သီတင်းကျွတ်ချိန်ခါ ဆုတောင်းလွှာ
မဂ်လာပါ မြန်မာဟိုက်ဗ်အဖွဲ့သားများခင်ဗျား။
ခေါင်းစဉ်ကို သီတင်းကျွတ်ချိန်ခါ ဆုတောင်းလွှာလို့သာ တင်ထားရတာ ကျွန်တော် ဘယ်လိုစိတ်နဲ့ ဆုတောင်းပေးရမည်မသိဖြစ်နေပါသည်။ အများတကာ ခက်ခဲပင်ပန်းနေချိန် နိုင်ငံတဝှမ်း ဒုက္ခမျိုးစုံ ရင်ဆိုင်နေရချိန်တွင် ဘာသာရေးဆိုင်ရာ ပွဲတော်ရက်တစ်ခုခုရောက်တိုင်း ကျွန်တော့ရင်မှာ မချိအောင်နာရပါသည်။
ဤသို့သောအချိန် ဤသို့သောနေ့ရက်သည် ပုံမှန်အားဖြင့် ဘုရားသွားကျောင်းတက် ဘာသာရေးလုပ်ငန်းများလုပ်ကြ၊ မိဘဖိုးဘွားများထံ သွားရောက် ကန်တော့ခြင်း စသည်ဖြင့် ကုသိုလ်တရားများ ပွားများကြချိန်ဖြစ်သည်။
ဤနေ့ဤရက်သည် လူငယ်လူကြီးလူရွယ်လူလတ်မကျန်ရအောင် စိတ်ကြည်နူးပျော်ရွှင်နေရမည့်အချိန်နေ့ရက်လည်းဖြစ်သည်။ သို့သော်မှာကား ကျွန်တော်များ တနည်းအားဖြင့်နိုင်ငံ့ဒုက္ခသည်များဟုပြောရလျင်မမှား ထိုသူများသည် နေ့စဉ်ရက်စက် စစ်ဘေး၊ ကျန်းမာရေးဘေး၊ စီးပွားပျက်ဘေးနှင့် ယခုလက်ရှိအချိန် ပေါ်ပေါက်လာသော ကြောင်သူတော်ကြွက်သူခိုးများဘေတို့အား ကြုံတွေ့နေရသဖြင့် မည်သို့ပင်စိတ်ပျော်ရွှင်နိုင်မည်နည်း။
ထိုထိုသော အခက်အခဲ ဒုက္ခပေါင်းစုံများကြားတွင် ကျွန်တော်မှ ထူးကဲစွာ ဆုတောင်းလွှာဟု စာလွှာပါးနေရလျှင် အများငြိုညင် မေတ္တာပျက်မှာကိုပင် ပြန်လည်စိုးရိမ်နေရမည်ဟု ခံစားရပါသည်။
ထို့ကြောင့်ပင် ကျွန်တော် သည်နေ့သည်ချိန်ခါတွင် ဆုတောင်းလိုသော တစ်ခုတည်းသောအရာမှာ "မြန်မာပြည်ကြီး အမြန်ငြိမ်းချမ်းသာယာ၍ အစစအရာရာ တိုးတက်ထွန်းကားလာပါစေလို့" ဆုမွန်ကောင်းတောင်းလိုက်ပါသည်။
@nyimwa
20.10.2021 :PM
Electronic-terrorism, voice to skull and neuro monitoring on Hive and Steem. You can ignore this, but your going to wish you didnt soon. This is happening whether you believe it or not. https://ecency.com/fyrstikken/@fairandbalanced/i-am-the-only-motherfucker-on-the-internet-pointing-to-a-direct-source-for-voice-to-skull-electronic-terrorism
"မြန်မာပြည်ကြီး အမြန်ငြိမ်းချမ်းသာယာပါစေ" !PIZZA
ဆုတောင်းက တူနေတယ် ❤️❤️😃
ဟုတ်ကဲ့ ကျေးဇူးပါ
PIZZA Holders sent $PIZZA tips in this post's comments:
nyinyiwin tipped nyimwa (x1)
@kachinhenry(8/20) tipped @nyimwa (x1)
Learn more at https://hive.pizza.
မည်သို့ပင် ဖြစ်စေ ထိုဆုတော့ တောင်းနေရမှာ ဖြစ်ပါသည်။အမြန် ဆုတောင်းပြည့်ချင်ပါဘိ !PIZZA
ပြည့်တော့မှာပါဗျာ သိပ်မကြာတော့ပါဘူး။
Congratulations @nyimwa! You have completed the following achievement on the Hive blockchain and have been rewarded with new badge(s) :
Your next target is to reach 300 upvotes.
Your next target is to reach 100 replies.
You can view your badges on your board and compare yourself to others in the Ranking
If you no longer want to receive notifications, reply to this comment with the word
STOP
To support your work, I also upvoted your post!
မြန်မာပြည် လှပလာပါစေလို့သာ ဆုတောင်းပါ သားရေ...!PIZZA
ဟုတ်ကဲ့ဗျ မြန်မာပြည်ကြီး အမြန်လှပသာယာလာပါစေ။