အပြိုင်အဆိုင်

avatar

Cryptocurrency နယ်ပယ်ဟာ နောက်ပိုင်းမှာ အပြိုင်အဆိုင်တွေများလာပြီးတော့ အပြိုင်အဆိုင်တွေကလည်း သိသာလာပါတယ်။ Crypto exchange တွေရဲ့ ပြိုင်ဆိုင်မှု၊ blockchain တွေရဲ့ ပြိုင်ဆိုင်မှုတွေအပြင် အခုဆိုရင် NFT marketplace တွေမှာပါ အပြိုင်အဆိုင်တွေ သိသာလာနေပါပြီ။

ဒီရက်ပိုင်းမှာ နာမည်ရလာနေတဲ့ Blur NFT marketplace ဟာ နာမည်ကြီး NFT marketplace တစ်ခုဖြစ်တဲ့ OpenSea ကို ခြိမ်းခြောက်လာနေပြီး OpenSea ဟာ Blur ကို ပြန်ယှဉ်ပြိုင်နိုင်ဖို့အတွက် Blur ရဲ့ အဓိက feature တစ်ခုဖြစ်တဲ့ zero-fees feature အတိုင်း platform fees တွေကို ယာယီမကောက်ခံတော့တဲ့အထိ လုပ်လာနေရပါတယ်။

အခုတစ်ခါမှာတော့ Blur ဟာ OpenSea ကို Ethereum NFT trading volume အရ ကျော်တက်သွားခဲ့ပါပြီ။ ပြီးခဲ့တဲ့ ရက်သတ္တပတ်၁ပတ်အတွင်းမှာတင်ပဲ Blur marketplace ပေါ်မှာ NFT trading volume ပေါင်း $460 million ဖိုးအထိ ရှိခဲ့ပြီးတော့ 361% အထိကို ထိုးတက်လာခဲ့တာပါ။ OpenSea ကတော့ trading volume $107 million အထိ၊ 12% သာ ရှိခဲ့ပြီးတော့ အပြတ်အသတ်နောက်ကောက်ချခံခဲ့ရတာပါပဲ။

တကယ်တော့ ၁ပတ်အတွင်းမှာ trading volume ဒီလောက်ထိ ထိုးတက်သွားခဲ့ရတဲ့အကြောင်းရင်းကတော့ Blur ဟာ BLUR token တွေကို airdrop ချခဲ့လို့ဖြစ်ပြီး BLUR ဟာလည်း market cap $466 million ရှိနေတဲ့၊ $1.20 ဝန်းကျင်ဈေးပေါက်နေတဲ့ token တစ်ခုဖြစ်ပါတယ်။ အချို့ trader တွေကလည်း airdrop ရတဲ့ BLUR token တွေကို Blur marketplace ပေါ်မှာတင်ပဲ NFT ပြန် trade ခဲ့ကြတာကြောင့်လည်း trading volume ထိုးတက်ခဲ့တာဖြစ်နိုင်ပါတယ်။ Blur marketplace ပေါ်မှာ trading volume အမြင့်ဆုံးကတော့ Yuga Labs ရဲ့ Otherside Collection ဖြစ်ပြီးတော့ Otherside metaverse ရဲ့ NFT မြေကွက်တွေ ရောင်းရနှုန်းဟာ $63 million အထိ ရှိခဲ့ပါတယ်။

ဒါပေမယ့် အခုလိုမျိုး trading volume တွေ ထောင်တက်လာတာဟာ Blur ရဲ့ marketplace ကို run ထားတဲ့ model ကြောင့် အဓိကလို့ဆိုရမှာပါ။ Blur ဟာ trading activity များရင်များသလို BLUR token တွေကို reward အဖြစ်နဲ့ ပြန်ပေးတဲ့ပုံစံမျိုးလုပ်ထားပြီးတော့ BLUR airdrop ကိုလည်း ထပ်လုပ်ပေးသွားမယ်လို့ ပြောထားပါတယ်။ ဒါကြောင့် OpenSea ကတော့ နောက်ပိုင်းမှာ Blur ကို ယှဉ်နိုင်ဖို့ ပြောင်းလဲမှုတွေ အတော်များများလုပ်ရမှာဖြစ်ပြီး အထူးသဖြင့် မြန်မာနိုင်ငံက account တွေကို မပြောမဆို ပိတ်ပစ်တာမျိုးတွေကနေ စပြင်ရမှာပါပဲ။

Reference Link: https://decrypt.co/121768/blur-opensea-ethereum-nft-trading-skyrockets

အကူအညီလိုရင် စာရေး ဆွေးနွေးလို့ရတဲ့ Group ကတော့ ဒီမှာ join နိုင်ပါတယ်
https://t.me/myancrypto
https://t.me/myancryptochannel

Crypto နဲ့ ပတ်သက်တဲ့သင်တန်း video တွေကို ဒီမှာ လေ့လာနိုင်ပါတယ်
https://www.youtube.com/c/MyanCrypto

Crypto ကိုဘယ်ကစရမလဲ လေ့လာနေသူများအတွက် Study Room on Discord
https://discord.gg/zxJK6sVMDH

Binance Myanmar Telegram Group
https://t.me/BinanceBurmese

Trader တစ်ယောက် အတွက် မရှိမဖြစ်လိုအပ်မှာကတော့ 20% discount ရတဲ့ Binance account link ပဲဖြစ်ပါတယ် အဲ့ဒီ link နဲ့ ဖွင့်ထားတဲ့အကောင့် မဟုတ်ဘူးဆိုရင် ဒီ link နဲ့ အကောင့်သစ် ဖွင့်ပြီးမှ Trading ကိုလုပ်သင့်ပါတယ်
https://accounts.binance.com/en/register?ref=XFKP2IEU

Future Trading အတွက် Referral Code: myancrypto
Mining Account အတွက် Referral Code: E381THBL



0
0
0.000
4 comments
avatar

Congratulations @myancrypto! You have completed the following achievement on the Hive blockchain And have been rewarded with New badge(s)

You received more than 3250 upvotes.
Your next target is to reach 3500 upvotes.

You can view your badges on your board and compare yourself to others in the Ranking
If you no longer want to receive notifications, reply to this comment with the word STOP

Check out our last posts:

The Hive Gamification Proposal
Support the HiveBuzz project. Vote for our proposal!
0
0
0.000