GTA 6

avatar

ကျနော်တို့ရဲ့ငယ်ချစ် GTA Series ဟာ GTA 5 မှာ တန့်နေခဲ့တာ ၉နှစ်ကျော်နေပါပြီ။ Player တွေက GTA 5 ကို ဆော့ရတာ ရိုးအီနေပြီးတော့ GTA 6ကို အင်မတန်တောင့်တနေကြပါပြီ။ အခုဆိုရင် GTA 6 နဲ့ ပတ်သက်တဲ့ leak video တွေကလည်း social media မှာ ခဏခဏတက်လာနေပါတယ်။ အရင်ကတော့ ပေါက်ကရ လျှောက်လုပ်ထားတဲ့ leak တွေဖြစ်ပေမယ့် ဒီရက်ပိုင်းတက်လာတာတွေကတော့ တကယ့် အစစ်တွေလို့ယူဆရတဲ့ gameplay video တွေ ပါ။

ဒီ video တွေကို စဖြန့်တာကတော့ Teapot ဆိုတဲ့ hacker တစ်ယောက်ဖြစ်ပြီး RockStar Games ရဲ့ server ထဲကို ခိုးဝင်ပြီး အခုမှ develop လုပ်နေဆဲ data တွေကို ခိုးယူသွားပြီး ဖြန့်လိုက်တာပါ။ ဒါပေမယ့် သူ့ဆီမှာ GTA 5 ရဲ့ source code အပါအဝင် GTA 6 data တွေအများကြီးကျန်နေသေးပြီးတော့ သူ့ကို ပိုက်ဆံမပေးရင် ဒီ data တွေကို ရောင်းစားပစ်မယ်ဆိုပြီး RockStar Games ကို ဆက်သွယ်ခြိမ်းခြောက်ခဲ့ပါတယ်။

MrMattyPlays ဆိုတဲ့ Youtuber တစ်ယောက်အပြောအရဆိုရင် ဒီ data တွေကို ဝယ်ဖို့အတွက် Teapot ဆီကို 2.2 BTC ပို့လိုက်သူတောင်ရှိကြောင်း သိရပါတယ်။ Teapot ကတော့ သူ့ဆီကို ဒီ BTC တွေရောက်မလာကြောင်းနဲ့ သူ့အယောင်ဆောင်ပြီး လုပ်စားနေသူတွေ ရှိကြောင်းကိုလည်း အတည်ပြုနိုင်ခဲ့ပါတယ်။

အခုနောက်ဆုံးသိရတဲ့သတင်းအရတော့ ဒီ Teapot ဆိုတဲ့ Hacker ဟာ UK က ၁၆နှစ်အရွယ် ကောင်လေးတစ်ယောက်ဖြစ်ပြီး Uber နဲ့ပတ်သက်တဲ့ cyber attack တွေအပြင် FBI ရဲ့ စုံစမ်းစစ်ဆေးမှု၊ သံသယဖြစ်ဖွယ် cyber activity တွေကြောင့် ဗြိတိသျှအစိုးရရဲ့ စောင့်ကြည့်တာကိုပါခံနေရကြောင်း အတည်ပြုနိုင်ခဲ့ပါတယ်။ [သူများသားသမီးတွေများ ၁၆နှစ်နဲ့ နာမည်ကြီး hacker ဖြစ်နေပြီ]

သူ့အကြောင်းတွေအကုန်ပေါ်သွားတာကြောင့် hacker ကိုယ်တော်လေးကလည်း သူထောင်ထားသမျှ social media channel တွေ အကုန်ဖျက်ပစ်ပြီး လစ်ပြေးသွားခဲ့ပါတယ်။ အခုတော့ RockStar Studios လည်း အသက်ရှူချောင်သွားပြီဖြစ်ပြီး GTA 6 ကို develop ဆက်လုပ်နေပါပြီ။

အခုလာမယ့် GTA 6 ထဲမှာ အမျိုးသမီးဇာတ်ကောင်အဖြစ် ကစားလို့ရနိုင်မှာဖြစ်ပြီး ViceCity ကို အခြေပြုထားမှာဖြစ်တဲ့အပြင် game ထဲမှာ cryptocurrency တွေ ပါလာမယ့်အကြောင်း သတင်းရင်းမြစ်တော်တော်များများက ဖော်ပြနေကြပါတယ်။

Reference Link: https://bitcoinist.com/fake-bitcoin-transaction-is-tied-to-the-gta-6-leak/

အကူအညီလိုရင် စာရေး ဆွေးနွေးလို့ရတဲ့ Group ကတော့ ဒီမှာ join နိုင်ပါတယ်
https://t.me/myancrypto
https://t.me/myancryptochannel

Crypto နဲ့ ပတ်သက်တဲ့သင်တန်း video တွေကို ဒီမှာ လေ့လာနိုင်ပါတယ်
https://www.youtube.com/c/MyanCrypto

Crypto ကိုဘယ်ကစရမလဲ လေ့လာနေသူများအတွက် Study Room on Discord
https://discord.gg/zxJK6sVMDH

Binance Myanmar Telegram Group
https://t.me/BinanceBurmese

Trader တစ်ယောက် အတွက် မရှိမဖြစ်လိုအပ်မှာကတော့ 20% discount ရတဲ့ Binance account link ပဲဖြစ်ပါတယ် အဲ့ဒီ link နဲ့ ဖွင့်ထားတဲ့အကောင့် မဟုတ်ဘူးဆိုရင် ဒီ link နဲ့ အကောင့်သစ် ဖွင့်ပြီးမှ Trading ကိုလုပ်သင့်ပါတယ်
https://accounts.binance.com/en/register?ref=TIRSVFWP

Future Trading အတွက် Referral Code: myancrypto
Mining Account အတွက် Referral Code: E381THBL



0
0
0.000
2 comments