မုန့် ရ မရတော့ မသိ

avatar

Kim Kardashian ဟာ Ethereum Max ကရောင်းတဲ့ crypto asset တစ်ခုကို social media ပေါ်မှာ ကြော်ညာပေးခဲ့ပြီး ကြော်ညာခဘယ်လောက်ရတယ်ဆိုတာကို‌ မဖော်ပြခဲ့တာကြောင့် ဒဏ်ငွေ $1.26 million ပေးဆောင်ဖို့ အမိန့်ချခဲ့ပါတယ်။

Kim ဟာ Instagram ပေါ်မှာ EMAX token တွေကို ကြော်ညာပေးခဲ့ပြီးတော့ Ehtereum Max ရဲ့ website link ကိုပါထည့်ပေးခဲ့ပြီး ကြော်ညာခ $250,000 ကို ရခဲ့ပါတယ်။ Kim ဖက်ကတော့ SEC ကို $1.26 million ဒဏ်ကြေးဆောင်ဖို့အတွက်ရယ်၊ ၂၀၂၅ခုနှစ်အထိ ဘယ် crypto project ကိုမှ မကြော်ညာပေးဖို့ရယ် သဘောတူခဲ့ပြီးတော့ Ethereum Max project နဲ့ ပတ်သက်လို့ SEC ရဲ့ နောက်ထပ်စုံစမ်းစစ်ဆေးမှုတွေမှာ ပူးပေါင်းပါဝင်သွားဖို့ကိုလည်း သဘောတူထားပြီးဖြစ်ကြောင်း ကြေငြာခဲ့ပါတယ်။

SEC ဖက်ကတော့ celebrity တွေနဲ့ influencer တွေဖက်က ကြော်ညာပေးလိုက်တဲ့ project တွေဟာ ကောင်းတာတွေလည်း ရှိသလို ပေါက်ကရ project တွေကိုလည်း ငွေရရင်ပြီးရောဆိုပြီး ကြော်ညာပေးလိုက်တာတွေလည်း ရှိနိုင်တာကြောင့် ရင်နှီးမြှုပ်နှံသူတွေအနေနဲ့ သေချာလေ့လာပြီးမှသာ crypto project တွေမှာ ရင်းနှီးမြှုပ်နှံသင့်ကြောင်းနဲ့ celebrity တွေနဲ့ influencer တွေဟာလည်း crypto project တွေကို promote လုပ်ပေးတာတို့၊ ကြော်ညာပေးတာတို့ဆိုရင် ကြော်ညာခ ဘယ်လောက်ရတယ်ဆိုတာကို သူတို့ကို တင်ပြရမှာဖြစ်ကြောင်း သတိပေးထားပါတယ်။

Reference Link: https://cointelegraph.com/news/kim-kardashian-pays-sec-1-26-million-to-settle-ethereummax-charge

အကူအညီလိုရင် စာရေး ဆွေးနွေးလို့ရတဲ့ Group ကတော့ ဒီမှာ join နိုင်ပါတယ်
https://t.me/myancrypto
https://t.me/myancryptochannel

Crypto နဲ့ ပတ်သက်တဲ့သင်တန်း video တွေကို ဒီမှာ လေ့လာနိုင်ပါတယ်
https://www.youtube.com/c/MyanCrypto

Crypto ကိုဘယ်ကစရမလဲ လေ့လာနေသူများအတွက် Study Room on Discord
https://discord.gg/zxJK6sVMDH

Binance Myanmar Telegram Group
https://t.me/BinanceBurmese

Trader တစ်ယောက် အတွက် မရှိမဖြစ်လိုအပ်မှာကတော့ 20% discount ရတဲ့ Binance account link ပဲဖြစ်ပါတယ် အဲ့ဒီ link နဲ့ ဖွင့်ထားတဲ့အကောင့် မဟုတ်ဘူးဆိုရင် ဒီ link နဲ့ အကောင့်သစ် ဖွင့်ပြီးမှ Trading ကိုလုပ်သင့်ပါတယ်
https://accounts.binance.com/en/register?ref=TIRSVFWP

Future Trading အတွက် Referral Code: myancrypto
Mining Account အတွက် Referral Code: E381THBL



0
0
0.000
3 comments