Cryptocurrency နှင့် ၂၀၂၅ ( Henry Aung )

avatar

111.jpeg

မင်္ဂလာပါ။ Cryptocurrency အကြောင်းပဲ ပြောစရာရှိတာမို့ Cryptocurrency အကြောင်းသာ ရေးသားရမည်သာ။ ကျွန်တော်တို့ လွန်ခဲ့သော ၃ နှစ်ခန့်က အိမ်မက်တခု မက်ခဲ့ဘူးကြပါသည်။ ၂၀၂၅ ရောက်လျင် Steemit ဖြင့် အောင်မြင်ကြကာ Cryptocurrency အား ဝင်ငွေရလမ်း အသက်မွေးဝမ်းကြောင်းကြမည့် အကြောင်း။

ထိုအိမ်မက်ကာ ၂၀၁၈-၁၉ နှစ်ကုန်ပိုင်းလောက်တွင် လွင့်ပါးကွယ်ပျောက်သွားခဲ့ရပါသည်။ ယခု ၂၀၂၀ ကုန်တော့မည်။ ကျွန်တော်တို့ ၏ Cryptocurrency လမ်းကြောင်းသည် အခက်အခဲများ အတွေ့အကြုံ အတော်များများအား ဖြတ်သန်းလာခဲ့ပြီး ဖြစ်ပါသည်။ ကျွန်တော် စဉ်းစားကြည့်သည်။ ၂၀၂၅ ခုနှစ်တွင် ကျွန်တော်တို့ ဘယ်နေရာရောက်နေကြမည်နည်း။

ဆိုလိုသည်မှာ ကျွန်တော်တို့၏ Cryptocurrency လမ်းကြောင်းသည် မည်မျှလောက်ခရီးပေါက်နေမည်နည်း။ Cryptocurrency မှ နေ့စဉ်ရသော ဝင်ငွေဖြင့် ထမင်းစားနေမည်လား သို့မဟုတ် ကျွန်တော်တို့ ခြေကုန်လက်ပန်းကျကာ Cryptocurrency အားကျောခိုင်းသွားကြမည်လား။

ယခုတလော Leofinance ဖြင့် အောင်မြင်နေကြသူတို့ အကြောင်း အတော်များများ ဖတ်ရှုရပါသည်။ ကိုဟိန်းလည်း ထိုအကြောင်းကို ရေးသားထားပါသည်။ Leo power ၅၀၀၀၀ အထက် ရှိသူတို့ လစဉ် Leofinance မှ မည်သို့ ဝင်ငွေ ကောင်း နေကြသည် ဆိုသည့် အကြောင်း။

တကယ်တမ်းဆိုရလျင် ကျွန်တော်အနေဖြင့် ရထားတစ်စီး လွတ်သွားသလို ခံစားရပါသည်။ ဤ Leofinance ဟူသော အရာမှာ ကျွန်တော်တို့ Steemit တွင်ရှိစဉ်ကတည်းက သိခဲ့ပါသည်။ ထိုအချိန်ကဝယ်စုထားခဲ့လျင် ယခုလောက်ဆို အတော်လေး အဆင်ပြေနေလောက်ပြီ ဖြစ်ပါသည်။

သို့သော် တစောက်ကန်းသည်ပဲ ဆိုမလား မထိုက်တန်သည်ဟုပဲ ဆိုမည်လား ထိုစဉ်အခါက Steem Engine အား အထင်မကြီးသလို Steem Engine မှ ထုတ်သော Leo နှင့် PAL ကဲ့သို့သော token များအား စိတ်ဝင်စားမှု မရှိခဲ့။ အမှန်ဆိုရလျင် အထင်မကြီးခဲ့။

ရုတ်တရက် Leo က ထပြီး အောင်မြင်လာသော အခါ မိမိတွင် အားကိုးလောက်စရာ leo token စုထားခြင်း မရှိခဲ့။ တွေးကြည့်လိုက်လျင် အသည်းနားဖို့ ကောင်းပါသည်။ အစကတည်းက Hive အား မသိသူ ၊ Leo အား မသိသူ တို့အတွက် တော့ ကိစ္စမရှိ။ ကျွန်တော်တို့ကဲ့သို့သော သိပြီးသားလူများ အတွက်တော့ လွတ်သည့်ငါး ပိုကြီးနေပါတော့သည်။ မချိမခံသာ ဖြစ်ရပါတော့သည်။

ယခုအချိန် Leo power 50000 ပြည့်စေရန် မြန်မာငွေဖြင့် ဝယ်ဖြည့် လျင်တောင် သိန်း ၁၀၀ ကျော် အသုံးပြုရမည် ဖြစ်ပါသည်။ ခက်သည်က ကျွန်တော်တို့ကလည်း Cryptocurrency ဆိုလျင် ဝယ်ထည့်ကာ စုရသည်ထက် Free ရကာ စုထားရသည်ကို ပိုသဘောကျသူများ ဖြစ်ပါသည်။

အခြားသူများ Cryptocurrency စုသည်နည်း မှာ မိမိကြိုက်သော Cryptocurrency အား Target ထား၍ စုခြင်း ဖြစ်ပါသည်။ ဥပမာ ၆ လအတွင် Hive မည်မျှ ရအောင်စုမည် ၁ နှစ်အတွင် ဘယ်လောက်ရရမည် စသည်ဖြင့် မိမိ ချွေးနည်းစာထဲမှ ရင်းနှီးကာ ဝယ်စုထားကြခြင်း ဖြစ်ပါသည်။ တနည်း ပြောရလျင် အနာဂတ် အတွက် စီမံကိန်း ချသည် နှင့်တူပါသည်။

မှန်ပါသည်။ သို့သော် Cryptocurrency ဝယ်စုခြင်း ဟူသည်မှာ လောင်းကစားလုပ်ရသည်နှင့် တူ သောကြောင့် ကျွန်တော်တို့ အနေဖြင့် မိမိတို့ ဝင်ငွေ မထိခိုက်စေပဲ စာရေးခြင်းနည်းဖြင့် မိမိတို့ တတ်နိုင်သော Cryptocurrency စုခဲ့ကြခြင်း ဖြစ်ပါသည်။ ပြသနာက မိမိတို့စု သော Hive က ဈေးကောင်းမလာခြင်းပင် ဖြစ်ပါသည်။

မတတ်နိုင်ပါ။ Hive ဈေးတက်ခြင်း မတက်ခြင်းသည် ကျွန်တော်တို့ တတ်နိုင်သော ကိစ္စမဟုတ်ပါ။ ကျွန်တော်တို့ အနေဖြင့်ကတော့ Cryptocurrency လမ်းကြောင်းပေါ် ရှိနေသေးသ၍ ဟိုကွေ့ရောက် ဟိုတက်နှင့် လှော် ဒီ ကွေ့ရောက် ဒီတက်နှင့် လှော် နေရုံသာ ရှိပါသည်။ အဓိက ကတော့ Cryptocurrency များ ရနိုင်သလောက် မပြတ် စုဆောင်းနေရုံသာ ဖြစ်ပါသည်။

၂၀၂၅ ရောက်လျင်တော့ Cryptocurrency ဖြင့် ထမင်းစား နိုင်လောက်ပြီဟု ထင်ပါသည်။ ကျွန်တော်တယောက်တည်းကြောင့် ထမင်းမစား နိုင်လျင်တောင် ကျွန်တော့ မိတ်ဆွေများ၏ အပြန်အလှန် အကျိုးပြုခြင်း ကြောင့် အတော်လေး ခရီး ရောက်နေလိမ့်မည်ဟု ထင်ပါသည်။

အဘယ်ကြောင့် ဆို သော် ၂၀၂၅ လောက်တွင် ကိုဒွန် ၊ ကိုဟိန်း ၊ ဦးထွေးတို့လည်း Cryptocurrency ဖြင့် သူဌေး ဖြစ်နေလောက်ပြီ ဖြစ်သောကြောင့် ဖြစ်ပါသည်။

Henry Aung ( Kachin )

07/12/2020 - Monday - 18:30 Hrs



0
0
0.000
8 comments
avatar

အို ရွှေကလောင် ငွေကလောင် ရွှေပါးစပ် ငွေပါးစပ်
ဘယ်သူတွေဘာပြောပြော တဖြည်းဖြည်းနဲ့ ရှေ့ဆက်ကြမယ်။

0
0
0.000
avatar

လှေကလေးကို လှော်မည် .... 🎼🎼🎼 လှေကလေးကို လှော်မည်...🎼🎼🎼 ဘေးမသန့်ပဲ အေးချမ်းတောါသည်.... 🎼🎼🎼🎼🎼🎼

0
0
0.000
avatar

ဇွဲရှိသူတွေ အတွက် ပန်းတိုင်တစ်ခုတော့ မလွှဲမသွေ ရောက်လာမှာပါ ကိုဟင်

0
0
0.000
avatar

တနေ့တလံ ပုဂံ ဘယ်ရွေ့ ရွေ့...

0
0
0.000
avatar

LEO ကိုတော့ ကျွန်တော်က Zero က ပြန်စရတာပါ။ ကိုဟင် ကမှ
2000 လောက် စုမိထားသေး မလား။ LP 2000 လောက်ဆို Curator တစ်ကယ် လုပ်ရင် တစ်နေ့ကို 1 Leo သေချာပေါက်ရမည်။ တစ်လ ဆို Leo 30 ...
Delegation က တစ်နေ့ 2 Leo ကျော် ဆိုတော့ တစ်လ Leo 60 ကျော် ...
ကိုဟင်က အေးဆေး တစ်လ Leo 100 နီးပါး ၊
တစ်နှစ်ဆို Leo 1000
Author နှင့် Re-invest လို့ တိုးလာတာ ထပ်ပေါင်းလိုက်ရင်
ကျွန်တော်တို့လို Zero က စသူတွေ အတွက် ရှယ်ကြီးပါဗျာ။

Myanmar Community ပြန်လည်စည်ကားဖို့ မျှော်လင့်နေဆဲပါပဲ။

Posted Using LeoFinance Beta

0
0
0.000
avatar

တွက်ကိန်းကတော့ အဟုတ်ပဲ..... ဒါပေသိ အားမလို အားမရ ဖြစ်မိတာရယ်...

0
0
0.000
avatar

သူဌေးလေးေတွဖြစ်ရင် မမေ့ကြနဲ့အုံးနော်။တပည့်လေးလောက်တော့ ခန့်ပါအုံးခင်ဗျာ။

0
0
0.000
avatar

အေးဗျာ... ခုတော့ ကြိုးစားလိုက်အုံးမယ်...

0
0
0.000