My Cleanplanet activities for Super Sunday.(4-2-2024)

I am every Sunday
Garbage from around the house
Collected.
Today (4-2-2024) is Sunday
Fourteenth garbage collection
is.

ကျွန်တော်သည် တနင်္ဂနွေနေ့တိုင်း
အိမ်အနီးပတ်ဝန်းကျင်မှ အမှိုက်များကို
ကောက်ယူပါသည်။
ယနေ့ (4-2-2024) တနင်္ဂနွေနေ့သည်
ဆယ့်‌လေးကြိမ်မြောက် အမှိုက်ကောက်ယူခြင်း
ဖြစ်သည်။

ပြီးခဲ့သော တနင်္ဂနွေနေ့က အမှိုက်မကောက်ခဲ့ပါ။
အခြားအလုပ်များနှင့် မိတ်ဆွေရှိရာ အလည်သွား
နေ၍ဖြစ်သည်။ အမှိုက်ကောက်ရသည့်အခါမှာ
ပလပ်စတစ်တခါသုံး ကြွတ်ကြွတ်အိတ်က
များသည်။

သိတော်မူသကြသည့်အတိုင်း ကျုပ်တို့လူမျိုးက
အလွယ်တကူပစ္စည်းကို လွယ်ကူစွာသုံးကြသည်။
အလွယ်တကူသုံးပြီး အလွယ်တကူလွင့်ပစ်သည်။
မြို့ပြင်၊ ရွာပြင်ကားလမ်းဘေးများနှင့်
ရထားသံလမ်းဘေးများမှာ မြင်မကောင်အောင်
ဖြစ်သည့် ထိုအိတ်များက နေရာယူထားသည်။

ဟိုးအတိတ်မှာတော့ အမှိုက်ကောက်ခြင်းကို
ဦးဆောင် ပညာပေးခဲ့ကြသည်။ ထိုအခါက
အမှိုက်များ အတော်ကို ရှင်းသွားခဲ့သည်။
အမှိုက်များကိုလည်း စနစ်တကျပစ်တတ်အောင်
ပြုပြင်ခဲ့သည်။ လမ်းပြပေးခဲ့သည်။ စည်းရုံ
ခဲ့သည်။

အတော်ကို တိုးတက်လာပြီး အရှိန်လေးရမည်
အစမှာပင် အလုံးစုံဖျက်စီးခြင်းခံခဲ့ရသည်။
ယခုတော့ အရှိန်လည်းရပ်၊ အမှိုက်များလည်း
တလစပ် ဆိုသလို လမ်းဘေး၊ တိုက်ကြိုကြား
နှင့် မြောင်းတွေထဲမှာ အစုလိုက် အပုံလိုက်
နေရာယူလာကြလေတော့သည်။

@htwegyi
February 4, 2024



0
0
0.000
4 comments