Holder လေးတွေ Take Care နော်

avatar

အခုလို bear market ကြီး တစ်နှစ်နီးပါးကြာလာတဲ့အချိန်မှာ ကိုယ့်ရဲ့ asset တွေကို ကာကွယ်ဖို့ ဘယ်လိုလုပ်ကြသလဲဗျ။ တချို့ကတော့ spot portfolio ထဲမှာ မြုပ်နေတဲ့ပိုက်ဆံတွေကို futures နဲ့ ပြန်ကာမယ်ဆိုပြီး ဖျူးချားလိုက်မှ ထူးခြားပြီး အကုန်ပြောင်သွားတာတွေလည်း တွေ့မိပါတယ်။ ဒါကြောင့် bear market ကြီးအတွင်းမှာ ဘယ်လိုသိုင်းကွက်တွေထုတ်ပြီး ကိုယ့် asset တွေကို ကာကွယ်ထားသင့်သလဲဆိုတာကို နည်းနည်းလောက် မျှဝေချင်ပါတယ်။

၂၀၂၁ခုနှစ်လောက်ကစလို့ cryptocurrency တွေဟာ နာမည်ကြီးလာသလို crypto မှာ ဝင်ပြီး ရင်းနှီးမြှုပ်နှံသူတွေလည်း များပြားလာပါတယ်။ အတော်များများက $50k~$60k လောက်မှာ ဝင်ပြီးတော့ $120k ဆိုတဲ့ ဈေးတန်းကို ထိုးတက်မယ်ဆိုတဲ့ လန်ဘော်ဂနီအိပ်မက်တွေ ကိုယ်စီနဲ့ ရင်းနှီးမြှုပ်နှံခဲ့ကြတာပါ။ ဒါပေမယ့် ဈေးက $69k လောက်အထိသာ တက်ခဲ့ပြီး တရိပ်ရိပ်ပြန်ထိုးကျသွားခဲ့တာကြောင့် ပိုက်ဘောလေးတွေကိုယ်စီနဲ့ ဖြစ်ကုန်ကြပါတယ်။ ဒါကြောင့် ဒီပိုက်ဘောလေးတွေကို ဘယ်လိုထိန်းသိမ်းကြမလဲဆိုတာကို ပြောပြချင်ပါတယ်။

လုံးဝအတိအကျကြီး ပြောလို့မရပေမယ့် bear market တွေဟာ ၃လကနေ ၃နှစ်လောက်အထိ ကြာတတ်ပါတယ်။ ပြီးခဲ့တဲ့ bear market ဟာ 2018 ကနေ 2020 နှောင်းပိုင်းလောက်အထိ ကြာခဲ့ပြီးတော့ အခုလက်ရှိ bear market ကတော့ ၉လကျော် ၁၀လထဲရောက်နေပါပြီ။ တကယ်လို့သာ အခု bear market ကလည်း အရင်အတိုင်း သွားမယ်ဆိုရင်တော့ ကြားထဲမှာ ရှည်ကြာလွန်းတဲ့အခိုက်အတန့်များကို ဖြတ်သန်းရဦးမှာပါ။

ပထမဆုံးလုပ်ရမှာက စိတ်အေးအေးထားပြီး ကိုယ် ဝယ်ထားတဲ့ coin က ဘယ် project က ထုတ်တာလဲ? ရေရှည်မှာအလားအလာကောင်းလား၊ use case တွေကဘာတွေလဲ၊ သူ့ကိုလူတွေကဘာလို့ကြိုက်ပြီး ဘယ်လိုသုံးကြလို့ ဈေးတက်နိုင်ခြေရှိမှာလဲဆိုတာကို ကိုယ့်ဘာသာ လေ့လာဆုံးဖြတ်ပါ။ တကယ်လို့ ကိုယ်က ရေရှည်မှာ ဘာမှအလားအလာမရှိတဲ့ coin တွေကို ကိုင်ထားမိတယ်ဆိုရင်တော့ အခြား အလားအလာကောင်းတဲ့ coin တစ်ခုခုနဲ့ swap ပါ။ ဒါကတော့ ပိုက်ဘောလေးတွေနဲ့ ပတ်သက်လို့ပါ။

နောက်နေ့မှာတော့ bear market အတွင်းမှာ ဝင်ငွေရှိနေအောင် ဘာတွေလုပ်လို့ရမလဲ ဆိုတာကို ဆက်တင်ပေးပါမယ်။

Reference Link: https://cointelegraph.com/news/how-to-earn-passive-crypto-income-in-a-bear-market

အကူအညီလိုရင် စာရေး ဆွေးနွေးလို့ရတဲ့ Group ကတော့ ဒီမှာ join နိုင်ပါတယ်
https://t.me/myancrypto
https://t.me/myancryptochannel

Crypto နဲ့ ပတ်သက်တဲ့သင်တန်း video တွေကို ဒီမှာ လေ့လာနိုင်ပါတယ်
https://www.youtube.com/c/MyanCrypto

Crypto ကိုဘယ်ကစရမလဲ လေ့လာနေသူများအတွက် Study Room on Discord
https://discord.gg/zxJK6sVMDH

Binance Myanmar Telegram Group
https://t.me/BinanceBurmese

Trader တစ်ယောက် အတွက် မရှိမဖြစ်လိုအပ်မှာကတော့ 20% discount ရတဲ့ Binance account link ပဲဖြစ်ပါတယ် အဲ့ဒီ link နဲ့ ဖွင့်ထားတဲ့အကောင့် မဟုတ်ဘူးဆိုရင် ဒီ link နဲ့ အကောင့်သစ် ဖွင့်ပြီးမှ Trading ကိုလုပ်သင့်ပါတယ်
https://accounts.binance.com/en/register?ref=TIRSVFWP

Future Trading အတွက် Referral Code: myancrypto
Mining Account အတွက် Referral Code: E381THBL



0
0
0.000
5 comments
avatar

ဗဟုသုတ ရပါတယ်...သတိထားပြီး လုပ်စရာရှိတာ လုပ်ရမှာပေါ့...လက်ရှိတော့ Hive နဲ့ SOL တော့ စုထားတာရှိတယ်...အကြံညဏ်လေးပေးပါအုံး...
နောက် POST လေးတွေ မျှော်နေမယ်ဗျာ...!LUV !MEME

0
0
0.000