RE: Playing By Hobby
You are viewing a single comment's thread:
လောကကြီးထဲရောက်လာရင် စာပေဖတ်တက်တဲ့အကျင့်ကလေးကို
မွေးမြူပေးစေချင်တယ်။ စာပေနဲ့ ထိတွေ့တဲ့ ကလေးဟာ
သူများထက်တော့ ခေါင်းတစ်လုံးသာတယ်။(အားလုံးတော့မဆိုလိုပါ)
ပြီးတော့ ထိလွယ်ရှလွယ်တဲ့စာ(ဆိုက်ဝါးစာတွေ)။ Facebook
ပေါ်က အပျော်အပျက်စာတွေလည်း သတိထားပြီး ပေးဖတ်စေချင်တယ်။
ဥပမာ- ဘာမှကြိုးစားမနေနဲ့ ဖြစ်မှာမဟုတ်ဘူး။ နေတက်သလိုပဲ
နေလိုက်ပါ။ ကြိုးစားတိုင်းသာဖြစ်ရင် လူတိုင်း ဘုရားဖြစ်ကုန်မှာပေါ့။
Nagative ဆန်တဲ့ ပေါ့ပျက်ပျက်အတွေးတွေဟာကြောက်ဖို့
ကောင်းပါတယ်။ စာဆိုရင်လည်း သူ့အရွယ်နဲ့သူ လိုက်ဖက်မဲ့စာလေး
တွေကို ကိုယ်ကရွေးချယ်ပြီး ပေးဖတ်စေချင်တယ်။
ကျွန်တော့်ညီဆို အရင်ကစာတွေဖက်တယ်။ လေ့လာတယ်။
ကြိုးစားတယ်။ ဒါပေမဲ့အခုဆိုရင် ပေါ့ပေါ့နေ ပေါ့ပေါ့စားမယ်။
ဖြစ်သလိုနေမယ်။ အဆင်ပြေသလိုနေလိုက်မယ်ဆိုတဲ့ စိတ်တွေ
ရှိနေတယ်။ Facebook ပေါ်ကတစ်ချို့ အဆိပ်စာတွေဖက်မိပြီး။
ရေးသမျှအကုန်အမှန်ထင်ပြီး လက်ခံလိုက်တဲ့ချိန်၊ တကယ်လည်း
ခက်ခဲတဲ့အချိန်နဲ့ ကြုံတော့ စိတ်ဓာတ်ကျတဲ့ရောဂါရလာတယ်။
ဘာမှကြိုးစားချင်တဲ့စိတ် မရှိတော့ဘူး။ Hive အကြောင်းပြောပြ
တယ်။ ရေးပုံရေးနည်းတွေပြောပြတယ်။
ဒါပေမဲ့ သူဘာပြန်ပြောလဲသိလား။
မင်းဟာက ရေးရာမှာ ဦးနောက်ခြောက်တယ်တဲ့...။
တခါတလေဆို သူခနခန လောကကြီးမှာ အသက်ရှင်ရတာ
ပျင်းလာပြီလို့ပြောတယ်။ နောက်ဘဝရှိတယ်ဆိုတာ မယုံဘူးတဲ့။
တော်တော်လေးသူ့ကို ပြောဆိုဆုံးမနေရတယ်။ အရွယ်ကရောက်
လာပြီ။ စာပေကလည်း မတောက်တခေါက်ဖက်မိထားတော့။
သူ့အစွဲတွေကို ဖျက်ဖို့မလွယ်ဘူး။
တကယ်တော့ ကလေးငယ်တစ်ယောက်ဖွံ့ဖြိုးတိုးတက်ဖို့ဆိုတာ
ပတ်ဝန်းကျင်ပေါ်မှာ အများကြီးမှီတည်တယ်လို့ပဲ ထင်ပါတယ်။
ကျွန်တော့်အမြင်ကို ဆွေးနွေးတိုင်ပင်ခြင်းဖြစ်ပါတယ်။
FB ပေါ်က စာဖတ်ရင်တော့ ဆင်ခြင် ချင့်ချိန်နိုင်တဲ့ အသိဉာဏ် ရှိထားဖို့ လိုပါမယ်။