ငရုပ်သီးကြော်

avatar

img_0.7621092795142147.jpg

ဆီစားလို့ အသားမဖြစ်၊ ရောဂါသာရပေသည်။
သို့ပေသိ ငထွေးတို့ မြန်မာလူမျိုးက ဆီရွှဲရွှဲလေးမှ
အရသာရှိသလို စားကောင်းသည် စားဝင်သည်ဟု
ထင်မှတ်ယူသူများလည်းရှိသည်။ လက်ဖက်ဆို
ဆီ အိအိလေးမှ၊ ငါးခြောက်ဆို ဆီရွှဲရွှဲလေးမှ
အရသာရှိတယ်ထင်သည်။ ငထွေးအမ
စနေသမီးက ဆီအသုံးကြမ်းသည်။ အထူးသဖြင့်
ငရုပ်သီးခြောက်ကို စက်ဖြင့် ကြိတ်၍
ကြက်သွန်နီ၊ ဖြူများဖြင့် ကြော်စားသည်။

ငထွေးက မျက်စိကြောင့် ငရုပ်သီးအစပ်
လျော့စားသည်။ အင်မတန်စားချင်ပါက
ငရုပ်သီးစိမ်းကိုစားသည်။ ငရုပ်သီး
ခြောက်ထက် အစိမ်းက အနည်းငယ်
သက်သာသည်ဟုထင်မိသည်။ ငရုပ်သီခြောက်
တစ်ဆယ်သားကို ကြော်ထားပါက
နှစ်ရက်ခန့်သာ စားရသည်။

ငရုပ်သီးကြော်ကို စနေသား အကို၊ အမ
နှစ်ဦးစလုံးက ကြိုက်သည့်အပြင် တူမ
ကလည်း အလွန်စားသည်။ တနေ့က
အကိုဖြစ်သူက ငရုပ်သီးကြော်ပန်းကန်ကို
ကြည့်၍

"နင်တို့ ငရုပ်သီးကြော်က ငါတယောက်ထဲ
စားရင်တောင် ကုန်သေး"

ထိုအခါ အမက

"အမ‌လေး အဲ့တပန်းကန်ကုန်အောင်
စားလို့ကတော့ အိမ်သာတက်ရင် နင်
သေပြီသာမှတ်ဟဲ့" ဟု ပြောရသည်။

ငရုပ်သီကြော် မကြာခဏ ကြော်၍
ဆီကုန်လေသည်။ ထိုအခါ အမေက

img_0.9157547624808035.jpg

"ဟဲ့ နင်တို့ ငရုပ်သီးကြော်က ဟင်းမဖြစ်ဘူး၊
ဆီလည်းကုန်သေး၊ ဆီကို မခံနိုင်ဘူး
တပတ် နှစ်ပတ် ခြားပြီးမှ ကြော်စားကြ၊
ဆီဖိုးနဲ့ မွဲလိမ့်မယ် ဝင်ငွေ မရှိပါဘူဆို
ငရုပ်သီးကြော် ပြိုင်စားနေကြတယ်"

ယနေ့ ဆီကုန်၍ မြို့ထဲရှိ ဆီစက်ကို
ဖုန်းဆက်မှာရသည်။ ဆီလာပို့သည့်
ကလေးက မျက်စိ မျက်နှာမကောင်းပေ။
ဆီပုံးပေးရင်

"ဆီလာပို့တာ ကံကောင်းလို့ 62လမ်း မှာ
စစ်နေတာတွေ့လို့ ကွေ့ပတ်မောင်းလာရတာ။
လူလိုင်စင်ကတော့ ရတယ်၊ ဆိုင်ကယ်က
သက်တမ်းလွန်နေပြီ ဒါကြောင့် ကွေ့ပတ်
မောင်းလာရတာ နည်းနည်းကြာသွားတယ်"

"ရပါတယ်ကွယ် သတိထားမောင်းပေါ့၊
‌ရှေ့မှာ လူစုစုရှိရင် နောက်ပြန်သာလှည့်၊
လမ်းကြားတွေက ရှောင်မောင်း သူတို့တွေ့နဲ့
ထိပ်တိုက်မတွေ့စေနဲ့၊ မတွေ့တာအကောင်းဆုံး
ပဲ"

ဟုတ်ကဲ့ဟု ပြောရင်း ဆီပို့သည့် ကလေးက
ဆိုင်ကယ် ပြန်လှည့်မောင်းသွားသည်။
ထိုကလေး၏ နောက်ကျောကို ကြည့်ရင်း
အင်း ဘယ်တော့များမှ ထိတ်လန့်မှုတွေ
ပြီးဆုံးမလဲ၊ အမြန်ဆုံးသာ ပြီးပါတော့ဟု
ဆုတောင်းမိသည်။

@htwegyi
22-11-2021



0
0
0.000
17 comments
avatar

သွားသတိ လာသတိရှိတာ ကောင်းပ့တယ် သတိဆိုတာ ပိုသည်မရှိ !PIZZA

0
0
0.000
avatar

ဟုတ်ပါတယ်ကွယ်

0
0
0.000
avatar

ငရုတ်သီးစားရင် မျက်စိကြည်တယ် ဟုတ်ဘူးလား

!PIZZA

0
0
0.000
avatar

ဟင် ကြားဖူးပေါင် ဟုတ်ရဲ့လားဗျ။
!PIZZA
!LOLZ

0
0
0.000
avatar

Why did the hospital send all the nurses to art school?
So they could learn to draw blood.

@tin.aung.soe, I sent you an $LOLZ on behalf of @htwegyi
Use the !LOL or !LOLZ command to share a joke and an $LOLZ. (4/6)

0
0
0.000
avatar
(Edited)

PIZZA! PIZZA! PIZZA! PIZZA!

PIZZA Holders sent $PIZZA tips in this post's comments:
htwegyi tipped tin.aung.soe (x1)
kachinhenry tipped htwegyi (x1)
tin.aung.soe tipped htwegyi (x1)
@uthantzin(6/10) tipped @htwegyi (x1)

You can now send $PIZZA tips in Discord via tip.cc!

0
0
0.000
avatar

Congratulations @htwegyi! You have completed the following achievement on the Hive blockchain and have been rewarded with new badge(s):

You published more than 900 posts.
Your next target is to reach 950 posts.

You can view your badges on your board and compare yourself to others in the Ranking
If you no longer want to receive notifications, reply to this comment with the word STOP

To support your work, I also upvoted your post!

Check out the last post from @hivebuzz:

Hive Power Up Month - Feedback from Day 18
0
0
0.000
avatar

ငရုတ်သီး ကို ဒီအတိုင်း ကြက်သွန်နဲ့ပဲ ကြော်တာလား... ငါးခြောက် / ပုဇွန်ခြောက် မထည့်ဘူးလား..?!PIZZA. !LOL. !LUV

0
0
0.000
avatar

ဘာမှ မထဲ့ဘူး ကြက်သွန်နီ ဖြူ သာထည့်ကြော်တာ ကြမ်းချက်။

0
0
0.000
avatar

နင့်အမငရုတ်သီးကြော်ကိုတော့ ကြွေတယ်။ နည်းမေးထားအုံး။
နောက်နေ့ဖုန်းဆက်မယ်။

0
0
0.000
avatar

ကဲ အဲ့မှာ နွယ်ဦးမွန် တောင် ငရုပ်သီးကြော်ကို လာအားဖြည့်တာ။

0
0
0.000
avatar

ဟုတ်တယ်မြန်မြန်အောင်မြင် ပြီးဆုံးချင်ပါပြီ....!PIZZA

0
0
0.000
avatar

ပြီးဆုံးအောင်မြင်စေချင်ပ

0
0
0.000
avatar

ငရုပ်သီးကြော်ကတော့ ရှယ်ကြိုက်တာနော် !LOLZ

0
0
0.000
avatar

အတော်စားတယ်အဖွဲ့

0
0
0.000
avatar

င ငရုပ်သီးထောင်း စားလို့ကောင်း !LOLZ

0
0
0.000
avatar

အစပ်မပါရင် မျိုမကျဘူးပ

0
0
0.000