ကျောက်ဖရုံသီး Benincasa hispida

အိမ်ခြံစည်းရိုးမှာ ကျောက်ဖရုံပင်ပေါက်နေသည်။
ဈေးမှ ဝယ်ယူခဲ့သော ကျောက်ဖရုံသီးကို ချက်စားပြီး
အစေ့များကို ခြံစည်းရိုးဘေးကျဲချထားသည်။
ထိုအစေ့များက မိုးရာသီမှာ အပင်ပေါက်လေးများ
ထွက်လာသည်။ အပင်ပေါက်လေးများမှ သုံးပင်က
ကောင်းသွာရှင်သန်သည်။

ကျောက်ဖရုံ သုံးပင်မှာ အပြိုင်အဆိုင်ကြီးသည်။
အပြိုင်ကြီးလာသော ကျောက်ဖရုံ အညွန့်များကို
ရှဉ့်အုပ်စုက အပြိုင်အဆိုင် လာစားကြသည်။
ရှဉ့်တို့က အရွက်နုနှင့် အညွန့်များကိုစားသည်။
အရိုးနုများကို ကိုက်ဖြတ်စားသည်။

ရှဉ့်ဒဏ်မခံနိုင်၍ သုံးပင်အနက်မှ တပင်က
သေသွားသည်။ ကျန်နှစ်ပင်မှ အလယ်အပင်သည်
အသီးနုလေးများသီးလာသည်။ အပွင့်ဝါဝါများက
ဝါဝင်းနေအောင်ပွင့်ကြသည်။ ကျောက်ဖရုံပွင့်တို့
၏ ပွင့်ဖတ်များက ကြီး၍ ဝါဝင်းသည်။
အပွင့်ကြီးသည်။ ကြည့်၍ ကောင်းသည်။

အပွင့်က ဝါပြီးလှသော်လည်း သူ့အရိုးနှင့်
အရွက်များက ကြမ်း၍ဆူးနုလေးများပါရှိသည်။
ထိုဆူးနုလေးများက လက်ကိုစူးသည်။
အသီးနုတွင်လည်း ဆူးနုလေးများပါရှိသည်။
အသီးနုလေး သုံးလုံးသီးသော်လည်း
ကြီးထွားမလာပေ။ နှစ်လုံးက ညှိုး၍ ပုတ်သွားသည်။
အနည်ငယ်ကြီးသော အသီးကို ပြုတ်၍
ငံပြာရည်ချက်ဖြင့်တို့စားသည်။ အနည်းငယ်
အချဉ်ဓာတ်လေးပါသည်။

ယခုတော့ အပင်သုံးပင်အနက် တပင်သာ
ရှင်သန်တော့သည်။ ထိုကျန်ရှိသော အပင်မှ
ကျောက်ဖရုံသီးတလုံးကတော့ ကြီးထွားလာနေသည်။
အသီးအရှည်က တပေခန့်ရှိသည်။ မည်မျှကြီးထွား
လာမလဲစောင့်ကြည့်နေရသည်။ ကျောက်ဖရုံသီး၏
အကြောင်း ဂူဂဲလ်မှာရေးသားထားသည်ကို အနည်းငယ်
ရှာဖွေတင်ပြလိုက်ပါသည်။

ကျောက်ဖရုံသီးကို သိပ္ပံအမည်အနေနဲ့ Benincasa
hispida လို့ခေါ်ပြီး အရှေ့တောင်အာရှကနေ
စတင်စိုက်ပျိုးတွေ့ရှိခဲ့တယ်လို့ ဆိုပါတယ်။

ကျောက်ဖရုံသီးမှာ ရေဓာတ် ၉၆ ရာခိုင်နှုန်းပါဝင်ပြီး
ကယ်လိုရီ၊ အဆီ၊ ပရိုတိန်းနဲ့ ကာဘိုဟိုက်ဒရိတ်
နည်းပါတယ်။ အမျှင်ဓာတ်ကြွယ်ဝပြီး အာဟာရဓာတ်
အမျိုးမျိုး ပါဝင်ပါတယ်။

အဆိုပါအာဟာရဓာတ်များအပြင် ကျောက်ဖရုံသီးမှာ
သံဓာတ်၊ မဂ္ဂနီဆီယမ်၊ ဖော့စဖရပ်၊ ကြေးနီ၊ မဂ္ဂနိစ်နဲ့
ဗီတာမင်ဘီအုပ်စုတွေ ပါဝင်ပါသေးတယ်။ ဓာတ်တိုး
ဆန့်ကျင်ပစ္စည်းအနေနဲ့ ဗီတာမင်စီအပြင် flavonoids နဲ့ carotenes ပါဝင်ပါတယ်။ ဒီပစ္စည်းတွေဟာ
အမျိုးအစား ၂ ဆီးချိုနဲ့ နှလုံးရောဂါဖြစ်နိုင်ခြေတွေကို
လျော့ကျစေပါတယ်။

သုတေသနတွေအရ ကယ်လိုရီနည်းပြီး ရေဓာတ်သိပ်သည်းတဲ့ အစားအစာများဟာ ကိုယ်အလေးချိန်လျှော့ချရာမှာ အထောက်အကူပြုပါတယ်။
ဆိုသည့်အကြောင်း တင်ပြလိုက်ပါသည်။

@htwegyi
December 26, 2023



0
0
0.000
4 comments