ဝေဒနာ feeling, sensation, experience
တစ်ခါတလေ ကျပြန်တော့လည်း-
"ဝေဒနာ"ကိုတော့ ခံစားရပါတယ်၊
"ဘယ်လို ဝေဒနာ"လို့ ပြော မပြနိုင်ပါဘူး။
အမည်နာမ တပ်လို့ မရပါဘူး။
အမည်နာမ တပ်ဖို့ လိုလည်း မလိုပါဘူး။
ဘယ်လို "ဝေဒနာ"ပဲဖြစ်ဖြစ်၊
ခံစားရရင် ဒီ ခံစားရမှုကို ဘက်မလိုက်ဘဲ
ရှုရုံမျှသာ ရှုနေရင် ပြီးတာပါပဲ။

ဒါကတော့ Facebook မှာတွေ့လို့ ကူးထားတာ
လေးပါ။ ဒီရဲ့အောက်မှာ ရှိပါသေးတယ်။
ကိုယ့်အတွက် ဒီအပိုဒ်လေးနှစ်ခုနဲ့တင် ပိုစ့်တင်လို့
ရသမို့ ဒီဟာလေးသာ ကူးလိုက်သည်။ ဝေဒနာ
ဆိုသည်က အများသိ၊ ကျွန်တော်တို့သိနေတာက
ရင်ထဲမှာ အခံရခက်နေတဲ့ အရာလေးဖြစ်သည်။
သို့ပေသိ တရားသဘောမှာတော့ ဝေဒနာဆိုတာက
ခင်များတို့ ကျုပ်တို့သိနေတဲ့ အရာမဟုတ်ပေဘူး။
အများသူငါ သိနေတဲ့ ဝေဒနာကဖြင့် သီချင်းစာသား
များမှာ ဒလဟောပါဝင်နေသည်။ ဘာတဲ့ ရင်ဂို
ဆိုထားတဲ့ စာသားလေး။
"ဝေဒနာလူ အတွေးလေမှာနှင်
မသေခင်တုန်း အေးချမ်းသွားပါရစေ။ တဲ့

နောက်တမျိုးရှိသေး။
"ဝေဒနာ ရင်မှာ ပိုက်ပါလို့
အမိုက်မလေးရဲ့ ရှာပုံတော်ခရီးကရှည်။
မပဋာ လက်သစ်လေးရဲ့ အဖြစ်အထွေထွေ။
အန်တီမာမာအေးရဲ့ အရှိုက် အဟိုက်တွေနဲ့
သီချင်းကလည်း ရင်ထဲ ထိပါပေတယ်။

ဆိုတော့ဗျာ ဝေဒနာနဲ့ပတ်သက်တဲ့သီချင်း၊ စာသား
များပါရင် အောက်ကမန့်မှာ ရေးပေးခဲ့ကြပါအုံး။
ကိုယ်တွေရဲ့ ဝေဒနာ ကို ကြေငြာရပါရင်
မည်သို့ ပြောရ၊ ရေးရပါ့။ အပေါ်က စာသား
အတိုင်ဆိုပါမူ။ "ဝေဒနာ"ကိုတော့ ခံစားရပါတယ်၊
"ဘယ်လို ဝေဒနာ"လို့ ပြော မပြနိုင်ပါဘူး။
အဲ့သလို ဖြစ်နေလေရဲ့။
ခေတ်ကာလက ဝေဒနာတို့ မွေးရာခေတ်ဖြစ်သည်။
ဒီတော့ လူတိုင်ကိုယ်စီ ယနေ့ခေတ်ကြီးမှာ
ဝေဒနာကိုယ်စီရှိကြသည်ပေါ့။ ဝေဒနာမရှိပါရင်
ခေတ်မမီအောင်ပင် ဖြစ်ပေမည်။ ကိုယ်မှာ
မရှိပါသေးရင်ကို မရှိ ရှိအောင် ဖြစ်စေသော
ဝေဒနာ ခေတ်ကြီးမှာ။ ပျော်ပျော်ပါးပါး
ဝေဒနာ လိုက်ကြရသမို့။
ဘယ်လို "ဝေဒနာ"ပဲဖြစ်ဖြစ်၊
ခံစားရရင် ဒီ ခံစားရမှုကို ဘက်မလိုက်ဘဲ
ရှုရုံမျှသာ ရှုနေရင် ပြီးတာပါပဲ။ တရားသဘော
ကတော့ အဲ့သလို ပြောထားပါလေရဲ့။
သို့ပေသိ အဲ့သဟာ အဲ့ ဝေဒနာကိုပင်
ကိုယ်တွေက သံသရာဆွဲဆန့်သမို့ ဘယ်လောက်ပင်ရှည်ရှည်
ဆိုသလို။ အလိုလေး ရှည်လိုက်ပါဘိ။
မပြီးနိုင် မစီးနိုင် အတော်မသတ်နိုင်ပါသလေ
ဖြစ်အောင်ကို ရှုနေပါသတဲ့လေ။
@htwegyi
April 4, 2026