ကင်းမုန်သီး ကို အကြောင်းပြု၍

avatar
(Edited)

img_0.7621092795142147.jpg

ကျွန်တော်တို့အိမ် ခြံစည်းရိုးမှာ ကင်းမုန်သီး
ပင် သုံးလေးပင်မှ နွယ်များတက်နေသည်။
ထိုနွယ်များမှ ကင်းမုန်ပွင့် ဖွေးဖွေးလေးများ
ပွင့်ကြသည်။ တနွယ်ကို လေးငါးခြောက်ပွင့်
အထက်ပွင့်သည်။ ကင်းမုန်ပွင့်ပြီဆိုတော့
အသီးသီးပေတော့မည်။ ထိုကြောင့် အကို
စနေက ကင်းမုန်ပွင့်လေးများကို အရိပ်
တကြည့်ကြည့် ဖြင့်ကြည့်သည်။

သူအရိပ်ကြည့်လို့လားမသိ အပွင့်များက
ဖွေးဖွေးလှုပ်ပွင့်သည်။ သို့သော် အပွင့် ပွင့်ပြီး
အသီး သီးရပေမည်။ အသီးများက သီးစကပင်
ကြွေကြွေကျသွားလေသည်။ ကင်းမုန်သီး
အကြီးရယ်လို့ တခါမှ သီးတာ မမြင်ရသေးပေ။
ထိုသို့ မသီးသဖြင့် အမစနေက ဘေးအိမ်မှ
အိမ်နီးချင်းကိုမေးသည်။

"ကင်းးမုန်သီးက ပွင့်ပြီး အသီးမတင်ဘူး
ဘာဖြစ်သလဲမသိဘူး"

အပင်ကို ပြာပက်ပေးလိုက် ပင်ခြေကိုလည်း
ပြာဖုံးပေးလိုက်ဟု ပြောသည်။ အမက
အကိုလာတော့ ထိုသို့ ပြာပက်ပေးရကြောင်း
ပြောသည်။ ထိုအခါ မောင်နှမနှစ်ဦး
စကားများကြပါလေတော့သည်။

"အမ နင် ဦးနှောက်မရှိဘူးလား၊ စဉ်းစားလေ။
ဟိုဖက်က အလေ့ကျပေါက်နေတဲ့ အပင်တွေ
သီးလိုက်တာမှ အတွဲလိုက်၊ ဘယ်သူက
လာပြီး ပြာပက်နေလို့လဲ တုံးချက်"

"ဟဲ့ ငါ့လည်း မသိလို့ မေးကြည့်တာလေ၊
အဲ့ဒါ နင့်ဘော်ဒါပဲ၊ သူပြောတာ ငါပြန်ပြောပြ
တာပဲ"

"ဟ သူများပြောတိုင်း လုပ်စရာလား၊
စဉ်းစားလေ၊ ခေါင်းသုံးလေ"

ဟံမယ်မင်း စနေနှစ်ယောက် တယောက်
တခွန် အပြန်လှန်ပြောနေကြတာ ကမ္ဘာ့ဖလား
ဖိုင်နယ် အကြိတ်အနယ် ကန်တဲ့အတိုင်းဗျို့။
မောမှ ရပ်သွားကြတာ။

@htwegyi
25-11-2022



0
0
0.000
8 comments
avatar

အပွင့်ကတော့ လှချောလှပဲ
!LOL

0
0
0.000
avatar

အပွင့်ကလှပေသိ အသီးက မရပေဘူး။

0
0
0.000