Hive Power လေးများ ရမယ်နော်

avatar

img_0.7621092795142147.jpg

ကျွန်တော်တို့မှာလည်း လူသာမတွေ့ကြတာ
Steemit မှာရော Hive မှာပါတွေ့ဆုံကြတော့
တဦးကို တဦးကို ခင်မင်ရင်းနှီးနေကြပါသည်။
မနေ့က ကျွန်တော်မျက်စိက အတွင်းတိမ်ရှိ၍
ခွဲရမည်ထင်၍ ပိုစ့်တင်ခဲ့ပါသည်။ Hive
မိတ်ဆွေများက Massager မှာ မေးမြန်း
ကြသည်။

ဆရာဝန်က တိမ်က ခွဲစိပ်ဖို့မလိုသေးဟုဆို၍
မျက်စဉ်းဝယ်၊ ပါဝါတိုင်းပြီး ‌မျက်စိဆေးခန်းမှ
ပြန်ခဲ့သည်။ အနီးပါဝါအနည်းငယ်တိုးရသည်။
ဆလင်ဒါ အနှုတ် ငါးဆယ်မှ အပေါင်းငါးဆယ်
ဖြစ်သွားသည်။ မျက်စိက ယခုမျက်မှန်တပ်ထား
သည်နှင့် ပါဝါသိပ်မကွာခြားဟုပြောသည်။

ဆိုခဲ့သည့်အတိုင်း ကိုယ်က မျက်စိခွဲရမည်
အထင်ဖြင့် hive power များကို
Delegate လုပ်ထားခဲ့သည်။ ယခုအခါ
မျက်စိက မခွဲရသေးဆိုတော့ Delegate
လုပ်ထားသည့် hive power 1000
အား ပြန်ယူရမည်လား၊ ဒီအတိုင်း
ထားရမည်လား မသိတော့ပါ။

img_0.6896239956081994.jpg

Ecency ကို hive power လုပ်ထားသည်က
ပြန်ယူ မယူ ပြဿနာမရှိသော်လည်း
@nweoomon ကို Delegate လုပ်ထား
သည်က ဘယ်လောက်ပြန်ယူရမည်မသိ။
သူက သူရဲ့ vote တွေ များလာတယ်ဆိုပြီး
ပျော်နေသည်။ ဒီတော့ သူမထံမှ တဖြည်းဖြည်း
ပြန်ယူရမလား။ အကုန်ပြန်ယူရမလားဆိုတာ
ကာယကံရှင်က comment ပြန်ဖြေပေးပါ 😆။

ကလေးတွေလို ပေးပြီးစလစ် ပြန်မယူကြေး
ဆိုပြီး မမန့်နဲ့နော် 😁 ကဲ မိတ်ဆွေအပေါင်း
တို့ရေ ဟိုက်ပါဝါ တိုးပွားလို့၊
ရေရှည်မှာ အကျိုးများစေဖို့
စာရေး ပိုစ့်တွေ တင်ကြပါစို့။

@htwegyi
9-11-2021



0
0
0.000
16 comments
avatar

တကယ်တော့ ပေးပီးပြန်တောင်းရင် နားရွက်တိုတတ်ပါတယ်တဲ့ရှင်🤭🤭🤭

0
0
0.000
avatar

ဟေ့ အေ အဲ့သလိုတော့ မကျီစားပါနဲ့။
နားရွက်က အစကတည်းက တိုပါတယ်ဆို။

0
0
0.000
avatar

ငါ့မှာ ပျော်နေတာကို။ ပြန်မယူနဲ့လို ပြောပေးကြပါ။ 😁😁

0
0
0.000
avatar

အဲ အဲ့သလို 😲
!PIZZA

0
0
0.000
avatar

သူ့ဘက်ကို့ဘက်မျှသွားအောင် တဝက်စီပြန်တောင်းလိုက်လေ :D

0
0
0.000
avatar

အင်း အဲ့သလို လုပ်ရမလား

0
0
0.000
avatar

@nyimwa ပြောသလိုပါပဲ တစ်၀က်စီ ပြန်ယူလိုက်ပေါ့ 😁ဦးထွေး !PIZZA

0
0
0.000
avatar
(Edited)

PIZZA! PIZZA! PIZZA! PIZZA!

PIZZA Holders sent $PIZZA tips in this post's comments:
golden.future tipped htwegyi (x1)
@uthantzin(3/10) tipped @htwegyi (x1)
kachinhenry tipped htwegyi (x1)
ong.aye.myat.mon tipped htwegyi (x1)

Join us in Discord!

0
0
0.000
avatar

Hive Power ဖြင့် စစ်ဖြစ်ကြလေသတည်း ဆိုရင်တော့ သမိုင်းသစ် တွင်ပြီ။ !PIZZA

0
0
0.000
avatar

ဟေ လား မောင် ရို ဝါး

0
0
0.000
avatar

ဒီအတိုင်းပဲ ထားလိုက်ပါဗျာ။
!PIZZA

0
0
0.000
avatar

အင်း ခွဲလို့မရရင် ဒီဘက်ကို အရင်ပို့လိုက် အဆင်ပြေအောင်ခွဲပေးမယ်လေ...!PIZZA

0
0
0.000
avatar

မျက်စိ ပါဝါတိုးဖို့ ဆိုတာလေးပါ ထည့်ရေမှ ပေါ့

0
0
0.000