All In

avatar

ကိုယ့်လူတို့တွေ အောအင်မယ် အောအင်မယ်နဲ့ လျှောက်ပြောနေကြတာပဲ ရှိတာပါ။ တကယ်မအင်ရဲကြဘူးမလား။ အခု တစ်ယောက်ကတော့ (တစ်ယောက်တောင်မဟုတ်ပါဘူး တစ်မိသားစုလုံးလိုက်ကြီးပါ) ၂၀၁၇ခုနှစ်မှာတည်းက သူတို့အိမ်အပါအဝင် ရှိသမျှပိုင်ဆိုင်မှုတွေကို Bitcoin ထဲ အောအင်ထားကြတာပါ။ သူတို့အောအင်တဲ့အချိန်တုန်းက 1 BTC ကို $900 လောက်ပဲရှိပါသေးတယ်။ အခုချိန်မှာတော့ သူတို့ရဲ့ portfolio ဟာ 2,000% အထိတောင် ပွားနေပြီဖြစ်ပြီး သူတို့ကို The Bitcoin Family လို့လည်း သိကြပါတယ်။

The Bitcoin Family ရဲ့ အိမ်ထောင်ဦးစီးဖြစ်သူ Taihuttus ကတော့ သူဟာ Bitcoin ကို နေ့တိုင်းဝယ်နေတာဖြစ်ပြီး အခြားသူတွေ bear market မှာ ဝယ်ရမလား၊ မဝယ်ရမလား ဒွိဟဖြစ်နေချိန်မှာ သူက ဖြည်းဖြည်းချင်း ဝယ်နေခဲ့တာပါ။ ဒါပေမယ့် ၂၀၂၁ခုနှစ် နိုဝင်ဘာလမှာ BTC $55k ရောက်သွားတုန်းကတော့ Bitcoin Family Portfolio ရဲ့ 15% ကိုရောင်းထုတ်ခဲ့ပါတယ်။ အဲ့ဒီဈေးဟာ ရှဉ့်လည်းလျှောက်သာ၊ ပျားလည်းစွဲသာဈေးဖြစ်တာကြောင့် ရောင်းထုတ်ခဲ့တာဖြစ်ကြောင်းလည်း Taihuttus က ဆိုပါတယ်။

The Bitcoin Family ဟာ အခုလက်ရှိ Lagos(Portugal) မှာ BamBamBeach ဆိုတဲ့ bar တစ်ခုဖွင့်ထားကြပြီးတော့ အဲ့ဒီ bar မှာလည်း Bitcoin နဲ့ ငွေပေးချေလို့ ရပါတယ်။ Portugal မှာ မနေကြခင်တုန်းက သူတို့ဟာ ကမ္ဘာလှည့်ခရီးသွားနေကြတာဖြစ်ပြီးတော့ အခုလည်း Portugal မှာ ခြောက်လလောက်သာနေကြမှာ ဖြစ်ပါတယ်။ ဒါပေမယ့် အဲ့ဒီ ကမ်းခြေမှာပဲ bar နောက်တစ်ခု၊ sailing school တစ်ခု၊ adventure company တစ်ခုနဲ့ စားသောက်ဆိုင်တစ်ဆိုင်မှာလည်း ရင်းနှီးမြှုပ်နှံထားကြပြီးတော့ အဲ့ဒီနေရာတွေအကုန်လုံးမှာ Bitcoin နဲ့ ငွေပေးချေလို့ရအောင်လည်း စီစဉ်ပေးထားပါတယ်။

သူတို့ဟာ အဲ့ဒီကမ်းခြေတစ်ခုလုံးမှာ အကုန်လုံးကို Bitcoin နဲ့ငွေပေးချေလို့ရအောင်လုပ်သွားမှာဖြစ်ပြီး ဥရောပရဲ့ အကြီးဆုံး Bitcoin Beach တစ်ခုဖြစ်လာအောင်အထိ ဖြည်းဖြည်းချင်းလုပ်သွားမယ်လို့ ဆိုပါတယ်။ နောက်ပိုင်းမှာတော့ BamBamBeach ဆိုတာကိုပါ token တစ်ခုအဖြစ် အသွင်ပြောင်းပြီး DAO ဖွဲ့ဖို့အထိပါ စဉ်းစားထားကြောင်းလည်း Taihuttus က ဆိုထားပါတယ်။

အခုတစ်ခေါက် bear market ဟာ သူတို့အတွက်တော့ ၃ခုမြောက် bear market ဖြစ်ပြီးတော့ သူတို့ရဲ့ portfolio ထဲကနေ $1 million လောက်အထိ အရှုံးပြနေပါပြီ။ ဒါပေမယ့် သူတို့ကတော့ လုံးဝစိတ်မပူကြောင်းနဲ့ ဘစ်ကွိုင်တူးသမွန်းမှာကိုလည်း ယုံကြည်ပြီးတော့ အနာဂတ်မှာ Bitcoin ဟာ အပြင်လောကငွေကြေးတစ်ရပ်ဖြစ်လာမယ်လို့လည်း ယုံကြည်နေကြပါတယ်။

ပုံကိုတစ်ချက်ကြည့်လိုက်ပါ။ BTC ဘယ်အချိန်ဝယ်ရမလဲ မှန်အောင်မရွေးနိုင်သေးရင် ကြင်ယာဖက်တော့ မှန်အောင်ရွေးနိုင်ပါသေးတယ်။
[ဒီ post ဟာ အောအင်ဖို့ မြှောက်ထိုးပင့်ကော်လုပ်တဲ့ post လုံးဝ(လုံးဝ)မဟုတ်ပါကြောင်း။]

Reference Links: https://www.cnbc.com/2022/07/02/bitcoin-family-say-they-lost-1-million-in-value-this-year.html
https://bitcoinist.com/bitcoin-family-loses-1-million-in-bear-market-whats-next-for-them/

အကူအညီလိုရင် စာရေး ဆွေးနွေးလို့ ရတဲ့ Group ကတော့ ဒီမှာ join နိုင်ပါတယ်
https://t.me/myancrypto
https://t.me/myancryptochannel

Crypto နဲ့ ပတ်သက်တဲ့သင်တန်း video တွေကို ဒီမှာ လေ့လာနိုင်ပါတယ်
https://www.youtube.com/c/MyanCrypto

Crypto ကိုဘယ်ကစရမလဲ လေ့လာနေသူများအတွက် Study Room on Discord
https://discord.gg/myancrypto

Binance Myanmar Telegram Group
https://t.me/BinanceBurmese

Trader တစ်ယောက် အတွက် မရှိမဖြစ်လိုအပ်မှာကတော့ 20% discount ရတဲ့ Binance account link ပဲဖြစ်ပါတယ် အဲ့ဒီ link နဲ့ ဖွင့်ထားတဲ့အကောင့် မဟုတ်ဘူးဆိုရင် ဒီ link နဲ့ အကောင့်သစ် ဖွင့်ပြီးမှ Trading ကိုလုပ်သင့်ပါတယ်
https://accounts.binance.com/en/register?ref=TIRSVFWP

Future Trading အတွက် Referral Code: myancrypto
Mining Account အတွက် Referral Code: E381THBL



0
0
0.000
2 comments