်နေပါ့မယ်။ !PIZZA

0
0
0.000
avatar

အဲလိုကြိုပြောထားမှဖြစ်မှာဗျ ဒီကာလ သတင်းစကားဆိုတာ ချင့်ချိန်နေရတာ။ !PIZZA

0
0
0.000