အလေ အလွင့်

avatar

img_0.7621092795142147.jpg

ကျုပ်တို့ မြန်မာပြည်ကြီးမှာ အလေအလွင့်
အတော်ပေါသား။ အလေအလွင့်ကိုတောင်
ကြွားပြီးသီချင်းလေးတောင်ဆိုထားသေး။

"ဆီကိုရေချိုး ဆေးရိုးမီးလှုံ"ဆိုတာ။

အမှန်ကတော့ ပေါများတယ်ဆိုတာ ကြွားတာ။
စာရေးဆရာက အလွန်အကြူးရေးထားတာ။
အတိဿရဝုတ္တိအလင်္ကာမြောက်တာပ။
တကယ်ကြီးတော့ မလုပ်ကြပါဘူး။
လုပ်လဲ အလေအလွင့်
လုပ်တဲ့ အရူးလို့ပြောကြမှာ။ဟုတ်တယ်
မဟုတ်လား ဟိုက်ပရိတ်သတ်။

အင်းနောက်ထပ် ဘာသီချင်းရှိသေးလဲ။
ဟိုဟာလေး မေဆွိတို့ သားအမိဆိုထားတဲ့

"ထမင်းရည် ချောင်းစီး မောင်းတီးလှူရန်" တဲ့
အဲ ခုခေတ် ထမင်းရည်က အရှားသား။
ထမင်းရည်တွေ ချောင်းစီး ဆိုတော့
နှမြောစရာပ။

အလေအလွင့်က ခုခေတ် ဟော့ပေါ့ အကင်ဆိုင်
ဘူဖေးဆိုတာတွေမှာ အများသား။ တစ်ဦး
တစ်သောင်းကျော် ဆိုလား အစားအစာပေါ်
မူတည်ပြီး ဆိုင်တွေက ဈေးကြီးသည်။
ကိုယ်ယူတဲ့ အသား၊ငါး စားလို့ မကုန်ရင်
လျော်ကြေးပေးရတာ။ အဲလျော်ကြေး
မပေးချင်တော့ တိတ်တိတ်လေး ပိုတာတွေ
အမှိုက်ပုံထဲထည့်ကြတာ နှမြောစရာ။

20171223_095153.jpg

သူများနိုင်ငံတွေ ချမ်းသာတိုးတက်ကြတာ
စည်းကမ်းနဲ့ အလေအလွင့်ကို ထိန်းသိမ်း
ကြသည်။ ဆရာတော်အရှင်နန္ဒမာလာဘိဝံသ
ဆရာတော်ကြီးဟောထားသည်။ ‌ဆရာတော်
တောင်ကိုရီးယားသွားစဉ်က ဆွမ်းစားရန်
သပိတ်ကပ်ကြသည်။ သူရို့သပိတ်က
အလယ်ပန်းကန် တလုံစာရှိသည်။
ထိုသပိတ်ထဲ ဆွမ်း၊ ဆွမ်းဟင်းများရော၍
ပုံပေးသည်။ ပြီးတော့ ဆရာတော်ကြီးကို
ပြောသည်။

"အရှင်ဘုရား ဒီသပိတ်ထဲက ဆွမ်းတွေကို
ကုန်အောင် ဘုန်းပေးပါဘုရား၊ မကုန်ရင်
တပည့်တော်တို့ စားပါမည်ဘုရား" ဟု
လျောက်တင်ကြသည်။

သူများနိုင်ငံတွေက အချိန်ကိုပင်
အလေအလွင့်ကို မရှိစေရပေ။
စင်ကပူ က လီကွမ်ယုသည်
ဥရောပနိုင်ငံများနှင့် အလုပ်လုပ်သည့်
ဟောင်ကောင်ကို အတုယူသည်။ စင်ကပူ
အချိန်ကို ဟောင်ကောင်နှင့် တန်းတူထား၍
အချိန်တနာရီ စောစေခဲ့သည်။

စင်ကပူက မနက် လေးနာရီ ငါးနာရီထပြီး
အလုပ်လုပ်နေချိန် ကျုပ်တို့က စောင်ခြုံပြီး
အိပ်ကောင်းနေကြသည်။ စောင်မခြုံပဲ
အလုပ် လုပ်သူတွေကတော့ ချမ်းသာမှာပေါ့လေ။
ရွဲ့ပြီး ပဲပြုတ်သည်တွေက မချမ်းသာဘူးလားလို့
မမေးနဲ့နော် သိဘူး ဒါပဲ။

@htwegyi
20-10-2021



0
0
0.000
7 comments
avatar

မေးစရာမလိုဘူးလေ ဦးထွေး.... စင်္ကပူမှာ ပဲပြုတ်သည် မရှိဘူး... ဝယ်စားချင်ရင် လာတန်းစီ....ပြောချင်တာ... ဘယ် ဈေးသည်မှ လမ်းတကာ အာပြဲအောင် လိုက်မရောင်းဘူး... သူရို့ရှိတဲ့နေရာ သွားဝယ်စားရတာ။ သူများ အိပ်နေတုန်း အာပြဲအောင် အော်ရောင်းကြည့်.... ပတ်ဝန်းကျင်ကို အသံနဲ့ နှိပ်စက်မှု ... ရှင်းပေရော့... !PIZZA

0
0
0.000
avatar

အင်းဒါဆို ပဲပြုတ်သည်အပြင် ဆိုင်ကယ်တွေနဲ့
အော်လံသေးလေးတွေကို အသံသွင်းအော်ပြီးရောင်းတဲ့
ဈေးသည်တွေ မလွယ်ဘူးမှတ်။

0
0
0.000
avatar

တို့နိုင်ငံက နိုင်ငံတကာဥပဒေနဲ့ တည်ဆောက်ရပ်တည်မယ်ဆိုရင် လမ်းဘေးဈေးသည်တွေငတ်ကုန်မှာဗျ။ 😃

0
0
0.000
avatar

ဒါလဲ ဟုတ်သပ။

0
0
0.000
avatar

အားလုံးဟာ စည်းကမ်းပေါ်မှာ မူတည်နေတဲ့ သဘောပေါ့...!PIZZA

0
0
0.000
avatar

စည်းကမ်း လိုက်နာ ဘေးကင်းကွာ။

0
0
0.000