ကိုယ်နဲ့မှ တိုက်တိုက်ဆိုင်ဆိုင်
စာရေးဖို့ ပျင်းသည်။ Hive ဈေးက သာ၍
ပျင်းစရာကောင်းသည်။ ကိုဟင်ရဲ့ မအေး
ကိုဖတ်ပြီးယားကျိကျိ အကြွေးတွေနဲ့ဆိုတော့
စာရေးရပြန်ပါသည်။ ယခုတလော ကိုယ်တွေက စာရေးဖို့ပျင်းကိုယ်တွေရဲ့ခေါင်းဆောင်
ကိုဟင်ကတော့ဟော့တစ်ပုဒ် ၊ ဟော့တစ်ပုဒ်
post တွေရေးတင်နေလေရဲ့။
သူတောင်ရေးတာ ကိုယ်တွေလည်းမခံချင်စိတ်နဲ့
စာပြန်ရေးရတာပေါ့။ အရှုံးမပေးပါဘူး 😁။
ယခုတလော စိတ်ပင်ပန်း၍ စာမရေးဖြစ်ပါ။
ကိုယ်တွေရဲ့ hive ဈေးကလည်း စာရေးချင်စိတ်
ကုန်အောင် ဈေးကောင်းတာကို။ ဈေးကျလည်း
တာဝန်အရ သဘောထားရေးရတာပ။
ယခုတလော စာရေးပျင်းပါတယ်ဆို ecencyမှာ
မန့်ရေးမရ။ ဘာဖြစ်လဲမသိ။ အချို့တွေ leo မှာ
အဆင်ပြေနေကြသည်။ ကိုယ်တွေက hive မှာ
တဝဲလည်လည်။ ကိုယ်တွေက leo ရဲ့ down vote မိထား ထိထားတော့ ဘာမှလုပ်မရ။
သူများတွေကိုကြည့်အားကျ။ သဘောကျ၍
leo မှာ voteသွားပေးတော့လည်း vote
ပေးမရ။
အဲ leo မှာ vote ပေးမရဘူးဆိုမှ ယခုပိုစ့်အတွက်ပုံရရန် leo သို့သွား၍ Screen Shot ရိုက်ပြရန် သွားပြီး vote ပေးသည့်အခါ သကောင့်သား
leo က vote ပေး၍ရနေပြန်သည်။ အဲ ဒါကြောင့်
ပြောတာ ငယ်စဉ်ကကြားဖူးသည့် လူရွှင်တော်များ
ပျက်သည့် ပျက်လုံးလို။
သူနဲ့ကျမှ တိုက်တိုက်ဆိုင်ဆိုင် ဆိုသလို။
မီးမလာတာကြာ၍ ပစ်ထားသည့်ဓာတ်ကြိုး
ကိုယ်ကောက်ကိုင်လိုက်မှ မီးလာ၍
လျှပ်စစ်စီးကာ ဓာတ်လိုက်ခံရသလိုမျိုး။
အဖြစ်က မနှစ်နဲ့မတူ။ မတူဆိုသလို
ယခင်နှစ်များက steem ဈေးတက်စဉ်
ပျော်ခဲ့ရတာပ။ ယခုနှစ်မှာတော့
ဈေးတွေကကျ ကိုဗစ်က ခွနဲ့ မဟန်ပါဘူး
ကွယ်ရို့။
ဟုတ်ပါ့ဗျာ။ တွန်းအားလေးဖြစ်အောင် Hive ရေ....
ပြား၅၀ ပဲ တက်ပေးပါနော်။
ကဲ ဟိုက် ကြားတယ်နော် တက်ပေးလိုက်စမ်း အပြောမခံနဲ့ ဟွင့်။
ဟုတ်ပါ့။ ဈေးတွေကကျ ကိုဗစ်ကခွ... လူတွေလည်း နာလန်မထူ နိုင်တော့ဘူး။
နှစ်ချီခဲ့လေ တော်ရုံလုပ်ငန်းရှင်တွေနဲ့ ခရီးသွားလုပ်ငန်းလုပ်သူတွေ ဒုက္ခရောက်ရှာကြတာပ။