“အမွေ-၂” (ဇာတ်သိမ်း)

avatar

image006.jpg

“ငုတ်မိသဲတိုင် တက်နိုင်ဖျားရောက်” ယောကျ်ားတို့ဇွဲ သေခါမှလျော့မယ်ဟဲ့ဆိုပီး စိတ်အားတင်းကာ ပစ္စည်းဟောင်းများ တောင်လိုပုံနေသည့်ကြား ချွေးတစ်လုံးလုံးနှင့်ရှာနေမိသည်။ ပစ္စည်းဟောင်းများမှာ စုံစိနေသည် ရှေးဟောင်းမီးအိမ်များကိုပင်တွေ့ရသည်။ ကားဘော်ဒီ တပိုင်းတစများ၊ စက်ဘီးဟောင်းများ၊ မီးကြိုးခွေ အဟောင်းများ၊ သံဇလုံကြီးများ၊ သံလမ်းပြတ်များ၊ စသည်စသည်ဖြင့် ကျွန်တော်မြင်ဘူးသမျှ ပစ္စည်းအဟောင်းများတွင် ဤနေရာလောက် စုံမည်မထင်။ အလွန်မှ များပြားလှသော ပစ္စည်းပုံများကို ပါတ်ကာကွင်းကာ၊ ငုံ့ကာကျော်ကာနှင့် ဂိုထောင်ကြီး တစ်ဝက်ကျိုးသွားသည် ဖခင်ကြီး၏ စက်ဘီးဟောင်းကို မတွေ့ရသေး။

ပင်ပန်းလွန်း၍ ဂိုထောင်အပြင်ထွက်ရေသောက်လိုက် တဖန်ပြန်ဝင်သွားကာ ရှာလိုက်နှင့် တစ်နေ့တာကုန်ဆုံး သွားသည် ဂိုထောင်ကြီးအတွင်း နေရာအကုန်မရှာနိုင်သေးပေ။ ညနေလည်းစောင်းပီဖြစ်၍ ဒီတစ်နေ့တာတော့ လက်လျော့ရတော့မည်။ မည်သို့ပင်ဖြစ်စေ ကျွန်တော်၏ မသိစိတ်တွင် ဒီဂိုထောင်ကြီးထဲမှာ ဖခင်ကြီး၏ စက်ဘီးဟောင်းရှိကိုရှိရမည်ဟု ယုံကြည်နေမိသည်။ “နောက်နေ့မနက်စောစောမှ ကျနော်ပြန်လာရှာမယ် အကိုကြီးရေ ဒီနေ့တော့ ကျွန်တော်နားမှဖြစ်တော့မယ်၊ မှောင်လဲမှောင်လာနေပီဗျ”ဟု ပစ္စည်းဟောင်း ဆိုင်ပိုင်ရှင်ကို တောင်းပန်စကားဆိုမိသည်။ သဘောကောင်းသော ဆိုင်ရှင်ကြီးမှလည်း “ရပါတယ်ဗျာ မိဘအမွေပစ္စည်းကိုတွေ့အောင်ရှာမယ်ဆိုတဲ့ စိတ်ဓါတ်လေးကို ကြိုက်လို့ ညီလေး ဘယ်ချိန်လာလာ အချိန်မရွေးလာရှာ အကို့ဂိုထောင်က အမြဲဖွင့်ထားတယ်”ဟု ကြည်ဖြူစွာ ခွင့်ပေးလေသည်။

သို့နှင့် နောက်နေ့မနက်စောစော နံနက်စောစော တီးဆွဲပီးသည်နှင့် ပစ္စည်းဟောင်းဂိုထောင်ကြီးထံသို့ ချီတက်ခဲ့သည်။ ဒီနေ့တော့ ဘယ်လိုအကြောင်းပဲရှိရှိ အဖေ၏စက်ဘီးဟောင်းကြီးကို တွေ့အောင်ရှာမည်၊ ဒီဂိုထောင်ကြီးထဲမှာ သေချာပေါက်ရှိရမည်ဟုလည်း ကျွန်တော်၏စိတ်ထဲတွင် အလိုလိုသိနေသလိုခံစား နေရသည်။ သို့နှင့် ပိုးအိမ်များ ဖုန်များနှင့် သံချေးတက်နေသော ပစ္စည်းအပုံအပျက်များကြား တစ်နေရာပီးတစ်နေရာ မျော်လင့်ချက်ကြီးစွာဖြင့် အားခဲကာ ရှာဖွေနေမိသည်။

နေ့လည်ပိုင်း ထမင်းစားချိန်ပင်ကျော်သွားသော်လည်း ကျွန်တော်၏ရှာဖွေခြင်းသည် မပီးဆုံးသေး ရှာဖွေနေဆဲ။ ဖုန်အလိမ်းလိမ်းနှင့် ကျွန်တော့အားကြည့်၍ ဆိုင်ရှင်လူကြီးမှ အတော်ဇွဲကောင်းတဲ့လူပဲ သူရှာနေတဲ့ သူ့အဖေစက်ဘီးဟောင်းရှာတွေ့ပါစေလို့ မှတ်ချက်ပေးစကား၊ ဆုတောင်းစကား၊ အားပေးစကားတို့အား သူ၏အလုပ်သမားများနှင့် တီးတိုးပြောနေသသံသဲ့သဲ့ကို ကျွန်တော်ကြားလိုက်မိသည်။ အချိန်တို့သည် အကုန်မြန်သည့်အလား ညနေပင်စောင်းလာခဲ့ပီ ကျွန်တော်တွေ့ချင်သော အရာသည် ယခုထိ မတွေ့ရသေး။

ပစ္စည်းဟောင်းဂိုထောင်ကြီး၏ အဆုံးသို့တိုင်အောင် ရှာဖွေပီးစီးသွားသော်လည်း ကျွန်တော်၏ပန်းတိုင် အဖေ့အမွေစက်ဘီးဟောင်းကြီးကိုကား ပုံစံတူအမျိုးအစားပင်မတွေ့ရပေ။ ကျွန်တော်သည်လည်း ပင်ပန်းလွန်းသဖြင့် ပစ္စည်းအဟောင်းအပုံပျက်ကြီးတစ်ခုပေါ်တွင် ခြေပစ်လက်ပစ်ထိုင်နေမိသည်။ မိမိမျော်လင့်ထားသလိုမဖြစ်လာသောအခါ စိတ်ပျက်ခြင်း၊ အလိုမကျခြင်း၊ စိတ်သောကရောက်ရခြင်းများ တစ်ပြိုင်တည်းခံစားရရင်း ငိုင်တွေကာ ထိုင်နေမိသည်။ ချွေးသံတရွှဲရွှဲ ဖုန်အလိမ်းလိမ်းနှင့် စိတ်ပျက်အားငယ်စွာထိုင်နေသော ကျွန်တော့်အား ဆိုင်ရှင်လူကြီးမှ “ဘယ်လိုလဲငါ့ညီ မင့်ရှာနေတာ မတွေ့သေးဘူးလား” “ဟုတ်တယ်အကိုကြီးရာ အခုထိရှာမတွေ့ဘူး၊ ဒီဂိုထောင်ထဲမှာ မရှိလို့နေမှာပါဗျာ၊ ကျွန်တော်နေရာလပ်မကျန်အောင် သေချာရှာထားတာဗျ”ဟု ကျွန်တော်မှ စိတ်အားလျော့လေသံဖြင့် ပြန်ဖြေမိသည်။
ဆိုင်ရှင်လူကြီးလည်း ကျွန်တော့်အားကြည့်ကာ စိတ်မကောင်းဖြစ်နေသည်။ “အေးကွာ ငါ့ညီလေးရှာနေတဲ့ ပစ္စည်းကို အကိုတို့လဲ ရှာတွေ့စေချင်ပါတယ် စိတ်မကောင်းဘူးကွာ”။ . . . ကျွန်တော် တို့နှစ်ဦးတိတ်ဆိတ်နေမိသည် ကျွန်တော်မှာ စိတ်ပျက်အားငယ်ခြင်းနှင့် ဝမ်းနည်းခြင်းများခံစားနေရရင်း တိတ်ဆိတ်နေမိသလို၊ ဆိုင်ရှင်လူကြီးမှာလည်း နောက်ထပ်ဘာပြောရမှန်းမသိဖြစ်ကာ တိတ်ဆိတ်နေမိကြသည်။ “ကဲဗျာ အကိုတို့လဲ အများကြီးကူညီပေးခဲ့တာပဲ ရှာမတွေ့တာ ကျွန်တော့ကံပေါ့ဘယ်တတ်နိုင်မလဲ” ကျွန်တော်၏ စကားကို ဆိုင်ရှင်လူကြီးသည် မကြားသည့်အလား တွေတွေကြီး ကြည့်နေရင်း တစ်စုံတစ်ခုကို စဉ်းစားနေသည်။

img_20211005_152459.jpg

img_20211005_152541.jpg

“အေးကွာ ဒီမှာရှာမတွေ့ရပေမယ့် နောက်တစ်နေရာရှိသေးတယ်၊ မျော်လင့်ချက်တော့နည်းတယ် ငါ့ညီရှာကြည့်အုန်းမလား” ရုတ်တရက်ဆိုသလို ပြောလာသောသူကားကြောင့် ကျွန်တော်၏မျက်နှာတွင် မျော်လင့်ချက်ရောင်ခြည်များ ထပ်မံလင်းလက်လေတော့သည်။ “ဟင်နောက်ထပ် ပစ္စည်းဟောင်းတွေ ရှိသေးတာလားဗျာ၊ရှိသေးရင်တော့ ကျွန်တော်ရှာကြည့်ချင်သေးတယ်” “ဒီမှာတော့မဟုတ်ဘူးကွ အကို့နှမ တစ်ယောက်အိမ်မှာ တစ်ချို့ပစ္စည်းကောင်းတာ၊ လတ်တာလေးတွေ သေချာရွေးထုတ်ထား သပ်သပ်သိမ်းထားပီး ရောင်းတဲ့အိမ်မှာ ရှိနိုင်သေးတယ်ငါ့ညီရေ” “လာကွာအချိန်ရှိသေးတယ် အကိုလိုက်ပို့မယ်”ဟု ဆက်တိုက်ပြောလာသည်။ ဆိုင်ရှင်အကိုကြီးသည် တစ်စုံတစ်ခုကို စိတ်ပိုင်းဖြတ်လိုက်ပီး ကျွန်တော့အား အဆုံးစွန်ထိ ကူညီနေခြင်းဖြစ်မည်ဟု ကျွန်တော်စိတ်ထဲမှ အလိုလိုနားလည်ရင်း “ဟုတ်ဟုတ်အကိုကြီးရေ ခုလိုကူညီပေးတာ ဝမ်းသာတယ်ဗျာ ပစ္စည်းသာရှာတွေ့ရင် အကို့ကျေးဇူးမမေ့ပါဘူး” “ကဲပြောနေကြာတယ် သွားစို့ဟေ့” ဒီလိုနဲ့ ကျွန်တော်လည်း ဆိုင်ရှင်လူကြီး၏ နှမဆိုသူ၏ ပစ္စည်းတစ်ပါတ်ရစ်ပြန်ရောင်းသော ဆိုင်လေးသို့ ရောက်ရှိခဲ့သည်။

ထိုဆိုင်လေး၏ နောက်ဖေးတွင် ဆိုင်ရှင်အကိုကြီး၏ ဂိုထောင်ကြီးလောက်မကြီးသော်လည်း အဖီလေးချထားကာ ပစ္စည်းဟောင်းအကောင်းတော်တော်များများအား သူ့အကန့်နှင့်သူ စီထပ်ထားသည်ကို စီစီရီရီတွေ့ရသည်။ ဆိုင်ကယ်အဟောင်းများ၊ ကားဘီးခွေအဟောင်းများ၊ ကက်ဆက်၊ ဓါတ်ဘူး၊ ထမင်းပေါင်းအိုး၊ တီဗီအချို့နှင့်အတူ စုံလင်သော အဟောင်းကောင်းများကို တွေ့ရသည်။ ကျွန်တော်ရှာလိုသော စက်ဘီးဟောင်းများကိုကား နံရံတစ်ဖက်ခြမ်းတွင် စက်ဘီးများအား အတန်းလိုက်ဘေးတိုက်စီထားသည်။ “ဒီမှာရှာဟေ့ငါ့ညီ အားမနာနဲ့” ဆိုင်ရှင်လူကြီး၏ စကားမဆုံးခင် ကျွန်တော်မှာ စက်ဘီးတန်းကြီးထံ အပြေးတစ်ပိုင်းသွားကာ ကျွန်တော်၏ ရှာဖွေခြင်းအား စပါတော့သည်။ နေလည်းဝင်သွားပီ သို့သော် ဆိုင်လေးထဲတွင် မီးလုံးများ သေချာတပ်ဆင်ထား၍ နေ့ခင်းအလား ကောင်းစွာမြင်ရသည်။ ကျွန်တော်သည်လည်း စက်ဘီးဟောင်းများထဲမှ တစ်စီးပီးတစ်စီး သေချာကြည့်ရင်း အဖေ၏ စက်ဘီးဟောင်းကြီးကို ရှာဖွေနေမိတော့သည်။

စက်ဘီးအတန်းကြီးထဲမှာ ကုန်းကုန်းကွကွနှင့် ရှာဖွေလာသည်မှာ အတော်ပင်ခရီးပေါက်လာသည်။ စက်ဘီးတန်းကြီး၏ အလည်လောက်တွင် ကျွန်တော်သည် စက်ဘီးတစ်စီးအား သေချာစေ့စေ့စပ်စပ်ကြည့်ရင်း တွေတွေကြီးရပ်နေသည်ကို ဆိုင်ရှင်လူကြီးနှင့် သူ၏နှမဆိုသူတို့မှ လှမ်းကြည့်ရင်း “ဘယ်လိုလဲ ကိုယ့်လူ ရှာတွေ့ပီလား”ဟုကျွန်တော့ပုခုံန်းအား ရင်းရင်းနှီးနှီးပုတ်ရင်းပြောလာသည်။ ကျွန်တော် ဘာမှစကားပြန်မပြောမိ ထိုစက်ဘီးတစ်စီးကိုသာ စိုက်ကြည့်ရင်းတွေတွေကြီးရပ်နေသည်။

img_20211005_152651.jpg

ကျွန်တော့ပုံစံကို အကဲခတ်ရင်း ဆိုင်ရှင်လူကြီး သဘောပေါက်သွားသည်ထင့် “အင်းနောက်ဆုံးတော့ တွေ့ပီပေါ့လေ၊ ဝမ်းသာလိုက်တာကွာ မင်းဆန္ဒပြည့်ပီပေါ့”။ ကျွန်တော့ကိုယ်စား ဝမ်းသာနေသော ဆိုင်ရှင်လူကြီးအား မျက်ရည်စများ ရစ်သီနေသော မျက်လုံးအစုံဖြင့် ကျွန်တော်မှ “ဟုတ်တယ်အကိုကြီးရေ ဒီစက်ဘီးပါပဲ ကျွန်တော့တစ်ဘဝလုံး ရင်းနှီးခဲ့တဲ့ ဒီစက်ဘီးကို ကျွန်တော်သေချာသိတယ်အကို” “ငါလည်းမင်းကိုယ်စားဝမ်းသာတယ်ကွာ ကဲငါ့ညီ မင်းဒီစက်ဘီးကို အကို့ကတိအတိုင်း အဟောင်းဈေးနဲ့ပဲပေးလိုက်မယ်၊ တစ်ကယ်ဆို အကိုက အလကားပေးချင်တာ ဒါပေမယ့်..” “ဟုတ်ကဲ့ ကျနော်နားလည်ပါတယ်ဗျာ အကိုတို့လဲ အချိန်နဲ့ ရင်းနှီးငွေတွေ စိုက်ထုတ်ထားရတာဆိုတော့ ကျနော်ကျသင့်တဲ့ငွေပေးပါမယ်” “ကျွန်တော်လိုချင်တဲ့ ဒီစက်ဘီးကို အကိုတို့ဆီမှာ ရှာတွေ့တယ်ဆိုတာကိုက ကျွန်တော့ကံအလွန်ကောင်းနေလို့ပါ၊ ဒီမှာသာမတွေ့ရင် ကျွန်တော် ဘယ်ဆီဘယ်ဝယ် လိုက်ရှာရမယ်မသိ နိုင်အောင်ပါပဲဗျာ” -- ။

ဤသို့နှင့် ကျွန်တော့ဖခင်ကြီး၏ ရီလေးအမှတ်တံဆိပ်နှင့်စက်ဘီးဟောင်းကြီးအား ယူဆောင်ကာ အိမ်သို့ပြန်ရောက်ခဲ့သည်။ အိမ်အဝင်ဝတွင်ကားကျွန်တော်ပြန်အလာကို မျှော်နေသော အမေ----။

img_20211005_152609.jpg

(ဤတွင် ကျွန်တော်၏ အဖေ့အမွေ ဝတ္ထုတိုလေးအား ဇာတ်သိမ်းလိုက်ပါမည်။ ကျွန်တော်ရေးချင်သည်က ခံစားမှုရသများနှင့် အရှည်ကြီးရေးလိုသော်လည်း အားပေးသူမိတ်ဆွေများ ပျင်းသွားမည်စိုး၍ ဤတွင်ဇာတ်သိမ်းပေးလိုက်ပါသည်။ စာရှုသူအပေါင်း ကျန်းမာချမ်းသာ၍ မိဘအမွေအနှစ်များကို ထိန်းသိမ်းနိုင်ကြပါစေလို့ဆုတောင်းရင်း)

dqmsdxjjoaopwgdwuevteltfpdjcdqhdchc2nlyyj6yqe8c.png

တစ်ချိန်တွင် Power များစွာ ပိုင်ဆိုင်သော၊ Token များစွာ ပိုင်ဆိုင်သော မြန်မာဟိုက်ဗ် ကွန်မြူနတီ အဖွဲ့သားများ ဖြစ်နိုင်ကြပါစေကြောင်း အားပေးမေတ္တာပို့ရင်း - ကျွန်တော်၏ ပိုစ်အား ခေတ္တ ရပ်နားလိုက်ပါမည်။

@nyinyiwin
7.10.21: PM
dqmsdxjjoaopwgdwuevteltfpdjcdqhdchc2nlyyj6yqe8c.png



0
0
0.000
12 comments
avatar

ကောင်းပါ့ဗျာ
ကိုရွှေ့ လက်ရာတွေ ပြန် မြည်းရပြီပေါ့

0
0
0.000
avatar

ကိုဒွန်အားပေးတော့ ပိုအားရှိတာပေါ့ဗျာ 😊❤️😊 !PIZZA

0
0
0.000
avatar

ဖတ်ရတာမောလိုက်တာရှင်။ စာကမကောင်းလို့မဟုတ်ပါဘူး။ စက်ဘီးရှာမတွေ့မှာ စိုးရိမ်တာ။

0
0
0.000
avatar

လျို့ဝှက်သဲဖို ဇာတ်လမ်းမဟုတ်သော်လည်း ရင်မောသွားတယ်ပေါ့၊ အားပေးနေလို့ ကျေးဇူးပါဗျာ ပီဇာလေးစားအုန်း !PIZZA

0
0
0.000
avatar
(Edited)

PIZZA! PIZZA! PIZZA! PIZZA! PIZZA!
PIZZA Holders sent $PIZZA tips in this post's comments:
myothuzar tipped nyinyiwin (x1)
@nyinyiwin(2/10) tipped @kachinhenry (x1)
nyinyiwin tipped uthantzin (x1)
nyinyiwin tipped donjaun (x1)
kachinhenry tipped nyinyiwin (x1)
Learn more at https://hive.pizza.

0
0
0.000
avatar

နောက်ဆုံး ရှာတွေ့သွားတော့ ဝမ်းသာလိုက်ရတာ !PIZZA

0
0
0.000
avatar

ခုလို အားပေးနေတော့ ရေးရတာ အားရှိတယ်ဗျာ နောက်လဲအားပေးအုန်းနော် ပီဇာလေးစားအုန်း !PIZZA

0
0
0.000
avatar

စက်ဘီးရှာတဲ့နေရာ အတော်ဇာတ်ရှိန်မြှင့်သွားတာ ကောင်းလိုက်တာဗျာ။ !PIZZA

0
0
0.000
avatar

အားပေးလို့ အားတက်နေရပါတယ်ဗျာ !PIZZA

0
0
0.000
avatar
(Edited)

မိဘအမွေမို့...အတော်ကို စိတ်ဝင်စားမိတာပါ။ ကိုဟင် က အဲဒီ အမွေမျို အများကြီးဆုံး ရှုံးခဲ့ဘူးလို့ပါ။တရက်တော့ ရေးပြရတာပေါ့.... !PIZZA

0
0
0.000
avatar

ဟုတ်ကဲ့ ကိုဟင်ရေ အားပေးလို့လဲ ကျေးဇူးတင်ရပါတယ်၊ ကိုဟင့်ပိုစ်များကိုလဲ စောင့်မျှော်နေပါတယ်ဗျာ။ !PIZZA

0
0
0.000