Ecency မှာနံပါတ်ဝမ်းကြီး

avatar
(Edited)

img_0.7621092795142147.jpg

Ecency မှာ ကျုပ်က ဆရာကြီး။
ဘာဆရာကြီးလဲမမေးနဲ့။
Ecency ရဲ့ Top Ten စာရင်းမှာ
ကျုပ်က No One. ဘာစာရင်းလဲ
မမေးနဲ့ သေချာ မသိဘူး။
ကျုပ်သိရသလောက် google translate
နဲ့ ဘာသာပြန်ကြည့်တော့
အောက်ပါအတိုင်း သိရသည်။

အဟမ်း လူကြီးမင်းသည် လွန်ခဲ့သည့်
24နာရီအတွင်း လူတိုင်း အားပေးမှု
အပေါင်းအသင်းအချို့နှင့် ကျွနုပ်တို့၏
Creation ကြိုးပမ်းမှု အချို့ကို
မျှဝေလိုသည်။

ပြီးခဲ့သည့် 24နာရီအတွင်း တက်ကြွသူ
ဆယ်ဦးတွင် နံပါတ်တစ် ဦးဆောင်ရွက်မှု
ခေါင်းဆောင်တစ်ဦးဖြစ်ပြီး ဝင်ငွေရရှိသူ
တစ်ဦးဖြစ်သည်။

img_0.4259308223723395.jpg

အမယ်မင်း သူဘာသာပြန်တာက
အဲ့ဂလို။ ဘာတဲ့ တက်ကြွသူ
ဆယ်ဦးတွင် နံပါတ်တစ်တဲ့။
အိုမိုင်ဂေါ့ ပေါ့။ ဘယ်နဲ့ ဝင်ငွေကောင်း
မှာတုန်း။ ကိုယ့်ပိုစ့်မှာ hive များများရဖို့
Ecency မှာ point တွေပေးပြီး vote
နေရာတာ။

ဝင်ငွေကောင်းသူဖြစ်အောင်
Ecency တို့ good-karma လာပြီး
Vote များပေးမလားပေါ့။ အဲ့သလို
ဝေလငါးကြီးများ လာဗုတ်ရင်း
ပျော်စရာပါ။ တခါမှ လာမဗုတ်ဖူးပေါင်။
လာဗုတ်ရအောင်လဲ ကျုပ်က စာရေး
ချက် ချာတူးလန်။ cryptocurrency
အကြောင်းရေးရအောင်လဲ နလပိန်တုန်း။

အင်း ဒါဆို ဇာတ်လမ်းလေးတွေရေးပေါ့လို့
ပြောမလား။ ကျုပ်ရေးတဲ့ ဇာတ်လမ်း
ကျုပ်တောင် နားမလည်။ အစ အဆုံး
ဘယ်ကစလို့ ဘယ်မှာ ဆုံးမှန်းမသိရအောင်
ကောင်းထာ။ ဒီလိုနဲ့ ပေါက်ကရတွေရေး
ရေးရင်းနဲ့ hive တွေ ကြိတ်စုနေတာပါ။
လူပျိုကြီးတွေ hive တွေကြိတ်စုတာ
ခုမှ သိတော့တယ်။

img_0.7109293101098525.jpg

ခုတလော အဖွဲ့ကို မိန်းခလေးတွေ
ရောက်လာတာ သတိထားမိတယ်။
မိန်းမသားဓားဆိုပြီး မထက်ဖူးမထင်နဲ့။
Hive Power များတဲ့ လူပျိုကြီးတွေ
အပြိုင်အဆိုင် ဗုတ်ပေးကြရတာ။
သို့ပေသိ အနှီး မိန်းခလေးတို့က
ခေသူများမဟုတ်ကြပါလေ။

ကျုပ် hive မှာပိုစ့်တင်လာတာ ပင်စင်တောင်
ယူလို့ရပါပေါ့။ ခလေးမလေးတွေလို
Vote ကြီးကြီးမားမား တစ်ခါမှ
မရဘူးပေါင်။ နောက်မှ ရောက်လာတဲ့
ကလေးတွေက ကိုယ့်ကို ကျော်သွားတာ
ကြည့်ပြီး တကယ်ကို ဂုဏ်ယူပါတယ်ကွယ်။

@htwegyi
18-9-21



0
0
0.000
28 comments
avatar

WOW !! ခုခေတ်မှာ ခေတ်စားနေသလို ပြောရရင် ဂရိတ်အဂိန်းပေါ့ ဟီးဟီး။ ecency က တော်တော်လေးအဆင်ပြေပါတယ် point လေးတွေစုထားပီး boostလုပ်ရာကနေ တိုးတက်မှုရနိုင်နေတော့ good တယ်ပြောရမယ်။!PIZZA

0
0
0.000
avatar

ဟုတ်သဗျို့ ဂရိတ် အဂိန်း ဟိမ်း ဟိန်း ဆိုသလို။

0
0
0.000
avatar

နံပါတ်တစ်ပါ ချိတ်ပစ်တာနော် ဆရာကြီးက 😁အ့တာက ဘယ်လိုရတာ Vote ပေးများရင်ရတာလား

0
0
0.000
avatar

အေးပါဆို ငါလဲ မသိပါဘူးဆို နံပါတ်တစ်ဆိုတော့လည်း တစ်ပေါ့ကွယ်။

0
0
0.000
avatar

active လွန်းနေတော့ ph မသုံးနေချိန်လည်း ecency app ကြီးများ ဖွင့်ဖွင့်ထားလေသလော
ဟီးဟီး
!PIZZA

0
0
0.000
avatar

မနောက်ပါနဲ့ဂျာ ဘက်ထလရီတော့ ကုန်းတာပ 😁

0
0
0.000
avatar

တစ်နေ့တာ ecency မှာ vote comment တွေ များများသာ။လိုက်လုပ်ပေး ဆရာကြီး ဆက်ဖြစ်နေရအောင်
😁😁🍕

0
0
0.000
avatar

တော်ပါပြီး ဆ ဆရာကြီး ဘာဆိုလား။

0
0
0.000
avatar

ဟဲဟဲ ဘယ်ကလိုပြောရပေါ့ လေဒီးဖက်စ်လေ....
😅။ ဘာပဲပြောပြော ပြုစုပျိုးထောင်ပေးပြီးမှ
ခြေစုန်ကန်ခံရတဲ့ခါ ခံနိုင်ရည်ရှိဖို့ ကြိုးတွေးထားရမပေါ့ !PIZZA
ကွန်မြူနတီကို တကယ်ချစ်တဲ့ လူတွေပါလာဖို့ အရေးကြီးတယ်။
စတီးမစ်မှာတုန်းက နောက်ထပ်မြန်မာအဖွဲ့တွေ ပေါ်ပေါက်လာတဲ့အခါ
ပြဿနာတွေ ဖြစ်ကြရပေါ့။ ကျွန်တော်ကတော့ အခုရှုပ်မှနှောင်ရှင်းဆိုသလို
ရှုပ်ထားတာကောင်းမလားလို့။

0
0
0.000
avatar

အဆင်ပြေသလိုသာ လုပ်ကြပါကွာ။

0
0
0.000
avatar

Good. ..good👍👍👍

0
0
0.000
avatar

ဟုတ်ကဲ့ ဂွတ်ပါဗျာ

0
0
0.000
avatar

ဘာဖြစ်ဖြစ် နံပတ်ဝမ်း ဖြစ်ရတာ နည်းလား... ဝမ်းဆိုမှဝမ်း ... !PIZZA

0
0
0.000
avatar

ဟုတ်တယ် နံပါတ်ဝမ်းပဲ။

0
0
0.000
avatar

သူလည်း နံပါတ်တစ်ဖြစ်တာပဲလေ။ဒါလည်း ကြိုးစားလို့ရတာပေါ့ ဗျ။ !PIZZA

0
0
0.000
avatar

အဲ့လို့ပဲ မြောက်ပြောကြတာပဲ ၊😁

0
0
0.000
avatar

အာ့ကြောင့် ပိုစ့်တင်ပြီးတိုင်း တော့ပ်ဝမ်းကြီးကိုမျှော်ရတာအမော 😁😁

0
0
0.000
avatar

အေးပါခွယ် အဲ့သလို မျှော်တဲ့သူရှိတော့ ဗုတ်ပေးရတာ အားရှိသပ။

0
0
0.000