ရန်အောင်ချမ်းသာဘုရားကြီး

avatar

ဒီနေ့တော့ နေပြည်တော်၊ လယ်ဝေးမြို့နယ်မှာ ရှိတဲ့ ရန်အောင်ချမ်းသာဘုရားကြီးအကြောင်း တင်ပြချင်ပါတယ်။ ဘုရားကြီးဟာ နေပြည်တော်၊ ဒက္ခိဏခရိုင်၊ လယ်ဝေးမြို့နယ်၊ သပြေပင်အုပ်စု၊ ရွာသစ်ကြီးကျေးရွာ၊ ရန်ကင်းတောရကျောင်းအနီး မှာတည်ရှိပါတယ်။ ဉာဏ်တော်အမြင့် (၁၃၅) ပေရှိတဲ့ ထိုင်တော်မူ ရုပ်ပွားတော်ကြီးတစ်ဆူဖြစ်ပါတယ်။

img_0.7513102244722365.jpg

ဘုရားကြီးကို တည်ထားကိုးကွယ်သူက စစ်တွေမြို့၊ ကမ္ဘာ့သာသနာပြုမဟာအဓိဌာန်ကျောင်းဆရာတော် ဘဒ္ဒန္တ ကုလရက္ခိတဖြစ်ပြီး တိုင်းရင်းသားများ စည်းလုံးညီညွတ်စေရန် ရည်ရွယ်ပါတယ်။ ၂၀၁၅ ခုနှစ်မှာ စတင်တည်ထားပြီး မွန်၊ ဗမာ၊ ရခိုင်၊ ရှမ်း တိုင်းရင်းသားများကို ကိုယ်စားပြုထားပါတယ်။

img_0.6948460830124091.jpg

အရှေ့အရပ်မှာ ရှမ်းတိုင်းရင်းသား ကိုယ်စားပြုတာဖြစ်တာကြောင့် မုခ်ဦးရှေ့မှာ ကျားရုပ်ထု ရှိပြီး အရံစေတီ(၂၂)ဆူ၊

img_0.2802216924952799.jpg

တောင်အရပ်မှာ ရခိုင်တိုင်းရင်းသားကိုယ်စားပြုဖြစ်ပြီး မုခ်ဦးရှေ့မှဘီလူးရုပ်ရှိပါတယ်။ အရံစေတီ (၂၃) ဆူပါ။

img_0.4057434831489635.jpg

အနောက်အရပ်မှာတော့ မွန်တိုင်းရင်းသားကိုယ်စားပြုမုခ်ဦးဖြစ်ပြီးမနုဿီဟရုပ်တုရှိပါတယ်။ အရံစေတီ (၂၂)ဆူပါ။

img_0.5677750219304577.jpg

မြောက်အရပ်ကတော့ ဗမာတိုင်းရင်းသားကိုယ်စားပြုဖြစ်ပြီး ခြင်္သေ့ရုပ်ထုရှိပါတယ်။ အရံစေတီ (၂၃) ဆူရှိပြီး အရံစေတီစုစုပေါင်း (၉၀) ဆူဖြစ်ပါတယ်။

img_0.867799753133676.jpg

ဘုရားကြီးရဲ့ထူးခြားချက်ကတော့ အရှေ့တောင်ထောင့် အရပ်မှာရှိတဲ့ နတ်ရုပ်ထုရဲ့ ခရုသင်းကနေရေစိမ့်ထွက်နေတာပါ။ ကျမကတော့ သတိမထားမိလို့ မှတ်တမ်းမတင်ခဲ့ရပါဘူး။ ဘုရားကြီးရဲ့မျက်နှာတော်မှာပျားစွဲနေတာကိုတော့ မှတ်တမ်းယူနိုင်ခဲ့ပါတယ်။ ဘုရားကြီးရဲ့ ပရဝုဏ်က (၃.၇၀) ဧကအကျယ်ရှိတာဖြစ်လို့ အခြားသာသနာ့အဆောက်အဦတွေလဲ ရှိပါသေးတယ်။ ဘုရားကြီးရဲ့ဗုဒ္ဓဘိသေကပွဲကို ဖေဖော်ဝါရီလမှာကျင်းပတယ်လို့သိရပါတယ်။

img_0.46195281751299866.jpg

img_0.749640192106187.jpg

ထူးခြားချက်တွေ အများကြီးနဲ့ ရန်အောင်ချမ်းသာဘုရားကြီးကို အခါအခွင့်သင့်လျှင် သွားရောက်ဖူးမြော်စေချင်ကြောင်းနှင့် ရှုမျှော်ခင်းတွေ အလွန်လှကြောင်း သတင်းကောင်းပေးလိုက်ရပါတယ်။

img_0.5423040809577742.jpg

@nweoomon
13-10-2021



0
0
0.000
15 comments
avatar

နေပြည်တော်ရောက်ရင် သွားဖူးပါအုံးမည်။ ဘုရားသမိုင်းအကြောင်းလေး ပြောပြပေးတာ ကျေးဇူးပါ။

0
0
0.000
avatar

သွားဖြစ်ပါစေရှင်

0
0
0.000
avatar

ဝိုး အတော်စုံပ ဒါဆို လုပ်လို့ရပြီး တီဗီချန်နယ်တွေမှာ။
!PIZZA

0
0
0.000
avatar

ခုချိန်ဆိုရင် ဒလန်ပဲ

0
0
0.000
avatar
(Edited)

PIZZA! PIZZA! PIZZA!
PIZZA Holders sent $PIZZA tips in this post's comments:
kachinhenry tipped nweoomon (x1)
htwegyi tipped nweoomon (x1)
@nyinyiwin(9/10) tipped @nweoomon (x1)
Learn more at https://hive.pizza.

0
0
0.000
avatar

ဖူးရောက်ချင်သားဗျာ

!PIZZA

0
0
0.000
avatar

ဟုတ်ကဲ့။ အခါကောင်းရင်သွားဖြစ်ပါစေရှင်

0
0
0.000
avatar

ဥာဏ်တော်အတော်မြင့်မီာနော်

0
0
0.000
avatar

ဟုတ်ကဲ့ ၁၃၅ပေရှင့်

0
0
0.000
avatar

ဘုရား မေးစေ့ တော် ဝန်းကျင်မှာ က ပျားစွဲနေတာလား... မျက်ခုံးတော် တွေမှာကော ပုံစံပျက်နေလို့ မေးကြည့်တာပါ။ !PIZZA

0
0
0.000
avatar

ဟုတ်ပါတယ်ရှင်

0
0
0.000
avatar

အခွင့်အခါသင့်ရင်တော့ မြန်မာပြည်တစ်ပါတ် ဘုရားဖူး ထွက်မည်လို့စိတ်ကူးထားပါတယ်။ !PIZZA

0
0
0.000
avatar

အောင်မြင်ပါစေ

0
0
0.000