နေပြည်‌တော်သို့ ရင်တဖိုဖို

avatar

တစ်နေက ကျမတို့ညီအမနှစ်ယောက် မမျှော်လင့်ဘဲ နေပြည်တော်ရှိ အမထံသို့သွားရန် အကြောင်းဖန်လာသည်။ ‌သွားရတာက ပြဿနာမဟုတ်။ လမ်းခရီးမှာ ဖုန်းကို ယူပြီးစစ်ဆေးတာတွေ ကိုဗစ်စစ်တာတွေရှိသည်ဟု ကြားရသဖြင့် စိတ်ညစ်မိသည်။ တတ်နိုင်သမျှဘေးကင်းအောင် ဖျက်တန်တာဖျက်ပြီး ညီမတို့သားအမိနှင့်အတူ နေပြည်တော်သို့ ထွက်လာခဲ့ကြသည်။

img_0.46257222329543013.jpg

ခုခေတ်မှာ ဖုန်းသုံးသည့် လူတိုင်းနီးနီး စပိအောက်လုပ်ခြင်း၊ ရှယ်ခြင်း၊ NUG profile ချိန်းခြင်း လုပ်တတ်ကြသလို ကျမတို့တွေလည်း လုပ်ခဲ့ကြသည်။ ထိုသို့ လုပ်ခဲ့ခြင်းက ကျောက်ဆည်မရောက်ခင် ပြဿနာတက်ပါတော့သည်။ ထိုနေရာတွင် ရဲနှင့်စစ်သားများပူးပေါင်း၍ လာသမျှခရီးသည်တိုင်း၏ မှတ်ပုံတင်နှင့် ဖုန်းများကို စစ်နေကြသည်။

img_0.9723997858651141.jpg

ကျမလည်း စစ်တယ်လို့သိပေမယ့် ရုတ်တရက်ဆိုတော့လန့်သွားသည်။ ကျမရှေ့တွင် ကောင်မလေးတစ်ဦးအား စစ်သားတစ်ဦးမှ NUG profile ချိန်းထားသဖြင့် ငေါက်ငမ်းနေသည်။ ထိုသို့ပြုလုပ်သောသူများအား အကြမ်းဖက်ဟုသတ်မှတ်သည်ဆိုပြီး မောက်မာစွာပြောဆိုနေခြင်း ဖြစ်သည်။ ကျမဖုန်းကိုစစ်တော့မည်။ ငါလည်း ပရိုဖိုင်ချိန်းထားသည်ဆိုပြီး လန့်သွားသည်။ နောက်မှ အကောင့်ချိန်းထားမှန်းသတိရလိုက်သောကြောင့် စိတ်အေးပြီး ဖုန်းအစစ်ခံရန်ပေးမည်ပြင်နေစဉ် ညီမက သူ့ဖုန်းကို အရင်ပေးလိုက်သည်။ ထိုအခါမှ ငါးပါးမှောက်တော့သည်။ ညီမက သူ့ဝေါလ်ထဲတွင် NUG profile ချိန်းခြင်း၊ Speak out ခြင်းတွေလုပ်ထားသည်။ ညီမကဖျက်ထားသည်ဆိုပေမယ့် သူမသိသော သူ့ဝေါလ်ထဲမှ တင်ထားသည့်ပုံများကိုစစ်လိုက်သဖြင့် တွေ့သွားခြင်းဖြစ်သည်။

img_0.9719681997140842.jpg

ညီမဖုန်းကိုစစ်ဆေးသူကရဲဖြစ်သည်။ ဘာတွေလုပ်ထားတာလဲ ဆိုပြီး ဒီဖုန်းကို ဗိုလ်ကြီးကိုပြလိုက်ရင် ခင်များတို့ဖမ်းခံရတော့မှာပဲလို့ ညည်းသလိုနဲ့ခြိမ်းခြောက်သည်။ ကျမလည်းစိတ်ပူသွားပြီး ထိုရဲကို ငါ့မောင်ရယ်မမြင်ချင်ယောင်ဆောင်ပြီး ဖုန်းပြန်ပေးပါလို့ ငါးထောင်တန်တစ်ရွက်လက်သိပ်ထိုးပေးပြီး အတန်တန်တောင်းပန်မှ ကိုရွှေရဲက ဖုန်းပြန်ပေးသည်။

ထိုအခါမှ ကားထွက်ရတော့သည်။ ကားပေါ်တွင် အေးဆေးအိပ်ပြီး လိုက်မယ်ဟန်ပြင်တဲ့ကျမမှာ မအိပ်နိုင်၊ ထမင်းစားနားတော့လည်း မစားနိုင်ပဲ ရှေ့မှာစစ်ဆေးရေးရှိလျှင်ဆိုသည့်အတွေးဖြင့် ညီမဖုန်းက သူတင်သမျှ သူတို့မကြိုက်သော ပို့စ်များ၊ ပုံများကို တစ်ခုချင်းစိတ်ရှည်စွာဖျက်ပစ်ရသည်။

img_0.24170415837988046.jpg

လမ်းခရီးတစ်လျှောက်လည်း စိတ်တထင့်ထင့်၊ ရာသီဉတုကပူ၊ လူကကြပ် အရေးထဲ လိုင်းကမမိ၊ အမတွေကလည်း တစ်ယောက်ပြီးတစ်ယောက် စိတ်ပူပြီးဖုန်းဆက်ကြ မေးကြဖြင့် မီးဖိုကို ရင်မှာပိုက်ထားရသလို ပူလောင်လှသည်။ နေပြည်တော်ကအမကပိုဆိုးသည်။ သူခေါ်လို့ လာရသဖြင့် ဒီလိုကြုံရပါတယ်ဆိုပြီး သွေးတွေတိုးလာသဖြင့် သူ့ကိုပြန်ပြီး ဘာမှမဖြစ်ကြောင်း နှစ်သိမ့်ရသေးသည်။

တပ်ကုန်းအဝင်ရောက်တော့ နောက်ထပ်စစ်ပြန်သည်။ စစ်သားများကစောင့်၊ အရပ်ဝတ်ဖြင့်လူ‌တွေက စစ်ဆေးရေးစခန်းထဲထိုင်နေပြီး ဘယ်သွားမှာလဲ၊ ဘာကိစ္စလဲ စသဖြင့်မေးသည်။ ကားသမားက အပိုင်းလေးကိုကျင့်သုံးသွားသဖြင့်အဆင်ပြေသွားသည်။ တော်သေးသည်။ ထိုနေရာတွင် စစ်သားများရှိသော်လည်း ဖုန်းကိုမစစ်ပေ။

ထိုနေရာမရောက်ခင် ကားသမားကကြိုတင်သင်ထားသည်။ နေပြည်တော်သွားမည်ဆိုလျှင် Q ဝင်ရမည်ဖြစ်၍ တောင်ငူ၊ လယ်ဝေး စသည့်အခြားနေရာများကိုလွှဲဖြေခိုင်းသည်။ ‌လမ်းတလျှောက်တွင် ထုံးပေသီးများက သုံးလေးနေရာလောက်စောင့်နေသဖြင့် အပိုင်းလေးကို တောက်လျှောက်ကျင့်ထားရသည်။ နေပြည်တော်အဝင်ရောက်တော့လည်းထို့အတူ။ တစ်လမ်းလုံး စိုးရိမ်ပူပန်စွာဖြင့် လိုက်ပါလာရာ ညနေလေးနာရီမှသာ အမအိမ်သို့ရောက်တော့သည်။

ကျမတွေးနေမိသည်။ အပြစ်ကင်းပါလျက်နဲ့ လွတ်လပ်စွာသွားလာခွင့်မရဘဲ စိတ်ဆင်းရဲခြင်းများစွာဖြင့် သွားရသော ခရီးနှင့် စားပေါက်ဖန်တီးထားသော ထိုအခြေအနေမျိုးများကြောင့် စစ်အာဏာရှင်စနစ် အမြန်ကျဆုံးပါစေဆုတောင်းရင်း နေပြည်တော်သို့ ရင်တဖိုဖို ခရီးစဉ်အကြောင်းကို မျှဝေလိုက်ပါတယ်။

@nweoomon
6-10-2021



0
0
0.000
19 comments
avatar

ခုချိန်ခရီးသွားတာ အသက်ဖက်နဲ့ထုပ် သွားရသလိုဘဲ ရောဂါနဲ့ဘာနဲ့ညာနဲ့ တယ်ပြီးစိတ်မချရ🤐

0
0
0.000
avatar

ကိုဗစ်ကင်းရှင်းကြောင်းထောက်ခံချက်တောင်းတယ်တဲ့။ မပါဘူး။

0
0
0.000
avatar

ကျနော်လည်း ပိတ်ရက်ကလေး ကျောက်ပန်းတောင်းပြန်ဖို့ လမ်းခရီးအဆင်မပြေတာနဲ့ မပြန်ရပ့ဘူးဗျာ

0
0
0.000
avatar

ဟုတ်တယ်။ အစစ်ဆေးများတယ်။

0
0
0.000
avatar

စစ်အာဏာရှင်စနစ်အောက်မှာ လူတဦးချင်းရဲ့ မွေးရာပါ လွတ်လပ်ခွင့်၊ လူမျိုးတမျိုးချင်းစီရဲ့ မူလရပိုင်ခွင့် အားလုံးဆုံးရှုံးသွားတယ်။ အာစီယံထဲမှာ ဖွံ့ဖြိုးမှုအနိမ့်ဆုံး တိုင်းပြည်အဆင့်ကနေ ဒီထက်ပိုပြီး ဆင်းရဲမွဲတေစုတ်ပြတ်မယ့် နိုင်ငံဖြစ်တော့မယ်။ တဦးချင်းစီ အနိမ့်ဆုံး စစ်တပ်ထုတ်ကုန် သပိတ်မှောက်ပြီး စစ်ကောင်စီကို တပိုင်တနိုင် ဆန့်ကျင်ကြပါစို့။

0
0
0.000
avatar

ဟုတ်တယ်။ ရင်ထဲရှိသလောက်ရေးရရင် စာအရှည်ကြီးဖြစ်တော့မယ်။

0
0
0.000
avatar

ဘယ်မသွားဘဲကုပ်ပြီတော့ကိုနေရတာဗျို့ ပြန်ဖေါလိုးပေးအုံးဗျို့
ယုဇနကသိပ်သုံးဖြစ်မှာမဟုပ်ဖူး

0
0
0.000
avatar

ရင်တဖိုဖို လျှိုဝှက်သဲထိတ် ရင်ခုန်လှုပ်ရှား အင်း
ဘာကျန်သေးလဲ မသိ။
!PIZZA

0
0
0.000
avatar

စဉ်းစားအုံးမယ်

0
0
0.000
avatar

ဒီဆောင်းပါးလေးဟာ တချိန်ကျရင် အလွန်ကို အသုံးဝင်လာတဲ့ ကိုယ်တွေ့ဆောင်းပါး ဖြစ်လာပါလိမ့်မယ်။ !PIZZA

0
0
0.000
avatar

ဟုတ်ကဲ့။ ကိုယ်တွေ့လေးပါ။

0
0
0.000
avatar

ဟုတ်ပ ဘယ်သွားသွား သတောင်းစားတွေပဲ ခြေချင်းလိမ်နေကြတာ ရွံထာ !PIZZA

0
0
0.000
avatar

အမှန်ပဲ။ လုပ်စားခွင်တွေ။

0
0
0.000
avatar

5000 တန်ကြောင့် အဆင်ပြေသော နေပြည်တော်ခရီးစဥ်လေးပေါ့။

0
0
0.000
avatar

ဟုတ်ပါ့။ နို့မို့ ဒုက္ခများအုံးမယ်။ တစ်လမ်းလုံးလဲ ကားသမားကပေးနေရတာ မြင်တော့ ရွံချက်။

0
0
0.000
avatar

ကိုယ်တွေ့ကြုံရတဲ့အစ်မအနေနဲ့တော့ စိတ်တွေဘယ်လိုဖြစ်နေမလဲတော့မသိဘူး။
စာဖတ်နေရင်းနဲ့ ကျွန်နော်စိတ်တွေကတော့ တဒုန်းဒုန်း တဒိုင်းဒိုင်းပဲ ရင်တွေတုန်နေမိတယ်။
စာဖတ်ပြီးသွားမှ သက်ပြင်းချမိတယ်။
တော်သေးတာပေါ့ အစစအရာရာ အဆင်ပြေသွားခဲ့လို့.....

0
0
0.000
avatar

ဟုတ်တယ်။ သွားရတာပျော်ဖို့ကိုမကောင်းဘူး။ ရင်မှာ မလုံခြုံစိတ်အပြည့်နဲ့။

0
0
0.000