သန်းခေါင်ထက် ညဉ့်နက်ချိန် ( Henry Aung )

avatar

111.jpeg

မင်္ဂလာပါ။ လွန်ခဲ့သော ရက်က ကျွန်တော့ဖခင်နှင့် စီပွားရေး အကြောင်း တိုင်ပင်ရင်း မည်သို့မည်ပုံ ရှေ့ဆက်ရမည်ကို ဆွေးနွေးခဲ့ကြပါသည်။ မိသားစု ပင်တိုင်လုပ်ငန်း ဖြစ်သော တက္ကသိုလ် စာအုပ်များ ပုံနှိပ်သည့် လုပ်ငန်းကလည်း Covid စဖြစ်ကတည်းက ရပ်ထားရသည်။

တက္ကသိုလ် ကျောင်းများ မည်သည့် အချိန် ပြန်ဖွင့် နိုင်မည်မသိသေးပါ။ ကျွန်တော့၏ ဆေးဆိုင်ကလည်း ဆေးဝါး ဈေးများ တက်လာခြင်း နှင့်အတူ လှုပ်လီလှုပ်လှဲ့။ ဆွေးနွေးရာတွင် တစုံတရာ ဆုံးဖြတ်ချက် မချနိုင်ခဲ့ပါ။ အဘယ့်ကြောင့် ဆိုသော် မရေရာသော အနာဂတ်အား ရင်ဆိုင်ရာတွင် ကြိုတင်ပြင်ဆင်ခွင့် မရှိသောကြောင့် ဖြစ်ပါသည်။

ကျွန်တော်လည်း ဘာရယ်မဟုတ် ကျွန်တော့ ဖခင်အား နှစ်သိမ့်လိုသောကြောင့် " သန်းခေါင်ထက်တော့ ညဉ့် မနက်တော့ပါဘူး အဖေရာ ... သန်းခေါင်းပြီးရင် မကြာခင် ရောင်နီ လာတော့မှာပါ " ဟူ၍ နှစ်သိမ့်လိုက်ပါသည်။

ကျွန်တော့ဖခင်က ကျွန်တော့အား ပြုံးပြီး ကြည့်ကာ ပြန်ပြောသည်မှာ " အေးပေါ့ကွာ သန်းခေါင်ပြီးရင် ရောင်နီလာရမှာပေါ့ ဒါပေမယ့် ငါ့သား မင်းဘဝမှာ သုံးခါလောက် သန်းခေါင် ကျနေမယ်ဆိုရင်​တော့ မင်းနလန်မထူတော့ဘူး" ။

ကျွန်တော့ဖခင်ရှင်းပြသည်မှာ အတော်လေး ကောင်းမွန်ပါသည်။ အဖေရှင်းပြသည်မှာ အဖေ့ဘဝတွင် စာသင်ချိန် ကာလတွင် သန်းခေါင် တခေါက်ရောက်ခဲ့သည် ၊ ထို့နောက် စီးပွားရှာ အရွယ်တွင် သန်းခေါင် တခေါက်ရောက်ခဲ့သည် ထို့နောက်ယခု တရား ရှာရမည့် အရွယ် တိုင် သန်းခေါင် ကျရောက်နေသည့် အကြောင်း ရှင်းပြပါသည်။

ရောင်နီလာချိန်တွင် ခွန်အားသစ် ဖြင့် အစမှ ပြန်စခဲ့ကြရပါသည်။ မိမိတို့ ပြန်စနေချိန်တွင် အခြားနိုင်ငံများက မိမိတို့အား ဖြတ်ကျော်တက်သွားခဲ့ပြီ ဖြစ်ပါသည်။

သန်းခေါင် အချိန်တွင် ပျက်စီးသွားခဲ့သော စီးပွားရေး ၊ ပညာရေး ၊ စိတ်ဓါတ်များ ၊ ဥစ္စာပစ္စည်းများ ဤအရာများ အားလုံး စနစ်တကျ ပြန်လည် ​အကောင်းအတိုင်း ဖြစ်ရန် ဆယ်စုနှစ် တခု စာမက ပြန်လည် ပြင်ဆင်ယူရပါသည်။

ဤကာလသည် ( သန်းခေါင်ချိန် ) ကြာသည်နှင့် အမျှ ထိခိုက်ဆုံးရှုံး မှုကလည်း များလာပါသည်။ ကျောင်း မဖွင့်သည်မှာ ၂ နှစ် နီးပါး ရှိလာပြီ ဖြစ်ပါသည်။ ယခင်က ၁၄ နှစ်သားသည် ယခု ၁၆ နှစ်သား ဖြစ်လာပြီး ။ အသက်သာ ကြီးလာသည် အတန်းပညာက မြှင့်မလာသေးပါ။

အကယ်၍ ယခု အချိန် ရောင်နီ ရောက်လာသော်မှ အဘက်ဘက်က ချွတ်ချုံကျနေသော အိမ်တွင်း စီးပွားရေးကြောင့် ကျောင်းသူ / သား ဘယ်နှစ်ယောက် ကျောင်းသို့ ပြန်ရောက်လာနိုင်ပါသနည်း။

ယခုနှစ်တွင် အင်္ဂျင်နီယာ တက္ကသိုလ် နောက်ဆုံး နှစ် ဘွဲယူရန် / ဆေးကျောင်းသူ / သား နောက်ဆုံးနှစ် ဆရာဝန် ဖြစ်ရန် စောင့်နေကြသူများ / စကောလားရှစ်ဖြင့် နိုင်ငံခြားတွင် ပညာသင်သွားရန် စောင့်ဆိုင်း နေကြသော ကျောင်းသူ / သား ပညာတတ်များ တိုင်းပြည်ကို ထူထောင်ကြမည့် ပညာတတ်လူငယ်လူရွယ်များက လက်နက်ကိုင် နေကြရပြီ ဖြစ်ပါသည်။

ကျွန်တော့ အနေဖြင့် အကျယ်ချဲ့ကာ ရေးသားလိုစိတ်မရှိတော့ပါ။ ယခု အချိန်တွင် ကျွန်တော် အတွေ့ချင်ဆုံးမှာ I2Wan ( အိုင်တူးဝမ် ) ဟူသော အမျိုးသမီး ဖြစ်ပါသည်။

ကျွန်တော့အား လဲကျတိုင်း ပြန်ထရန် ခွန်အား ပေးခဲ့သူ I2Wan အား မေးခွန်းတခုမေးကြည့်ချင်မိပါသည်။ အကြိမ်ကြိမ် ညသန်းခေါင် ရောက်နေရသော မြန်မာပြည်အတွက် နောက်တကြိမ် သန်းခေါင် မရောက်ရန် မည်သို့လုပ်ဆောင်ရပါမည်နည်းဟူသော မေးခွန်း ဖြစ်ပါသည်။

စာကြွင်း - ကျွန်တော်နှင့် I2Wan ဆောင်းပါးများအား အောက်ပါ လင့်များတွင် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။

I2Wan -1

I2Wan -2

I2Wan- 3

Henry Aung ( Kachin )

01/10/2021 - Friday - 17;52 Pm



0
0
0.000
27 comments
avatar

အင်းဗျာ
သန်းခေါင်က ကြာလိုက်တာ။
ကိုဟင်ကြောင့် I2wan ကို ကျနော်တို့လည်း ရင်းနှီးနေပြီ
ဆရာကောင်း မိတ်ဆွေကောင်းပေကိုး။
!PIZZA

0
0
0.000
avatar

လင်းကြက်တွန်လာမဲ့ အချိန်ကိုစောင့်စားရင်း.....!PIZZA

0
0
0.000
avatar

ဒီလိုပဲ အကောင်းကိုပဲ မျှော်လင့်နေရတာပါပဲ။ ဒီတစ်ကြိမ်က ၈၈ နဲ့ ၉၆ တို့တုန်းက နဲ့မတူဘူးဆိုတဲ့တစ်ချက်ပဲ မျှော်လင့်ချက်ရှိနေတယ်။ ဒါပေမယ့် ကိုယ်မျှော်လင့်တဲ့အတိုင်း ပြောင်းလဲမှုမရှိလာရင်တော့ plan B လိုမျိုးကိုယ့်ဆီမှာတော့ မရှိသေးဘူးဗျ။ အကောင်းကိုမျှော်လင့်ထားပေးမယ့် အဆိုးအတွက်လဲ plan ရှိထားရမလိုတော့ဖြစ်နေပါတယ်။

0
0
0.000
avatar

ဘာတွေဘယ်လိုဆက်ဖြစ်ကြဦးမလဲ။
တစ်ချို့တွေ လောကကြီးကို နှုတ်ဆက်သွားကြပြီ။
တစ်ချို့တွေ အိုးမဲ့အိမ်မဲ့ ။
တစ်ချို့တွေ ဘဝပျက်။
တစ်ချို့တွေ စီးပွားပျက်။
တစ်ချို့တွေ...
ဒါနဲ့ရောင်နီတွေ ဘယ်တော့ရောက်လာမလဲဆိုပြီး မျော်မျော်နေရတယ်။
တခါတလေ ဒီနိုင်ငံမှာ လူဖြစ်လာရတဲ့ မိမိကိုယ်ကိုပဲ
အပြစ်တင်မိတော့တယ်... !PIZZA

0
0
0.000
avatar

ဖြစ်သမျှအကြောင်း အကောင်းပေါ့ညီရာ... အားတင်းထား။ !PIZZA

0
0
0.000
avatar

ဟုတ်ပ ကိုဟင်ရေ သန်းခေါင်ကလည်း တော်တော်နက်လာသကိုးဗျာ။ ဘာပဲဖြစ်ဖြစ်စိတ်မညစ်နဲ့ သန်းကောင်ပီးရင် ရောင်နီဆိုတာ ရောက်လာမှာပါဗျာ၊ အားတင်းထားဗျို့။ !PIZZA

0
0
0.000
avatar

ရည်ရွယ်ရေးသားချက် ကောင်းမွန်လှပါတယ်။ နောက်ဆုံး I2Wan ကတော့ မဖြစ်မနေဖတ်ရပါတော့မည်။ ကျေးဇူးပါ။ !PIZZA

0
0
0.000
avatar
(Edited)

သန်းခေါင်းက တော်တော်နက်တယ်ဗျာ။
!PIZZA

0
0
0.000
avatar

ဒီထက်နက်လည်း ဘားမှမတတ်နိုင်တော့ပါဘူးလို့။ !PIZZA

0
0
0.000
avatar

သန်းခေါင်ယံ မြန်မြန်ကျော်ပါစေ အကို
!PIZZA

0
0
0.000