အသွားအပြန် ဆီထည့်ရန်

avatar
(Edited)

img_0.7621092795142147.jpg

ယနေ့ မြို့ထဲ ပင်စင်သွားထုတ်သည်။
မန္တလေးမြို့က ပြန်လည် စည်ကားနေသည်။
ဈေးဆိုင်အားလုံးနီးပါးဖွင့်သည်။
ကုမ္ပဏီများလည် ဖွင့်လှစ်၍ စည်ကားနေသည်။
ဆေးရုံကြီးအနီးရှိ ဆေးဆိုင်များက
လူစည်ကားသည်။ ပုဂ္ဂလိကဆေးရုံ၊ ဆေးခန်း
များက လူမပျက်ပေ။

ဘဏ်များကတော့ ခုထိ မခုတ်တတ်သည့်
ကြောင်အလား။ ပိတ်သလားဆိုတော့မဟုတ်၊
ဖွင့်သလားဆိုတော့လည်းမဟုတ်။
ရာခိုင်နှုန်းပေး၍ လာထုတ်လျှင် ငွေထုတ်ရသည်။
ပုံမှန်ငွေထုတ်မည်ဆိုပါက မနက်လေးနာရီ
လာတန်း၍ တပတ်ကိုငွေသုံးသိန်း ထုတ်ရပေသည်။
မိတ်ဆွေတစ်ဦး သိန်းတရာထုတ်တာ
7.5% နှုန်းပေးထုတ်ခဲ့ရသည်။ ဒါတောင်
8% ကို မလုပ်ပါနဲ့ တောင်ပန်း၍ရခြင်း
ဖြစ်သည်။

img_0.3912114077324731.jpg

မြို့သစ်မှာလည် ဈေးဆိုင်အချို့ ပြန်လည်
ဖွင့်လှစ်၍ စည်ကားနေသည်။ အထူးသဖြင့်
ဘီယာဆိုင်များက သူထက်ငါ သောက်သုံးသူကို
မြူဆွယ်သည်။ သုံးခွက်ဝယ် တစ်ခွက်၊
လေးခွက်ဝယ် တစ်ခွက်ဟု ဆိုင်ရှေ့မှာ ရေး၍
သောက်သုံးများကို ခေါ်ယူနေသည်။
ညနေ စည်တယ်လေပေါ့။

ကျွန်တော်ရပ်ကွက်ရှေ့က ဘီယာဆိုင်က
စဖွင့်စမှာ ဆိုင်အပေါက်သေးသေးလေးဖွင့်ကာ
ရောင်းချသည်။ နောက်တပတ်ခန့်အကြာမှာ
တံခါးတဝက်ဖွင့်ပြီးရောင်းသည်။
ငွေရှာရတာ ခက်ခဲသည်ဆိုပေသိ ညနေ
အချိန်ရောက်ပြီဆိုပါလျှင် ဘီယာဆိုင်က
လူစည်‌မြဲဖြစ်သည်။

မြို့ထဲမှ အလုပ်ပြန်လာသူ ဆိုင်ကယ်နှင့်
လူငယ်တစုက ဘီယာဆိုင်အတွင်း
ခက်သွက်သွက်ဝင်ကြသည်။ သူရို့
ဆိုင်ကယ်များပေါ်မှာတော့ ထမင်ချိုင့်၊
ဂေါ်ပြား၊ လွှများအပြင် ဘိလပ်မြေအိတ်ခွံ
ထုတ်လေးများကိုလည်း တွေ့ရသည်။
အင်း ဆိုင်ကယ်တွေ က ဓာတ်ဆီဆိုင်မှာ
မြို့ထဲ အသွား ဆီဖြည့်သည်။
လူတွေက မြို့ထဲမှ အပြန်မှာတော့
ဘီယာဆိုင်မှာ ဖြည့်ကြရှာသည်ပေါ့လေ။

@htwegyi
22-10-2021
PM 3:08



0
0
0.000
16 comments
avatar

ဘဏ်မှာကိုပဲ ရာခိုင်နှုန်းပေး ထုတ်ရတာလား
ဒါဆို လွန်တာပေါ့။ အဲ့ဘဏ် ဖောက်ခွဲပစ်သင့်တယ်။

0
0
0.000
avatar

အာ့ဆို ဘဏ်အားလုံးပဲ

0
0
0.000
avatar

ဟုတ်တယ် ဘဏ်အားလုံးပါပဲ

0
0
0.000
avatar

မန်းလေးမှာ ပုံမှန် ဖြစ်နေပြီလား

!PIZZA

0
0
0.000
avatar

အချို့နေရာတွေက ပုံမှန်ဖြစ်နေတယ်။

0
0
0.000
avatar
(Edited)

PIZZA! PIZZA! PIZZA! PIZZA!
PIZZA Holders sent $PIZZA tips in this post's comments:
golden.future tipped htwegyi (x1)
@htwegyi(8/10) tipped @myothuzar (x1)
kachinhenry tipped htwegyi (x1)
nyinyiwin tipped htwegyi (x1)
Learn more at https://hive.pizza.

0
0
0.000
avatar

ပုံမှန်မဟုတ်တဲ့ဘဝကို ပုံမှန်ဖြစ်ချင်ယောင်ဆောင်နေရတာ ဘာတွေဖြစ်လာအုန်းမယ်မသိ ရင်လေးတယ်။ !PIZZA

0
0
0.000
avatar

ပုံမှန်ဖြစ်ချင်ပါပြီလေ

0
0
0.000
avatar

အေးပေါ့လေ... လူတွေလည်း ဆီဖြည့်ဖို့ လိုသေးတာကိုးလို့။ !PIZZA

0
0
0.000
avatar

ဒါပေါ့ ဖြည့်ရမှာပ။

0
0
0.000
avatar

hive-myanmar chat group မှာတွေ့မိလို့ ecency နဲ့ တင်မရဘူးဆိုတာ။ vpnနဲ့ သုံးလိုက် ရိုးရိုး အင်တာနက်နဲ့ သုံးလိုက်လုပ်လို့ error ဖြစ်တာ ထင်တယ်။ကျွန်မ ဖြစ်တုန်းကတော့ app ကို uninstall လုပ်ပြီး ပြီးမှ ပြန်install လုပ်ပြီးသုံးတာ ရသွားတယ်။တတ်နိုင်သမျှ ရိုးရိုး အင်တာနက်နဲ့ပဲသုံးတာ ပို ကောင်းတယ်။

0
0
0.000
avatar

ဟုတ်ကဲ့ပါ ကျေးဇူးပါ တင်ကြည့်ပါအုံးမယ်။
!PIZZA

0
0
0.000
avatar

တခါတလေတော့လည်း စားဝတ်နေရေးက အရေးကြီးပြန်တော့ မတတ်သာလဲ အပြင်ထွက်လုပ်ရတာတွေရှိမှာပေါ့ဗျာ။

0
0
0.000
avatar

အခြေခံသမားတွေအတွက် မထွက်မဖြစ်ပ။

0
0
0.000
avatar

ပြန်စည်နေပြီလားဗျို့။ ပြန်စည်နေလဲ မသွားရဲပါ။ !PIZZA

0
0
0.000
avatar

မဖြစ်မနေမှ အိမ်ပြင်ထွက်တယ်ဗျာ။

0
0
0.000