ပြောင်းလည်းလာနေသော Cryptocurrency အပိုင်း - ၂ ( Henry Aung )

avatar
(Edited)

111.jpeg

မင်္ဂလာပါ။ မပြီးပြတ်သေးသော Cryptocurrency အကြောင်း ဆက်ကြပါအုံးစို့။ ယမန်နေ့က Cryptocurrency များ ပြောင်းလည်းလာသည့် အကြောင်း အခြေခံမျှ ဖေါ်ပြပေးခဲ့ပြီး ဖြစ်ပါသည်။

ယနေ့ ထိုCryptocurrency များ မည်သို့ မည်ပုံ ပြောင်းလည်း တတ်ကြောင်း ဖေါ်ပြရန်အတွက် Coinmarketcap အား အနည်းငယ်မွှေနှောက်ကြည့်ရှုရာ ထူးဆန်းသော Coin တခုအား တွေ့မိပါသည်။

ထို Coin အမည်မှာ Coin98 ( C98 ) ဖြစ်ပါသည်။ လွန်ခဲ့သော July လတွင် ဈေးကွက် အတွင်း ဝင်ရောက်လာပြီ USD 1$ ခန့်တွင် ဝယ်ရောင်းနေခဲ့ပါသည်။ သို့သော် ယမန်နေ့ညကတော့ C98 သည် ဝယ်ရောင်း အင်အား ဒေါ်လာ ၃ ဘီလီယံ နှင့် အထက်သို့ ရောက်ရှိခဲ့ကာ 1 C98 = 6 USD $ သို့ ရောက်ရှိသွားပါတော့သည်။

ကျွန်တော်လည်း ဤ Coin သည် အဘယ့်ကြောင့် ဤသို့ ထိုးတက်သွားရခြင်း အကြောင်း ရှာကြည့်သော် ... C98 သည် all in one DeFi Platform ဖြစ်ပါသည်။ ကျွန်တော်လည်း အသေးစိတ် မလေ့လာရသေး၍ ဤမျှသာ ဖေါ်ပြပေးနိုင်ပါသည်။

ကျွန်တော်တို့၏ ပြောင်းလည်းလာသော Cryptocurrency အကြောင်း ဆက်ကြပါအုံးစို့။ ယခင်ဆောင်းပါးတွင် Bifinex ၏ USDT ကိစ္စကြောင့် cryptocurrency လောကတွင် ပြသနာရှိလာသည့် အကြောင်း ဖေါ်ပြပေးခဲ့ပြီး ဖြစ်ပါသည်။

ထိုပြသနာမှာ Bitfinex မှ Cryptocurrency ဈေးကွက်တွင် USD ဈေးနှုန်းနှင့် သေချာသော ဈေးကွက် တခု ဖြစ်စေရန် USD coin တခုကို ဖန်တီးခဲ့ပါသည်။ ထိုအရာမှာ USDT ( Tether Token ) ဖြစ်ပါသည်။

USDT ဆိုသည်မှာ ထို USDT coin တခု ထုတ်လုပ်ရန် အတွက် ပြင်ပဘဏ်တွင် USD $ အပေါင်ထားကာ ထုတ်ယူရခြင်း ဖြစ်ပါသည်။ ဆိုလိုသည်မှာ ယခင်က ကျွန်တော်တို့ နိုင်ငံ ငွေကြေး ခိုင်မာစေရန် အတွက် မိမိတို့ နိုင်ငံ တွင်သုံးစွဲ ရန် ငွေကြေးအား ကမ္ဘာ့ ဘဏ်တွင် ရွှေပေါင်ထား၍ ထုတ်လုပ် သော ငွေကြေးနှင့် ဆင်တူပါသည်။

ဆိုခဲ့သည့် အတိုင်း USTD 100 coin ထုတ် တိုင်း ဘဏ်ထဲသို့ USD $100 အပ်နှံရသည့် သဘော ဖြစ်ပါသည်။ ဤတွင် ပြသနာ ရှိလာသည်မှာ ဘဏ်တွင်းသို့ အပ်နှံ၍ ထုတ်လုပ်ထားသော USDT အား Cryptocurrency မှ အတိုင်းအဆ မရှိ ထုတ်ယူလာသော အခါ ပြသနာရှိလာပါသည်။

Cryptocurrency သည် မူလသူ့သဘာဝအတိုင်း ထိန်ချုပ်မှု့မဲ့ သော ငွေကြေးဖြစ်ပါသည်။ မည်သူက မည်မျှ ပိုင်ဆိုင်သည်ကို မည်သူမျှ မသိ။ သို့သော် Bitfinex ၏ USTD ကြောင့် ဥပဒေ တခု အသက်ဝင်လာခဲ့ပါသည်။ ထိုအရာမှာ မိမိ Cryptocurrency အကောင့် မှ USD သို့ ထုတ်ယူလိုသူတိုင်း KYC ဟူသော အဆင့်ကို ကျော်ဖြတ်ရမည်ဖြစ်ပါသည်။

ဤ KYC ဟူသော အရာ မှာ မိတ်ဆွေတို့ အားလုံး သိပြီး ဖြစ်ပါသည်။ ဤသို့ဆိုလျင် Cryptocurrency အား ထိန်းချုပ်မှုမဲ့ အနေအထားတွင်ပင် ရှိစေလိုသော လူငယ်ပညာတတ်များက ထို KYC မှ ရုန်းထွက်ရန် စတင်ပြင်ဆင်လာကြပါတော့သည်။

ထိုအရာမှာ DeFi ( Decentralised Finance ) ဟူ သော အရာ ဖြစ်ပါသည်။ DeFi အကြောင်း အရာများ အား နောက်ဆောင်းပါးတွင် အကျယ်တဝင့် ဖေါ်ပြပေးပါမည်။

Henry Aung ( Kachin )

25/08/2021 - Wednesday - 18;24 Pm



0
0
0.000
25 comments
avatar

USDT ကို ဘဏ်မှာ USD အပေါင်ထားသည်ထက် ထုတ်လုပ်ခြင်းကို ဘဏ်တွေက ပြဿနာမရှာဘူးလား။ မအလ လို စိတ်ထင်သလို ထုတ်လုပ်နေတာလားဗျ။
!PIZZA

0
0
0.000
avatar

အမှန်တော့ ဘဏ်က ထုတ်တာမဟုတ်ဘူး။ လူတွေက USD $1 နဲ့ ညှိထားတဲ့ Cryptocurrency USDT ကို လိုက်ဝယ်ကြတော့ ဝယ်လိုအား တက်လာ ။ နောက်ပိုင်း ဘဏ်မှာ အပေါင် တင်သလား မတင် ဘူးလား ဆိုတဲ့ ပြသနာတွေတက်လာတာ။. !PIZZA

0
0
0.000
avatar

စိတ်ဝင်စားစရာကောင်းလာပြီး
ကိုဟင် ရေးပြတော့ ဘာတွေများ ဆက်ဖြစ်လာမလဲ
Crypto ကြီးက။
!PIZZA

0
0
0.000
avatar

@kachinhenry! I sent you a slice of $PIZZA on behalf of @htwegyi.

Did you know you can earn $PIZZA daily by delegating HivePower to Hive.Pizza? (4/10)

0
0
0.000
avatar

အစ်ကိုရေးပြမှပဲ စနစ်တကျ ပိုမိုနားလည်ပြီး ဗဟုသုတရပါသည်။ !PIZZA

0
0
0.000
avatar

တကယ်တော့ Cryptocurrency ဟာ အရှိအဟုန်နဲ့ မသိမသာ ပြောင်းလည်း နေတဲ့အရာပါ။ တကယ်လေ့လာရင် အရမ်းကျယ်ပြန့်ပါတယ်။ !PIZZA

0
0
0.000
avatar

USDT အကြောင်း ခုမှပဲ နားလည်သွားတော့တယ်။
ကျေးဇူးပါ ဆာဟင်။ ကိုယ်ဖာသာဆို ဘာမှနားလည်မှာမဟုတ်ဘူး။
ခုလိုဗဟုသုတ ရစရာများ မျှဝေပေးလို့ ကျေးဇူးအထူးပါ။
နောက်ပိုစ်တွေဖက်ရဖို့ ရင်ခုန်နေရပါပြီ။ !PIZZA

0
0
0.000
avatar

အတတ်နိုင်ဆုံးဖေါ်ပြပေးပါ့မယ်။ အစ်လည်း တတ်သလောက် မှတ်သလောက်လေးနဲ့ ရေးနေရတာပါ။ !PIZZA

0
0
0.000
avatar

ဟုတ်တယ် အကို
DiFi ကို စိတ်ဝင်စားတယ် kyc ကလွတ်အောင်
!PIZZA

0
0
0.000
avatar

@kachinhenry! I sent you a slice of $PIZZA on behalf of @naythan.

Did you know Pizzabot in Discord has a bunch of useful commands? (5/10)

0
0
0.000
avatar

လောလောဆယ် အထိတော့ KYC လွှတ်အောင်တော့ မလုပ်နိုင်ကြသေးဘူး။ !PIZZA

0
0
0.000
avatar

အသိတစ်ခုတိုးပါတယ်....DeFi အကြောင်းစိတ်ဝင်စားမိပါတယ်....သိချင်ပါတယ်....

0
0
0.000
avatar

ဟုတ်ကဲ့ အတတ်နိုင်ဆုံးဖေါ်ပြပေးပါ့မယ်။ !PIZZA

0
0
0.000
avatar

@asterkame! I sent you a slice of $PIZZA on behalf of @kachinhenry.

Did you know Pizzabot speaks Spanish if you use the command ESPIZZA? (1/20)

0
0
0.000