ကျွန်တော်နှင့် စာရေးခြင်း ( Henry Aung )

avatar

111.jpeg

မင်္ဂလာပါ ။ Hive platform တွင် ကျွန်တော် ဘာရေးရေး အမြဲတမ်း အားပေးနေသူ တယောက်ရှိပါသည်။ ထိုသူမှာ ကျွန်တော်ဘာရေးရေး ဖတ်လို့ကောင်းတယ်ဟု အားပေးသလို တခါတရံ ရပ်ကွက်ထဲက အကြောင်း သူသိသမျှ တွေ့ကြုံခဲ့ရသမျှအကြောင်း ရေးကြည့်ပါလားဟု ပြောပြတတ်ပါသည်။ ထိုသူမှာ ကျွန်တော့ အမျိုးသမီး Rose ဖြစ်ပါသည်။

သူကတော့ စာရေးကောင်းသူ တယောက် မဟုတ်သည့်တိုင် စာဖတ်ကောင်းသူ တယောက်ဖြစ်သည်ကတော့ သေချာပါသည်။ မကြာခင် @sanpyagayunar အကောင့်မှ တင်သည့် ဆေးဝါးများ အကြောင်း မိတ်ဆွေတို့ ဖတ်ရပါလိမ့်မည်။ ( ကြိုတင်ကြေညာထားခြင်းသာ )

ကျွန်တော် Steemit တွင်ရှိစဉ်က စာအတော်လေး ရေးဖြစ်ခဲ့ပါသည်။ Steemit အကြောင်း ၊ နည်းပညာများ အကြောင်း ၊ ဗဟုသုတ ရစရာများ ၊ သရော်စာ ၊ ဟာသ ( ခေတ်စမ်း အရေးအသား ) ကိုယ်တွေ့မှတ်တမ်း ( ကျွန်တော်ပြောသော စင်္ကပူ ခန်းဆက် ) စသည်ဖြင့် အတော်များများ ရေးသားခဲ့ပါသည်။

၂၀၁၇ - ၂၀၁၈ ကာလများသည် ကျွန်တော့အတွက် လက်အသွက်ဆုံးကာလများ ဖြစ်ပါသည်။ MSC ၏ အလှူအတန်း ဖြင့် မန္တလေး ရောက်ရသည့် အကြောင်း ( လွမ်းမောဖွယ်ကောင်းသော မန္တလေးညများ ) ဟာသ သရော်စာများ ဖြစ်သည့် ( Myanmar Steemit ကျေးရွာသို့ အလည် သွားသည့် အကြောင်း ) အများဆုံး ရေးဖြစ်သည်ကတော့ Cryptocurrency အကြောင်း ဖြစ်လိမ့်မည်ထင်ပါသည်။

ထိူအချိန်က​တော့ ကျွန်တော်လည်း စင်္ကပူ တွင်ရှိနေသေးချိန် အပူအပင်အနှောင်အဖွဲ့ မရှိသေးချိန်ဖြစ်၍ လက်သွက်ခဲ့သည်ဟုထင်ပါသည်။ ထို့အပြင် ထိုအချိန်က Reward ကလည်း အတော်များများ ရနေသေးသည့်ကာလဆိုတော့ စာရေးရသည်မှာ အင်မတန် အားပါပါသည်။

ကျွန်တော့ အမျိုးသမီးက မေးဘူးပါသည် ကျွန်တော်ရေးသားသော စာများ အဘယ့်ကြောင့် Facebook ပေါ်သို့ မတင်ရသည့် အကြောင်း ။ အမှန်ဆိုရလျင် ကျွန်တော့အနေဖြင့် Steemit / Hive platform ပေါ်တွင် Blogging လုပ်ရင်း အနေသားကျလာသည်နှင့်အမျှ Facebook အား သာမန် အဖြစ်သာ အသုံးပြုဖြစ်လာပါသည်။

ဥပမာ သတင်း / နည်းပညာ / မိမိလိုချင်သော information စသည်ဖြင့် မိမိကသာ Facebook မှ သိလိုသည်များကို ထုတ်ယူလိုပါသည်။ မိမိက သူထံသို့ Data သွင်းလိုခြင်း မရှိတော့ပါ။ ဆိုရလျင် Post တင်လိုခြင်း မရှိတော့ပါ။

မိမိ တို့က Facebook တွင် post တင်လိုက်ခြင်းက Facebook တွင် data ထည့်သွင်းလိုက်ခြင်း ဖြစ်ပါသည်။ Facebook က မိမိတို့ Data များအား အသုံးချကာ စီးပွားရှာနေကြခြင်းကိုသိပြီးနောက် ကျွန်တော့အနေဖြင့် မိမိရေးသားထားသော စာ/ ဆောင်းပါးများအား Facebook ပေါ်သို့ မတင်ဖြစ်တော့ပါ။

Facebook က မိမိတို့အား Like ဟူသော အရာနှင့် Emoji ဟူသော အရာများအားပြန်ပေးကာ နှစ်သိမ့်ပေးပါသည်။ Hive platform က မိမိ၏ လက်ရာများအား ထိန်းသိမ်းထားပေးသလို Voting များက မိမိအတွက် လက်တွေ့ကျသော အားပေးမှုဖြစ်စေပါသည်။ အမှန်ဆိုရလျင် ဇော်ဂျီ နှင့် ယူနီကုဒ် မကွဲခဲ့လျင် ကျွန်တော့ ဆောင်းပါးများအား တစုတစည်းတည်း သိမ်းထားနိုင်မည် ဖြစ်ပါသည်။

ဤနေရာတွင် မိတ်ဆွေအနေဖြင့် မေးစရာရှိလာသည်မှာ Hive platform ကကော မည်မျှခိုင်မာပါသနည်းဟူသော အမေးဖြစ်ပါသည်။ အမှန်ကို ဆိုပါမည် ... ကျွန်တော်လည်း မသိပါ။

သို့သော် သေချာသည် တခုကတော့ ကျွန်တော်တို့သည် Hive platform အား အမှီပြု၍ နေ့စဉ် ပြား ၅၀ ရရ / ပြား ၈၀ ရရ / ရသလောက် ရှာယူနေကြသူများဖြစ်ပါသည်။ အခြားသူငှာများက ဤ Platform တွင် ဒေါ်လာသန်း နှင့်ချီ၍ ရင်းနှီးမြုပ်နှံထားကြသူများ ဖြစ်ပါသည်။

အချုပ် ဆိုရလျင် စာရေးခြင်း အနုပညာတွင် Motivation ကအလွန်ပင် အရေးကြီးပါသည်။ မိမိ ရေးသည့်စာက ဖတ်မည့်သူ တယောက်မျှ မရှိလျင် မည်မျှပင်ကောင်းနေပါစေ ကြာလာလျင် စိတ်ဓါတ်ကျလာမည်သာ ဖြစ်ပါသည်။

ထို့ကြောင့် ဤကဲ့သို့ မဖြစ်စေရန် Community များ သို့ ဝင်ရောက်ထားကြပါရန် အကြံပြုလိုပါသည်။ ယခုနောက်ပိုင်း ဝင်ရောက်လာကြသော လူသစ်များ အနေဖြင့် English အရေးအသား အတော်ကောင်းမွန်သည်ကို တွေ့ရသည်ဖြစ်ရာ မြန်မာစာဖြင့် Post တခု English စာဖြင့် post တခု တင်ခြင်း ဖြင့် Reward များ ပိုမိုရယူ နိုင်ကြပါရန် တိုက်တွန်းလိုက်ရပါသည်။

Henry Aung ( Kachin )

02/10/2021 - Saturday - 17;47 Pm



0
0
0.000
36 comments
avatar

ဟုတ်သားပဲ about my university life ကို English လိုကြိုးစားပီးပြန်ရေးရမယ် ခုလို experience တေ sharing လုပ်ပေးတာကျေးဇူးတင်ပါတယ်ရှင့်🥰

0
0
0.000
avatar

စောင့်မျှော်လျက်ပါ။ English လိုတင်မယ်ဆိုရင် တခြား သင့်လျော်တဲ့ Community တခုကို ရွေးပါ။ Hive - Myanmar ကနေ မတင်စေချင်ပါဘူး။ Voting အရနည်းမှာ စိတ်ပူလို့ပါ။ !PIZZA

0
0
0.000
avatar

ဟုတ်ကဲ့ပါရှင့် အရင်ဆုံးကြိုးစားပီးရေးလိုက်ပါဦးမယ်🙏🥰

0
0
0.000
avatar
(Edited)

ရေးတပ်တဲ့သူရေးရင်ဘာအကြောင်းရေးရေးဖတ်လို့ကောင်းနေတာ
မရေးတပ်တဲ့ကျွန်တော်တိုစာကြတော့ ဘယ်လောက်ထူးခြားဆန်းပြားတာရေးရေး
ဖတ်လို့မကောင်း
စာလုံးကကျန် ဝါကျဖွဲ့တာကအဆီအငေါ့ကမတည့်
ကဘောက်တီးကဘောက်ချာလိုဖြစ်နေတာ
အမှန်ကစာရွက်ပေါ်ရေးရင်အဲ့လောက်မဟုပ်ဘူး အမှားနည်းတယ်
ဖုန်နဲ့စာရိုက်တော့လောကြီးပြီးစာတွေကျန်ကုန်တာလေ
အလေ့အကျင့်ဘဲပြောရမလား
အခုနောက်ပိုင်ူကိုဟင်ပြောသလို Eလိုလေးတွေရေးဖြစ်လာတယ် သိပ်တော့ဖတ်မကောင်းသေးဘူး

0
0
0.000
avatar

အလေ့အကျင့်ကောင်းရင် ဖြစ်လာပါလိမ့်မယ်။ ကျွန်တော်ကိုယ်တိုင်လည်း မြန်မာစာကို အတော်လေး ရေးယူနေရတာပါ။ အဓိကတော့ ဝေါဟာရ မကြွယ်တာရယ်... စာလုံးပေါင်း သတ်ပုံ မသိတာရယ်ပေါ့။ !PIZZA

0
0
0.000
avatar

E မကောင်းတော့ ခက်သားရယ်
!PIZZA

0
0
0.000
avatar

ဘဝတူတွေပါလို့.... မတတ်ဘူးလားဆိုတော့ တတ်တယ်.... တကယ်တတ်သလားဆိုတော့ မတတ်တော့ဘူး... !PIZZA

0
0
0.000
avatar

E လိုက ခုချိန်ထိ အထာမကျသေးဘူး ဆာဟင်ရ အာ့ကြောင့် မြန်ဂလိနဲ့ ပဲ နှစ်ပါးသွားနေရတုံး 😣

0
0
0.000
avatar

အိုး... ရေးစရာရှိတာ ရေးသာရေး .... ကိုယ်ရေးတဲ့စာ တခြားသူအတွက် အဆိပ် မဖြစ်သွားဖို့သာ အရေးကြီးတယ်။!PIZZA

0
0
0.000
avatar

ဟုတ်တယ် ခုနောက်ပိုင်း ကလေးမလေးတွေ တော်သဗျို့
E လိုရေးကြတာ ဂုဏ်ယူရပ။ ကိုယ်တွေက မြန်မာစာကို
စာလုံးပေါင်းမှန်အောင် ကြိုးစားရေးနေရ။
!PIZZA

0
0
0.000
avatar

အတူတူပါပဲ။ မြန်မာစာ ဖြောင့်အောင် မနည်းရေးနေရတာရယ်။ တခါတလေ စာလုံးပေါင်း အမှန် မသိလို့ လိုက်မေးရသေး...!PIZZA

0
0
0.000
avatar

ကိုဟင်ပိုစ်ကိုဖတ်ပီး အဲဒီ ၂၀၁၇-၂၀၁၈ steemit ကာလလေးကို အရမ်းလွမ်းမိတယ်။ ကိုဟင်ရေးလိုက်တဲ့ စတီးမစ်ရွာသို့ အလည်သွားခြင်းဆိုတဲ့ပိုစ်ဟာ ကျွန်တော့အတွက် ရှေ့ဆောင်လမ်းပြဖြစ်စေခဲ့တဲ့ပိုစ်လေးပါ။ အဲဒီ စတီးမစ်ရွာဇာတ်လမ်းကို အမှီပြုပီး ကျွန်ုပ်ကွီးရွှေ ကိုအသက်သွင်းပီး ကျွန်တော်ဇာတ်လမ်းတိုတွေ အများကြီးရေးနိုင်ခဲ့တာပါ။ ကိုဟင့်ကျေးဇူးများ တသက်မမေ့ပါ။ !PIZZA

0
0
0.000
avatar

နောက်တော့လည်း Hive - Myanmar ကျေးရွာသို့ အလည်သွားခြင်းပေါ့ ကိုရွှေဘိုရေ... ကိုရွှေဘို Hive ကို ရောက်လာတာ အားရှိချက်တော့.... ကသက် တယောက် ဘယ်လို ဆွဲခေါ်ရမယ် စဉ်စားနေတာ။ !PIZZA

0
0
0.000
avatar

ဟုတ်ကဲ့ ကိုဟင်ရေ အားရှိတယ်ဆိုလို့ ဝမ်းသာရပါတယ် ကျနော်လဲ အရင်ကလောင်လေးပြန်သွေးနေတာ အရှိန်လေး ရလာပါပီဗျ။ ကြိုးစားလျက်ပါ၊ ကိုဟင်နဲ့အတူတူ Hive-Myanmar ကျေးရွာသို့ အလည်အတူတူ သွားကြအုန်းစို့။ !PIZZA

0
0
0.000
avatar

စာအရေး ကောင်းတော့ ဖတ်ရသူလည်းစာကို ပြီးအောင် ဖတ်ဖြစ်တယ် ခင်ဗျ

0
0
0.000
avatar

ဟုတ်တယ် ကျွန်တော်လည်း Steemit နဲ့ Hive platform က post တွေ ကို Facebook ပေါ် သိပ်ပြန် share လေ့မရှိပါ။ !PIZZA

0
0
0.000
avatar

အဓိက တော့Facebook ကို ကိုယ့်အတွက်ပဲ အသုံးချချင်လို့ပါ။ သတင်းကြည့် ၊ ကိုယ်လိုချင်တာရှာယူ။ အဲသလိုပေါ့။ Hive ကြတော့ ကိုယ်စိုက်ထုတ်ထားရတဲ့ data အတွက် reward ပြန်လိုချင်လို့။ like မဟုတ်ပဲ တန်ဖိုးရှိတဲ့ Vote တွေ လိုချင်တာ။ !PIZZA

0
0
0.000
avatar

အခုတော့ ညီလည်း Facebook သိပ်မသုံးဖြစ်တော့ဘူး
!PIZZA

0
0
0.000
avatar

အတူတူပါပဲ ညီရေ... သတင်းတွေကြည့်ဖို့လောက်ပဲ သုံးနေတယ်။ !PIZZA

0
0
0.000