ကိုဗစ်ရောဂါနှင့် စိတ်
ကိုဗစ် အတော်ဆိုးသည့် ဗိုင်းရပ်စ်။
နှစ်ကုန်ရင် ဆေးပေါ်မည်ကြားသိရသည်။
ဆေးရဖို့ နှစ်လ လိုသေးသည်။
နှစ်မကုန်မီ သေသူတို့က များလှပေသည်။
တစ်နေ့ တစ်နေ့ 20ကျော် 30ကျော် သေဆုံးနေသည်။ မနေ့ကတော့ 18ဦးသေဆုံးသည်။
သေသူ လျှော့သွား၍ တော်သေး။ ယခုလို
တစ်ဖြေးဖြေးနဲ့ သေဆုံးသူများ လျှော့နည်းသွား
ပါက မည်မျှကောင်းပေမည်နည်း။
ကိုဗစ်သည် လူတို့အားစိတ်ဒုက္ခပေးသည်။
တစ်နေ့က ပြီးခဲ့သည့် သောကြာနေ့က
ကျွန်တော်တို့ရုံးပေါ်သို့ အောက်ရုံးမှ ဝန်ထမ်း
တစ်ဦးတက်လာသည်။ အဆိုပါ ဝန်ထမ်းက
ရုံးပေါ်ရှိ စာရေးမတစ်ဦးထံ စာရင်းဇယား
လာလုပ်သည်။ အဆိုပါစာရေးမနှင့် ထိုဝန်ထမ်း
စာရင်းပြုလုပ်နေစဉ် အောက်ရုံးမှ ဝန်ထမ်းက
ပြောသည်။
ပြီးခဲ့သည့်ရက်များက သူနေမကောင်း၍
ဆေးခန်း သွားပြသည့်အကြောင်း ပြောသည်။
တစ်ခါတစ်ရံ အနံ့ပျောက်ပျောက်သွားကြောင်း
ပြောလေသည်။ သူတို့စကားပြောနေသည်ကို
ဘေးမှ စာရေးမတစ်ဦးကကြား၍ အခြားရုံးသူ
ရုံးသားများကို အနံ့ပျောက်သည့်အကြောင်း
ဖောက်သည်ချသည်။
ထိုသို့ မနက်ပိုင်းပြောဆိုကြပြီး နေ့ခင်းပိုင်းတွင်
တိုက်တန်း၌ ကိုဗစ်လူနာတွေ့၍ PPE ဝတ်စုံများ
ဖြင့် လာရောက်ခေါ်သွားကြောင်း သတင်းကြားရသည်။ ထိုသူမှာ အောက်ရုံးမှ လူဖြစ်သည်ဟု
ကြားသိရသောအခါ ကျွန်တော်တို့ရုံးအဖွဲ့
ကမ္ဘာပျက်ပါတော့သည်။ ရေနွေးကြမ်း
သောက်သူ သောက်၊ ဖျားချင်သလိုလို
ဖြစ်ချင်သူ ဖြစ်ကာ ဖုန်းများဖြင့်
အသီးသီး တိုက်တန်းသို့၊ အောက်ရုံးသို့
ဆက်သွယ် မေးကြပါလေတော့သည်။
တိုက်တန်းသို့ PPE ဝတ်စုံများဖြင့် လာခေါ်သည်မှာ
ယခင်နေ့က ဟော်ကုန်းဝင်းအဆက် ထိတွေ့သူများ
အနက်မှ ကျန်ရှိသူကို လာခေါ်ခြင်းဖြစ်ကြောင်း
သိရ၊ ကြားရပါမှ ရုံးအဖွဲ့သားများ အသက်ပြင်းပြင်း
ရှုနိုင်ကြပါတော့သည်။ လူတို့စိတ်က ဆန်းကြယ်
ပေစွ။ စိတ်ကြောင့် အမျိုးမျိုးပြောင်းလဲ
နိုင်ပေသည်။
https://twitter.com/Htwegyi1/status/1315953074171596803
ဂရုတစိုက် နေပါဗျာ
သတိတော့ထားနေပါတယ်
ဘေးကင်း ကျန်းမာပါစေ
ဆုလဲတောင်း သတိလည်းထားနေရပါ့
ကြောက်စရာ ကိုဗစ်
ကြောက်စရာပါ
စိတ်တင်းထားပါ ကိုဗစ်ကို အနိုင်ချ
ဟုတ်ကဲ့ပါ ဗျာ