Buy & Hold

avatar

ဒီနေ့မှာတော့ bear market အတွင်း ကိုယ့်ဆီမှာ ဝင်ငွေလေးရှိနေအောင် risk နည်းနည်းနဲ့ ဘာတွေလုပ်လို့ရမလဲ ဆိုတာ ပြောပြပေးပါမယ်။

Bear market ကို “discount ချနေတယ်” လို့ သဘောထားပြီး ကိုယ်ကြိုက်တဲ့ coin တွေကို ဝယ်ဝယ်စုပါ။ ဝယ်တဲ့အခါမှာလည်း ရှိသမျှ အကုန်လုံးကို တစ်ခါတည်း မဝယ်လိုက်ဘဲ ဈေးကျတိုင်း ဝယ်လို့ရအောင် ချန်ထားပြီးမှ DCA(Dollar-cost-average) နဲ့ ဝယ်သင့်ပါတယ်။ DCA ကို မျက်စိထဲမြင်သာအောင် ပြောရရင်တော့ ချိန်ပြီးဝယ်၊ ခဏခဏဝယ်လို့ ပြောရပါလိမ့်မယ်။ DCA အကြောင်း သေချာသိချင်ရင်တော့ ဒီ

ထဲမှာ ကြည့်နိုင်ပါတယ်။

ဖြစ်နိုင်ရင်တော့ နှစ်ပိုင်းခွဲလိုက်သင့်ပါတယ်။ ရေတိုမှာ ကျရင်ဝယ်ပြီး တက်ရင်ရောင်းဖို့အတွက် ဝယ်မယ့် coin တွေနဲ့ ရေရှည်မှာရင်းနှီးမြှုပ်နှံဖို့အတွက် ဝယ်စုတဲ့ coin တွေဆိုပြီး ခွဲလိုက်ပါ။ ရေတိုမှာ ဝယ်ရောင်းလုပ်မယ့် coin တွေကိုတော့ ဈေးအတက်အကျပေါ်မူတည်ပြီး အရောင်းအဝယ်လုပ်ပါ။ ရေရှည်အတွက် ရည်ရွယ်ထားတဲ့ coin တွေကိုတော့ ကိုင်နိုင်သမျှကိုင်ထားသင့်ပါတယ်။ ဒီ coin တွေကနေတဆင့်လည်း အကျိုးအမြတ်ပြန်ရနိုင်မယ့်နည်းလမ်းတွေ ရှိပါသေးတယ်။

Coin တွေကို stake လုပ်ထားလို့ရပါတယ်။ ဘယ်လိုလုပ်ရမလဲမသိရင် step by step guide ကို ဒီ shorturl.at/dnPQV ကနေကြည့်နိုင်သလို အကျယ်တဝင့်ရှင်းပြပေးထားတဲ့ video ကိုလည်း ဒီ

ကနေ ကြည့်နိုင်ပါတယ်။

Trading က ကိုယ်နဲ့ အကျိုးမပေးဘူးလို့ထင်ရင်တော့ mining ကို စမ်းကြည့်ပါ။ ဒါပေမယ့် mining ဆိုတာက လျှပ်စစ်ဓာတ်အားအများကြီးသုံးရတာဖြစ်လို့ ဒီနိုင်ငံမှာတော့ အဆင်ပြေမယ်မထင်ပါဘူး။ အခု ETH ကလဲ Proof-of-stake (POS) ကိုပြောင်းသွားပြီ ဖြစ်တဲ့အတွက် miner တွေ အတွက် အခွင့်ကောင်းတစ်ခု လျှော့သွားပြီလည်းဖြစ်ပါတယ်။ Mining က အရင်းကြီးပြီး အင်တာနက်၊ မီး၊ နေရာ စတဲ့ အခြေခံ လိုအပ်ချက်တွေ ပြည့်စုံတဲ့နေရာတွေက အမြတ်ရဖို့ သေချာပါတယ်။ ဖုန်းနဲ့ လုပ်လို့ရတဲ့ cloud mining ဆိုတာ မျိုးက အကျိုးအမြတ် မသိသာလောက်အောင် နည်းတတ်ပါတယ်။ ဒါ့အပြင်ဖုန်းနဲ့ mine တယ်ဆိုရင် ဖုန်းကိုထိခိုက်စေနိုင်တာကိုလည်း မမေ့သင့်ပါဘူး။ ပိုက်ဆံပေးပြီး power တွေ ဝယ်ရတဲ့ cloud mining ဆိုရင်တော့ 99% scam တွေပါ။

Laptop နဲ့ mining လုပ်တဲ့သူတွေ အတွက်ကလည်း phone နဲ့ သိပ်မထူးခြားနား ပါပဲ။ Mining ကြောင့် laptop လေးလာမှာ၊ မီတာခတက်လာတာနဲ့ ယှဥ်ကြည့်လိုက်ရင် အမြတ်က မကျန်သလောက် ဖြစ်သွားပါတယ်။ PC Mining (ဒါမှမဟုတ်) Mining Rig ဆင်ပြီး mine တာမျိုးကတော့ ဖုန်း/laptop တို့ထက်စာရင် အဆင်ပြေနိုင်တဲ့ တစ်ပိုင်တစ်နိုင် mining လုပ်နည်း ဖြစ်နိုင်ခြေရှိပါတယ်။ Mining ကို တစ်ယောက်တည်း mine တာထက် စုဖွဲ့ပြီးတော့ mining pool တွေ လုပ် mine လို ရပါသေးတယ်။ အဲ့တာက တစ်ယောက်ချင်းစီရဲ့ mining power တွေကိုစုပြီး mine တဲ့အတွက် mining ပုစ္ဆာတွေကို မြန်မြန်ဖြေရှင်းနိုင်ဖို့ အခွင့်အရေးပိုရပါတယ်။ နိုင်ငံရပ်ခြားမှာနေသူတွေကတော့ စိတ်ပါပြီး အရင်းစိုက်ထုတ်နိုင်ရင် တွက်ချက်ပြီးတော့ စမ်းကြည့်သင့်ပါတယ်။

မနက်ဖြန်မှာလည်း crypto industry ထဲမှာ ဘယ်လိုဝင်ငွေရှာနိုင်မလဲဆိုတာတွေကို ထပ်တင်ပေးသွားပါမယ်။

Reference Link: https://cointelegraph.com/news/how-to-earn-passive-crypto-income-in-a-bear-market

အကူအညီလိုရင် စာရေး ဆွေးနွေးလို့ရတဲ့ Group ကတော့ ဒီမှာ join နိုင်ပါတယ်
https://t.me/myancrypto
https://t.me/myancryptochannel

Crypto နဲ့ ပတ်သက်တဲ့သင်တန်း video တွေကို ဒီမှာ လေ့လာနိုင်ပါတယ်
https://www.youtube.com/c/MyanCrypto

Crypto ကိုဘယ်ကစရမလဲ လေ့လာနေသူများအတွက် Study Room on Discord
https://discord.gg/zxJK6sVMDH

Binance Myanmar Telegram Group
https://t.me/BinanceBurmese

Trader တစ်ယောက် အတွက် မရှိမဖြစ်လိုအပ်မှာကတော့ 20% discount ရတဲ့ Binance account link ပဲဖြစ်ပါတယ် အဲ့ဒီ link နဲ့ ဖွင့်ထားတဲ့အကောင့် မဟုတ်ဘူးဆိုရင် ဒီ link နဲ့ အကောင့်သစ် ဖွင့်ပြီးမှ Trading ကိုလုပ်သင့်ပါတယ်
https://accounts.binance.com/en/register?ref=TIRSVFWP

Future Trading အတွက် Referral Code: myancrypto
Mining Account အတွက် Referral Code: E381THBL



0
0
0.000
2 comments