သူလည်းလေ လောဘသားပေမို့။

လူ အမျိုးမျိုး၊ စိတ် အထွေထွေ ဆိုသလို။
စိတ်သည် မကောင်းမှု၌ မွေ့လျော်သည်ဟု
သိထားသည်။ မှန်ပေသည် လူသည်က
ဘုရား၊ ကျောင်းသွားဖို့ထက် ပွဲလမ်းသဘင်
သို့ပိုမို သွားချင်‌သောစိတ်က အလေးသာသည်။
ကောင်းမှုလုပ်ဖို့ အတော်တိုက်တွန်းရပေသိ။
မကောင်းမှု ပြုလုပ်ဖို့ အတွက် သုံးလေးခါ
ပြောစရာမလိုပေ။ သူသူ ကိုယ်ကိုယ် အများ
စုသည် အလွယ်လမ်းကို လိုက်ချင်ကြသည်။

ဘုရား၊ ကျောင်းသို့ သွားသည်တွင်လည်း
တရား၏ အနှစ်သာရကို ရှာဖွေမှီဝဲရမည်။
သို့သော်လည်း လမ်းကြောင်းလွဲနေသူများလည်း
ရှိပေသည်။ သို့ပေသိ အမေပြောသည့်စကား
ပြန်ပြောရပါမူ။ အိမ်မှာ နေရတာ အကုသိုလ်
ဖြစ်တတ်တယ်ဟဲ့။ ဘုရား၊ ကျောင်းသွားပါမှ
ကုသိုလ်စိတ်ကလေးဖြစ်တာ။ ဟိုစဉ်ကတော့
အမေ့ စကား ဟုတ်သလိုလိုထင်မိသည်။
ယခုအခါမှာတော့ အိမ်မှာနေနေ၊ ကျောင်းမှာ
သွားသွား ကုသိုလ်စိတ်၊ အကုသိုလ်စိတ်
ဆိုသည်က မိမိအပေါ်မှာတာ တည်ပေသည်။

မနေ့က လပြည့်နေ့အဖြစ်အပျက်ကိုရေးရပါအုံးမည်။
ကျွန်တော့်အကို တာယာပွကြီးသည်က
ယမကာဝင်ပါရင် အင်မတန်ပြဿနာရှာတတ်သူ
ဖြစ်သည်။ အဲ ဒီအတိုင်းဆိုပါမူ လူရှိသည်ဟု
မထင်ရပေ။ သို့ပေသိ လူက စိတ်အတော်တိုသည့်
သူဖြစ်သည်။ ယမကာလုလင်တို့ ထုံးစံအတိုင်း
ဝါတွင်း ဝင်ပါရင် မသောက်တော့ဟု ပြောသည်။
သူ့လက်ထဲ ငွေမရှိပါရင် မသောက်ဟုပြောသည်။

သို့ပေသိ မနေ့က သူသည် နှစ်လုံးထီ ငါးရာဖိုး
ပေါက်သည်။ ပေါက်သည် အဲ သို့ပေသိ မပေါက်ပါ
ဟုပြောရမည်။ ဂလိုဗျာ သူသွားထိုးသည်က
50 ဂဏန်းကို ငါးရာဖိုးထိုးခြင်းဖြစ်သည်။
ရေးပေးသူက 05 ကို မအာဘူးလားဟုပြောသည်။
သူက မအာဘူး ဒဲ့သာထိုးခဲ့သည်။ ဂဏန်းရေးပေးသူ
က စကားပြောရင်း 50 ကို R ဟုမှားယွင်းရေးပေး
လိုက်မိသည်။

ညနေ ဂဏန်းထွက်တော့ 05 ထွက်သည်။
အဲ့မှာ သူက မှားရေးပေးသော ဘောင်ချာဖြင့်
သွားထုတ်ခိုင်းသည်။ သူကိုယ်တိုင် သွားမထုတ်ပေ။
သွားထုတ်ခိုင်းသူက အတော်နဲ့ ပေါ်မလာပေ။
အတန်ကြာမှ ပိုက်ဆံထုတ်ကာ ရောက်လာသည်။
သို့နှင့် ဝါတွင်း အရက်မသောက်ဟု ပြောသော
တာယာပွကြီးသည် ငွေလေးရလာသဖြင့်
သူ့သူငယ်ချင်းဆိုင်ကယ်ဖြင့် ယမကာဝယ်
ထွက်သွားသည်။

သူတို့ ဆိုင်ကယ် ထွက်သွားပြီးမကြာမှီ ချဲရောင်း
သည့်သူက ပေါက်ချလာသည်။ ဟာ ကိုတာယာကြီး
က ပေါက်သီးငွေမှားယူသွားလို့ အဲ့တာ ပြန်လာယူ
တာဟုပြောသည်။ သို့ဖြင့် ထိုသူကို ခဏစောင့်ခိုင်း
ရသည်။ ခင်ဗျားတို့လူက ငွေရပြီဆိုပြီး သွားဝယ်
လေရဲ့။ အတန်ကြာစောင့်နေစဉ် ဆိုင်ကယ်ဖြင့်
ပေါက်ချလာသည်။

"ဟေ့ လူကြီး ခင်ဗျား အတော်နောက်ထာ၊
ဂဏန်းကို မအာပဲ လာထုတ်သွားတယ်"

"မသိဘူးကွာ ငါတော့ ညနေစာ ရပြီးဆိုပြီး
သွားဆွဲ လာခဲ့တာ၊ ရော့ မင်းတို့ ပိုက်ဆံ။
မင်တို့ မှားတော့ ငါက ပြန်ပေးတယ်။ ငါတို့
မှားရင် မင်းတို့က ရူးချင်ရောင်ဆောင်ကြတယ်
ငါလခွမ်း"
ဟုပြောဆိုနေကြလေသည်။
တော်ပေသေး အဆင်ပြေသွားကြသမို့။
နို့မို့ လောဘသားတွေ ဆိုသည်ကလည်း
ပြောရခက်သားမို့လား။

@htwegyi
July 10, 2025



0
0
0.000
2 comments