လျှပ်တပြက် ကြက်ချဉ်စပ်ဟင်း

avatar

မဂ်လာပါ မြန်မာဟိုက်အဖွဲ့သားများခင်ဗျား။

ဒီနေ့တော့ အခြားအလုပ်များ မယ်မယ်ရရ မရှိသော်လည်း စာတစ်ပုဒ်ရေးရန်တော့ ခေါင်းစား၍နေပြန်သေးသည်။ သို့နှင့် ဟိုက်ဘလော့မှာ ရှိကြကုန်သော မိတ်ဆွေများ၏ ပိုစ်များကို လိုက်လံဖတ်ရှုရင်း ဘုတ်ကွန်မန့်များပေးကာ မိမိအတွက် ဗဟုသုတရဖြည့်တင်းခြင်းအမှုအား ပြုနေမိသည်။

တစ်ချက်ခုတ်နှစ်ချက်ပြတ်ဆိုသလို မိမိလည်း ဗဟုသုတရရှိ၊ ဟိုက်ဘလော့တွင်လည်း မူးစိမတ်စိလေးများ စုဆောင်းမိနေတော့သည်။ သို့နှင့် အချိန်တန်လျှင် မည်သို့သောပိုစ်တင်မည်နည်း၊ အများနည်းတူ ပိုစ်တင်နိုင်ရန် ကုန်ကြမ်းရှာသော်လည်း မရဖြစ်နေတော့သည်။ ဤတွင် မိတ်ဆွေတစ်ဦးတင်ထားသည့် ဟင်းချက်နည်းအပါအဝင် အစားအသောက်များ ဓါတ်ပုံရိုက်၍တင်ထားသည်ကိုတွေ့တော့မှ ကျွန်တော်လည်း လျှပ်တပြက်အကြံပေါ်လာတော့သည်။

မိမိတို့ နေ့တဓူဝလုပ်ငန်းများလုပ်ကြရင်း အစားအသောက်များအကြောင်း ပိုစ်တင်ထားကြသည်ကို တွေ့ရသဖြင့် ငါလည်း ဒီနေ့တော့ ဘာစာမှမရေးဖြစ်တာချင်းအတူတူ အိမ်မှာချက်စားတဲ့ ဟင်းလေးအကြောင်း ပိုစ်ရေးတင်မှပဲလို့ ဆုံးဖြတ်လိုက်ပါတော့တယ်။

ဒီနေ့ ကျွန်တော်ကိုယ်တိုင်ချက်ဖြစ်သော ဟင်းအမည်ကတော့ ကြက်သားချဉ်စပ်ဟင်းလေးတစ်ခွက်ဖြစ်ပါသည်။ ဟင်းချက်နည်းအား အများသူငါရေးကြသလို ဘာပီးလျှင် ဘယ်လိုလုပ်လိုက်သည် ဘယ်လိုစပ်ဟပ်လိုက်သည်စသည်ဖြင့် ချက်နည်းပြုတ်နည်းကို စနစ်တကျရေးတင်ကြသလို ကျွန်တော်ကားအစီစဉ်တကျ မရေးတတ်ပါ။

img_20200724_190632.jpg

ကျွန်တော်ချက်သော ကြက်သားချဉ်စပ်ဟင်းတွင် ကြက်သားနှင့်ငရုပ်သီးစိမ်းသည် အဓိကပါဝင်ပစ္စည်းဖြစ်သည်။ စတင်ချက်မည်ဆိုပါက ကြက်သွန်နီအား မိမိချက်မည့် ကြက်သားအချိန်အတွယ်နှင့် လိုက်ဖက်လောက်သော ပမာဏအား စတင်ဆီသတ်ပါ။ ထို့နောက် ခရမ်းချဉ်သီး ထည့်ကာ ခရမ်းချဉ်သီးကြေသည်အထိ ဆီသတ်ချက်ပါ။

ဆက်လက်၍ အချဉ်အစပ်ဖြစ်လိုသောကြောင့် ချဉ်စေသောအရာ ရှာလကာရည်သို့မဟုတ် ရှောက်ရည်ထည့်ပါ။ ရေအနည်းငယ်နှင့်အတူ ဆား၊ ဟင်းခပ်မှုန့်၊ မဆလာတို့အား သင့်တင့်မျှတအောင် ထည့်ပါ။ မီးမပြင်းပဲ ငါးမိနစ်ခန့် ချက်ပီးပါက အသင့်လှီးထားသော ကြက်သားများနှင့် ငရုပ်သီးစိမ်းများထည့်ပါ ဆီနှင့်ရေအား အချိုးစားမျှတစေရန် လိုအပ်ပါက ရေထပ်ထည့်ပါ။ ထို့နောက် အဖုံးလေးအုပ်ထားကာ ဆယ်မိနစ်ခန့်ချက်လိုက်လျှင်တော့ ဟင်းအရသာလေးမျည်းစမ်းပီး အသင့်စားရန်အနေအထားတွင် ဟင်းကိုခပ်ယူသုံးဆောင်နိုင်ပါသည်။( မှတ်ချက်။ ကျွန်တော်အသုံးပြုသော ကြက်သားသည် ပြုတ်ကြော်လုပ်ထားသော ကြက်သားဖြစ်၍ ဟင်းချက်ရန် အချိန်အနည်းငယ်သာလိုပါသည်၊ မိတ်ဆွေများအနေနှင့် ကြက်သားအစိမ်းကို သုံးမည်ဆိုပါက အသားကျက်ရန်တော့ အချိန်ပေးချက်ရန်လိုအပ်ပါသည်။)

img_20200724_190639.jpg

မိုးလေးကတအေးအေး ထမင်းပူပူလေးနှင့် မိသားစုလေးငါးယောက်အတွက် ကြက်သားချဉ်စပ်ဟင်းလေးသည် ထမင်းအိုးပြောင်တလင်းခါအောင် ဆွဲဆောင်သွားပါလိမ့်မည်။

@nyimwa
26.10.2021 : PM



0
0
0.000
11 comments
avatar

သွားရည်ကျရောပဲ။ ချက်စားကြည့်အုံးမှ

0
0
0.000
avatar

ချက်စားကြည့်ဗျ အကုန်ကျသက်သာ ခံတွင်းလည်းမြိန်သဗျို့။

0
0
0.000
avatar

Homemade ကြက်ချဥ်စပ် တစ်ပွဲ ရပြီ ဗျာ စားချင်ပါဘိ...!PIZZA

0
0
0.000
avatar

အိမ်မှာ လုပ်စားကြည့်ဗျာ တကယ်ကောင်းတယ်။

0
0
0.000
avatar
(Edited)

PIZZA! PIZZA! PIZZA!
PIZZA Holders sent $PIZZA tips in this post's comments:
@htwegyi(7/10) tipped @nyimwa (x1)
kachinhenry tipped nyimwa (x1)
uthantzin tipped nyimwa (x1)
Learn more at https://hive.pizza.

0
0
0.000
avatar

Congratulations @nyimwa! You have completed the following achievement on the Hive blockchain and have been rewarded with new badge(s) :

You received more than 200 upvotes.
Your next target is to reach 300 upvotes.
You got more than 100 replies.
Your next target is to reach 200 replies.

You can view your badges on your board and compare yourself to others in the Ranking
If you no longer want to receive notifications, reply to this comment with the word STOP

Check out the last post from @hivebuzz:

Bee ready for the 2nd Hive Power Up Month challenge!
Trick or Treat - Share your scariest story and get your Halloween badge
Support the HiveBuzz project. Vote for our proposal!
0
0
0.000
avatar

ပင်စိမ်းကြိုက်ရင် ပင်စိမ်းရွက် ထည့်ကြည့် အနံ့အရသာ ထူးခြားလိမ့်မယ်။ ပင်စိမ်းကို အိုးချကာနီးမှ ထည့်။ ပြီးရင် ဟင်းအိုးကို ၂ ချက် ၃ ချက် မွှေပေးလိုက်။ ပြီးရင် ချလိုက်တော့။ စမ်းကြည့်။ ပင်စိမ်းအနံ့ မကြိုက်သူ ဆိုလျင်တော့ မပြောတတ်ပါ။ !PIZZA

0
0
0.000
avatar

ပင်စိမ်းလဲကြိုက်တယ်ဗျ ကြက်ပင်စိမ်းဆိုပီး ချက်တာနောက်တစ်နည်းရှိသေးတယ် အလျင်းသင့်ရင် ရေးအုန်းမယ်ဗျာ။

0
0
0.000
avatar

ကြိုက်သပ
!PIZZA

0
0
0.000
avatar

ကြိုက်တာချင်းတူရော 😃

0
0
0.000
avatar

စားချင်စရာလေး။

0
0
0.000