“အပြောကျယ်တဲ့ ယောနယ်"

avatar

“အပြောကျယ်တဲ့ ယောနယ်နှင့် ပို့ကုန်လုပ်ငန်းရှင်ကြီးအကြောင်း”

မဂႅလာပါ မြန်မာ-ဟိုဗ်အဖွဲ့သားများခင်ဗျာ။
img_20180804_102247.jpg

အော်ငါ့နှယ် မပြောလိုက်ချင်ဘူး-- ပြောပါဗျ -- အေးပါ ပြောချင်လို့ အစပျိုးနေတာပါဟ။ ကဲဆိုစမ်းပါအုန်း ဘာတွေ ပြောချင်လို့ အစချီနေတာတုန်းဗျ။ ဒီလိုကွာ “နုဂျီ”နဲ့ “ဘိုတု”ရဲ့ “စကစ”ဟာဆိုရင် ပြောရရင်ဖြင့် “မီးဝင်မီးထွက်”ပါကွာ။ ဟမ်- ဘယ့်နှယ်စကားကြီးတုန်း ကွီးရ။ အေးလေကွာ မင်းပဲ စဉ်းစားကြည့် ငတို့ နုဂျီက မီးတွင်းထဲကထွက်လို့ တဖြည်းဖြည်း လူလားမြောက်လာချိန် ဒင်းတို့စကစကြီးက မီးတုတ်ကိုင်ပီး သင်းချိုင်းဆီ ဝင်သွားတဲ့အဖြစ်လေကွာ။ အင်း- ဟုတ်သားပဲ ခုမှပဲရှင်းတော့တယ်။

ဒါနဲ့ ကွီးရေ ဟိုတစ်လောက ချင်းတောင်ကိုတက်သွားတဲ့ ပို့ကုန်အတန်းကြီး ဘယ့်နှယ်လဲဗျ ကျုပ်ဘာသတင်းမှ မကြားလို့။ ဟာ-မင့်နှယ် ၂၁ရာစုနေပီး တုန်းပကွာ- လူတိုင်းသိတယ်ဟ။ မင့်မသိသေးရင်ပြောရတာပ။ ပြောစမ်းပါဗျာ ကျုပ်က ဒီ”ခပ်တွေး”တွေ ယမမင်းဆီအခစားဝင်တဲ့သတင်းကြားရမှ စားဝင်အိပ်ပျော်တာဗျ။ အေးလေ ရှေ့ရှောက်စားဝင်အိပ်ပျော်လို့ ဝလာမှာ စိုးရိမ်နေရမယ် နားထောင် အဲနေ့ကမနက်စောစောကြီး ကိုးလောင်းကွေ့မှာ အလောင်းတွေထပ်သွားတယ်လေကွာ။ အစီး၈၀ကျော် ဆိုတာ နည်းတဲ့ အင်အားလားကွာ တို့စစ်ကိုင်းနယ်ကို ချဲလင့်လုပ်ချင်တာကိုးကွ။ ဗျာ -အစီး၈၀ကျော် --တော်တော်လေး ဆုဆောင်းလာပီး တက်လာတာထင်ပကွီးရေ။ အေးလကွာ ဒါ့မို့ပဲ ဘိုတုခမျာ နောက်ထပ်နာမည်တစ်လုံးထပ်တိုးတယ်လေ “ပို့ကုန်လုပ်ငန်းရှင်”တဲ့ ဟဟဟ။ အဟေး ဆက်ပါအုန်းဗျ အဲ့ယာဉ်တန်း ဘယ်လိုများ ခရီးဆက်ကြတုန်း။

အင်း အလောင်းတော်ကဿပနယ်မြေကို ဖိရှင်းဖို့လို့ အစောကထင်တာကွ ဒါပေမယ့် ပညာရှင်တွေ ပြောကြတာက ယောတို့၊ ချင်းတို့ဆီ တက်မယ်ထင်တယ်ဆိုပဲ။ အလိုလေး ခရီးက နီးနီးပဲ အခုမှ စစ်ကိုင်းပုလဲနယ်စပ်ပဲရှိသေးဗျ။ အေးလေ အာ့မို့ပဲ ပုလဲက ဗိုလ်နဂါးက တက်ပြတ်ကို နားကားအောင် ဆော်ပေးလိုက်တာလေ ကိုးလောင်းကွေ့မှာ ပဒေသာ၂၇လုံးတွဲ သံစုံတီးဝိုင်းနဲ့ ဧည့်ခံလိုက်တာ အလောင်းတောင်လိုပုံ ပို့ကုန်သွင်းကုန် အထမြောက်သွားတာပေါ့ကွာ။ အထိနာသွားလို့ အဲနားက နဂါးမတောင်မှာ ငုတ်ရိုက်ပီး အောက်မဆင်းရဲ ဆက်လဲမတက်ရဲ နေပူခံ စာခြောက်ရုပ်များ ဖြစ်နေကြတာပ။

နေပါအုန်းဗျ ကျုပ်ထမင်းခူးလိုက်အုန်းမယ် ဟင်းမပါလဲ ကွီးပြောတာနဲ့တင် ခံတွင်းမိန်သဗျို့။ အေး အဲ့ကနေ ဆက်တက်ကြပြန်ရော နောက်ထပ်တောင်တကြော နလန်တောင်ဆိုပဲ နွားတောင်လန်ကျတဲ့တောင်လေ ဟားဟား အဲ့မှာ ခပ်တွေးတစ်သိုက် လန်ကျပြန်တာပေါ့ကွာ မိုင်းဆွဲ မောင်းပြန် နဲ့ အသားနီလန်အောင်ဆော်ပေးလိုက်ကြတာ ခွက်ခွက်လန်အောင် သေကြဆိုပဲ။ အင်းဗျာ စားကောင်းတာ ဆက်အုန်းဗျို့။

အေးဟေ့ ဖတ်စ်ရောင်း-စက်ကင်းရောင်းတွဲတွေ ဆက်တိုက်ဆွဲခံရတာပေါ့ကွာ နောက်အရောင်းတွေက လည်း အဆင်သင့်ပဲမောင်ရေ။ မင်းစဉ်းစားသာကြည့် ပုလဲကနေ နဂါးမတောင်၊ နလန်တောင်ဆိုတာ မင့်သာဂိုဂီးလ်မက်ဖွင့်ရှာကြည့် အကွာအဝေးအရဆို ၁နာရီခရီးစာပဲရှိတာကွ၊ မင်းလဲသိပါတယ်လေ ပုံတောင်၊ပုံညာတောင်ဆိုတာ ခေတ်အဆက်ဆက်သမိုင်းတွင်တဲ့တောင်တွေကွ။ ဒီတောင်တန်းကြီးအဆုံးအစကို ဘယ်သူမှ မသွားဘူးကြဘူး ကြီးလိုက်တဲ့ တောင်တန်းနဲ့တောကြီးပါကွာ။

တို့လူငယ်လေးများကတော့ မိခင် ပုံတောင်ပုံညာတောင်ကြီးကို မှီခိုပီး အင်အားစုစည်းနေကြပီလေ။ ဒီပုံအတိုင်းဆက်သွား ဒင်းတို့လေ ဂန့်ဂေါမပြောနဲ့ ငတို့အညာ ပုံတောင်ပုံညာနဲ့တင် ဖွတ်ဖွတ်ကြေပီပေါ့ကွာ။ ပဒေသာတွေ အသေအချာ ဆင်ထားမှာတော့ သေချာပီလေ ခပ်တွေးတစ်သိုက် ပြိုက်ကနဲပြိုက်ကနဲ မုန့်ဟင်းခါးပေါ့ကွာ။

ဒီကောင်တွေက Armed vehicle တွေအားကိုးနဲ့ စွတ်တိုးတာကွ။ ဟုတ်ပကွီးရေ။ ဟားဟား ဒုတိယကမ္ဘာစစ်က နည်းဗျူဟာပေါ့ကွာ၊ ဒါကိုကြည့်ရင် ဦးဏှောက်ပလိန်းတွေဆိုတာထင်ရှားတယ်ကွ မင်းလဲအသိလေကွာ ၂စီး၃စီး ယာဉ်တန်းဆိုရင် အမြီးတန်းအောင် မောင်းပြေးလို့ရပေမင့် ခုလို ယာဉ်တန်းရှည်ကြီးကြတော့ မင့်အမ်းဘယ်ရီကယ်လဲ ပဒေသာအတွဲထဲမှာ လိပ်ပက်လက်လန်ထားသလိုပကွာ။

ဒီ့အရင်နေ့ကလဲ ကယားမှာ လန်ကျတာလဲ ပူပူနွေးနွေးပဲရှိသေးတာ။ စစ်ကြောင်းမှုးတွေ တိုင်ပါတ် စက်ဆီအက ကနေကြရောပေါ့ကွာ။ အင်းလေ ဒင်းတို့လဲ သေချာစဉ်းစားကြည့်ရင် ဘိုတုကိုယ်တိုင်ကိုက သူတို့အတွက် ဒလန်အကြီးစားကြီး ဖြစ်နေပါပေါ့လား သူကိုယ်တိုင်က တပ်ပြုတ်ဖြစ်အောင်လုပ်နေတာထင်ပ။ စစ်မတိုက်တတ်တဲ့ စစ်ခေါင်းဆောင် ဉာဏ်ကအတော်နဲသကိုး။

ကွီးပြောမှပဲ ထမင်းလဲစားကောင်း ဗိုက်လဲဝပီ အချိုတည်းလေးပါမကျန် ချန်မထားပါနဲ့ ပြောပါအုန်းဗျ။ မင့်အတွက်အချိုတည်းဘို့က တို့ရဲ့ ယောနယ်စကားလေး လက်ဆောင်ပါးလိုက်မယ်လေ- “အပြောကျယ်တဲ့ ယောနယ်မှာ အိုဘယ့်သေငယ်ဇောနဲ့မျောပေအုန်းတော့ ဘိုတုရေ”---။
image.png

။ခက်ဆစ်အဖွင့်။
နုဂျီ=NUG / ဘိုတု=ဘုတို / တက်ပြတ်=တပ်ပျက် / စကစ=စစ်ကောင်စီ / ခပ်တွေး=ခွေးတပ် ။
ဆိုစ်- မစ်စ်တာကျူလိပေါင် ဖေ့ဘုတ်အင်ပါယာ အားမှီငြမ်းကိုးကားပါသည်။

dqmsdxjjoaopwgdwuevteltfpdjcdqhdchc2nlyyj6yqe8c.png
တစ်ချိန်တွင် Power များစွာ ပိုင်ဆိုင်သော၊ Token များစွာ ပိုင်ဆိုင်သော မြန်မာဟိုက်ဗ် ကွန်မြူနတီ အဖွဲ့သားများ ဖြစ်နိုင်ကြပါစေကြောင်း အားပေးမေတ္တာပို့ရင်း - ကျွန်တော်၏ ပိုစ်အား ခေတ္တ ရပ်နားလိုက်ပါမည်။

@nyinyiwin
9.9.21: PM

dqmsdxjjoaopwgdwuevteltfpdjcdqhdchc2nlyyj6yqe8c.png



0
0
0.000
8 comments
avatar

မြို့ကြီးတွေသာဂန်ကျယ်နေတာ။ နယ်ဘက်ကျ အလောင်းတောင်မြင်မကောင်းဘူး။

0
0
0.000
avatar

ဟုတ်ပဗျာ နယ်တွေကတော့ အပီဆော်နေကြတာပဲ မြို့ပေါ်တွေလဲ ချနေကြပါပီဗျ။ !Pizza

0
0
0.000
avatar

အမယ်ငီး ရေးချက်က ကျူမီကွီးပ။
!PIZZA

0
0
0.000
avatar

အရှိန်တက်သွားတာ 😂😁😊 !PIZZA

0
0
0.000
avatar

နယ်ဘက်တွေမှာတော့ အရှိန်ကောင်းဆဲပေါ့ မြို့ကြီးပေါ်တွေလည်း အရှိန်တက်လာမယ်ထင်ပါတယ်။ !LUV

0
0
0.000
avatar

ဟုတ်တယ်ဗျ မြို့ကြီးတွေသာ နယ်လက်လို အရှိန်ရလာရင် ပွဲပီးပီပ။ !PIZZA

0
0
0.000