ပြောင်းလည်းလာနေသော Cryptocurrency အပိုင်း - ၄ ( Henry Aung )

avatar

111.jpeg

မင်္ဂလာပါ။ မပြီးပြတ်သေးသော Cryptocurrency အကြောင်း ဆက်ကြပါအုံးစို့။ ယခင် ဆောင်းပါးတွင် ဖေါ်ပြပေးခဲ့ပြီး ဖြစ်သည့် အတိုင်း Exchange Site များ နှင့် သုံးစွဲသူများအကြား KYC ပြသနာများကြောင့် Exchange Site အတော်များများ ပိတ်သိမ်းသွားကြပါသည်။

အထူးသဖြင့် အမေရိကန် နိုင်ငံသားတို့ အသုံးပြုသော Poloniex Exchange သည်လည်း တဖြည်းဖြည်း တင်ကျပ်သော စည်းမျဉ်းများကြောင့် သုံးစွဲသူများ ကျဆင်းလာခဲ့ပါတော့သည်။

ဆိုခဲ့သည့် အတိုင်း ထိုအချိန်က ICO များ ခေတ်စားနေချိန်ဖြစ်ရာ Token အသစ် အတော်များများက အမေရိကန်နိုင်ငံသားများအား ဝယ်ယူခွင့် ပိတ်ပင်ထားခဲ့ကြပါသည်။

Cryptocurrency လောကတွင် USD 1$ နှင့် ညီမျှသော USDT ပေါ်လာပြီးနောက်ပိုင်းတွင် စက္ကူငွေကြေးတွင် ခြိမ်းခြောက်မှူများ ရှိလာပါတော့သည်။ မိမိ ပိုက်ဆံအား ဘဏ်တွင်ထည့်ထားလျင် မည်မျှစိတ်ချရသနည်း ဟူသော ပြသနာမှာ အတော်လေး ကြီးထွားလာပါသည်။

BTC ပေါ်လာခြင်းမှာ ၂၀၀၈ ခုနှစ် တကမ္ဘာလုံးဆိုင်ရာ စီးပွားပျက်ကပ်ကြောင့် ဖြစ်ပါသည်။ ဤကဲ့သို့ စီးပွားပျက်ကပ်ဖြစ်သည်နှင့် ပထမဆုံး တင်းကျပ်ခံရသည်မှာ ဘဏ်များ ဖြစ်ပါသည်။

ဘဏ်တွင် အပ်ထားသော မိမိပိုက်ဆံသည် မိမိပိုင် မဟုတ်တော့ပါ။ ကန့်သတ်ချက်များ ရှိလာပါသည်။ ထုတ်ချင်တိုင်း ထုတ်မရတော့ ။ အတိုးနှုန်းလည်း မရသည့် အပြင် မိမိပိုက်ဆံအား ထုတ်ယူရန် ပင်ပန်း စိတ်ဆင်းရဲကြရပါတော့သည်။

ဤ အပိုင်းအား အကျယ်ချဲ့၍ ရေးရလျင် မိမိတို့ လက်ရှိကြုံတွေ့နေရသော ဘဏ်နှင့် ငွေကြေးပြသနာသည် အကောင်းဆုံးသော လက်တွေ့ ဥပမာ သာဖြစ်ပါသည်။

ဤ အခြေအနေမျိုးတွင် Cryptocurrency အားသဘောကျသော ပြောင်းလည်း လိုသော လူငယ်တို့က Decentralised Finance ( De- Fi ) တို့အား ဖန်တီးကြပါတော့သည်။ အလွယ်ပြောရလျင် Cryptocurrency အား ဘဏ်လုပ်ငန်းကဲ့သို့ လုပ်ဆောင်လိုက်ခြင်း ဖြစ်ပါသည်။

မိမိပိုင်သော Cryptocurrency အား Stack အတိုးချထားမည်လား သို့မဟုတ် ချေးငှား ကာ အတိုးယူမည်လား သို့မဟုတ် အခြား အလာအလာရှိသော Crypto project များတွင် ရင်းနှီးမြုပ်နှံထားမည်လား စသည်ဖြင့် များပြားလွန်လှပါသည်။

ဤတွင် တခု မေးစရာဖြစ်လာပါသည် ။ De-Fi များသည် မည်မျှ စိတ်ချရပါသနည်း ဟူသော မေးခွန်း ဖြစ်ပါသည်။ ဤမေးခွန်းအတွက် အဖြေမှာ သင်ပိုက်ဆံ အပ်ထားသော ဘဏ်သည် မည်မျှ စိတ်ချရပါသနည်း ဟူသော အဖြေနှင့် ထပ်တူကျမည်ဟုထင်ပါသည်။

ဥပမာ ပြရလျင် မေဖလားဝါး ဘဏ်။ အာရှဓန ဘဏ်။ Cryptocurrency တွင် Scam ရှိပါသည်။ ထို့အတူ ပြင်ပလောက ငွေကြေးတွင်လည်း Scam ရှိပါသည်။

၁၀၀ လျင် ၅ ကျပ်တိုး ရမည် ။ ပထမ ၂ လ ၃ လတွင် အတိုး ပုံမှန် ပေးမည်။ စိတ်ချရသည်ဟု ယုံကြည်အောင် ဆွယ်မည်။ လောဘတက်လာကာ သိန်း ဆယ်ချီရာချီထည့် မည်။ နောက် ၂ လခန့် အတိုးရနေ၍ ကျေနပ်နေမည်။ ထို့နောက် ကုမ္ပဏီ ပျောက်သွားမည် ။ ဘယ်လိုက်ရမှန်းမသိ။ ဤသည်မှာ ပြင်ပလောက ရှိ Scam ။

Cryptocurrency တွင်လည်း ဤ Scam မျိုးရှိပါသည်။ မိတ်ဆွေတို့ သိပြီး ဖြစ်၍ အကျယ်တဝင့်မဖေါ်ပြတော့ပါ။ Cryptocurrency လောကတွင် ဖြစ်စေ ၊ ပြင်ပလောက တွင်ဖြစ်စေ Scam များရှိသည် ဖြစ်၍ မိမိကိုယ်တိုင်လေ့လာ၍သာ ရင်းနှီးမြှုပ်နှံ မှုပြုလုပ်ရမည် ဖြစ်ပါသည်။

De - Fi အကြောင်း ဆက်ကြပါအုံးစို့။ ကျွန်တော်ရေးသားခဲ့ပြီးသော Cryptocurrency နှင့်ပတ်သက်သည့် ဆောင်းပါး အတော်များများတွင် ကျွန်တော်ဖေါ် ပြပေးခဲ့ပြီး ဖြစ်ပါသည်။ ကျွန်တော်တို့သည် ငွေကြေးဆိုင်ရာ ခေတ်ပြောင်း တော်လှန်ရေး ကာလတွင် ကျရောက်နေပြီ ဖြစ်ပါသည်။

၂၀၀၉ ခုနှစ် BTC ထွက်ပေါ်လာခြင်းမှ အစပြုသော ငွေကြေးဆိုင်ရာ ခေတ်ပြောင်း တော်လှန်ရေးသည် ဆယ်စု နှစ်တခု ကျော်လွန်လာပြီးနောက် ဤ Cryptocurrency ဟူသော အရာအား အစိုးရ အဖွဲ့ အစည်းများက ထိန်းချုပ်ရန် ကြိုးစားနေကြရပြီ ဖြစ်ပါသည်။

သို့သော်လည်း ဤ Cryptocurrency သည် Decentralised ထိန်းချုပ်ခြင်းမဲ့ ဟူသော အမည်နာမကို ခံယူခဲ့ပြီး ဖြစ်ရာ ဤ အရာအား ထိန်းချုပ်ရန်ကြိုးစားလေ ပို၍ အားကောင်းလာလေသာ ဖြစ်ပါသည်။

ထို့ကြောင့် ပါးနပ်သည့် အချို့သော အစိုးရက ဤ Cryptocurrency အား ပေါက်ကွဲ မထွက်စေရန် အချိုသပ်ထားရသလို မိမိတို့ နိုင်ငံ၏ ငွေကြေးများအား Cryptocurrency နှင့် မည်သို့ ချိတ်ဆက် လုပ်ကိုင်နိုင်ပါမည့် အကြောင်း အဖြေရှာနေကြရပြီ ဖြစ်ပါသည်။

အမှန်ဆိုရလျင် ကျွန်တော်တို့မြန်မာနိုင်ငံသည် De-Fi နှင့် အတော်ပင် အလှမ်းဝေးလွန်လှပါသည်။ အခြားသော နိုင်ငံများတွင် မိမိတို့ရသော ဝင်ငွေ၏ ၁၀ % ခန့် Cryptocurrency တွင် ရင်းနှီးမြှုပ်နှံ နိုင်ကြပါသည်။ သို့သော် မိမိတို့ သာကီမျိုးများကတော့ဖြင့် ...... Cryptocurrency နှင့် KYC အကြောင်းရေး ကာ အဆုံးသတ်မည်ဟု မျှော်လင့်ထားသော်လည်း ရေး ရင်း ရေး ရင်း ဘေးချော်ထွက်သွားသည်ကိုတော့ ခွင့်လွတ်စေချင်ပါသည်။

တခါတရံလည်း စိတ်ထဲရှိသည်တို့အား စိတ်လွတ်ကိုယ်လွတ် ရေးချင်စမ်းလှပါသည်။ " Cryptocurrency နှင့် မြန်မာတို့ အားမန် " ဟူ၍ခေါင်းစဉ်တပ်မည်ဟု စိတ်ကူးထာပါသည်။ မနက်ဖြန်တွင်တော့ KYC အကြောင်း တကယ်ကို အဆုံးသတ်ရေးပေးပါမည်။

Henry Aung ( Kachin )

27/08/2021 - Friday - 18;13 Pm



0
0
0.000
17 comments
avatar

Poloniex ကို ယခင်ကတော့ မသိဘူး။ ခုတော့ Justin ပိုင် ထင်တယ်။ !PIZZA

0
0
0.000
avatar

@kachinhenry! I sent you a slice of $PIZZA on behalf of @tin.aung.soe.

Did you know you can earn $PIZZA daily by delegating HivePower to Hive.Pizza? (8/10)

0
0
0.000
avatar

ဟုတ်ပါတယ်။ Steemit ကို မဝယ်ခင် Poloniex ကိုဝယ်တယ် ပြီးတော့ BitTorrent ကို ဝယ်တယ် ... နောက်ထပ် ဘာတွေ ထပ်ဝယ်ထားလည်း မသိတော့ဘူး။ !PIZZA

0
0
0.000
avatar
(Edited)

ကောင်းမွန်ပြီး ဗဟုသုတရပါတယ်အစ်ကို။ BTC ပေါ်လာတဲ့ အကြောင်းရယ် De-Fi ဖြစ်လာတဲ့အကြောင်းရယ် အမျိုးစုံလင်စွာ သိခဲ့ရပါတယ်။ကျေးဇူးပါ။ !LUV

0
0
0.000
avatar

အမှန်ကတော့ De-Fi က အရမ်းကျယ်ပြန့်လွန်းပါတယ်။ De-Fi project တခုနဲ့ တခုတောင် မတူပါဘူး။ !PIZZA

0
0
0.000
avatar

@uthantzin! I sent you a slice of $PIZZA on behalf of @kachinhenry.

Did you know you can earn $PIZZA daily by delegating HivePower to Hive.Pizza? (3/20)

0
0
0.000
avatar

တကယ်ကို ဖတ်ချင်နေပါပြီနော် ဖတ်ရတာ စိတ်ဝင်စားတယ်ဗျို့။
!PIZZA

0
0
0.000
avatar

Cryptocurrency ကိုက စိတ်ဝင်စားဖို့ ကောင်းနေတာရယ်။ !PIZZA

0
0
0.000
avatar

ဗဟုသုတတွေ အများကြီးရပါတယ်အကို
နောက်ထပ်အကြောင်းအရာတွေကိုလဲ ထပ်ပြီးဖတ်ချင်မိနေတယ်
!PIZZA

0
0
0.000
avatar

အတတ်နိုင်ဆုံးကြိုးစား ဖေါ်ပြပေးပါ့မယ်။ !PIZZA

0
0
0.000