အမကြီးရဲ့ စိုးရိမ်တယ်

avatar

img_0.7621092795142147.jpg

မနက်ပိုင်း နှစ်နာရီက ရွာလိုက်သည့်မိုး
သွန်ချသလား အောင်းမေ့ရသည်။
နေ့လယ်ထိ မိုးကတဖွဲဖွဲ တိတ်လိုက် သဲလိုက်
ဖြင့် ပျင်းစရာကောင်းအောင် ရွာနေပေ
သည်။ ညဦးပိုင်းဆီက သေနတ်ဖောက်သံ
နှစ်ချက်ခန့်ကြားရသည်။ အဝေးဆီမှ
အသံဟု ထင်မိသည်။

ယခု စာရေးချိန်နေ့ခင်းပိုင်း သုံးနာရီမှတော့
မိုးမင်းက သူမဟုတ်သလို နေပူရှိန်ပြင်း
နေပြန်သည်။ ကောင်းကင်က မိုးသားဖြူ၊
မိုးသားမဲများနှင့် ကြည့်၍ တစ်မျိုးလှနေသည်။
မိုးသားကောင်းကင်ကို ကြည့်နေရင်း
ကျွန်တော့်အိမ်ဝင်းနှင့် နှစ်ကွက်ကျော်မှာ
ရှိသော ဖုန်းတာဝါတိုင်ကို မြင်မိသည်။

တစ်နေ့က စနေအမ၏ ပြောစကားကို
ပြန်ကြားမိသည်။

"ဟဲ့ တာဝါတိုင်းတွေ လိုက်ဖြိုနေသတဲ့၊
တို့နားက တာဝါတိုင်က ဘာတိုင်လဲ၊
မိုင်တဲ တာဝါတိုင်တော့ မဟုတ်လောက်ဘူး
မို့လား"

"အင်း အဲ့တာဝါတိုင်က အရှည်ဘယ်လောက်ရှိလဲ။
လဲကျရင် ငါ့တို့အိမ်လေး လွတ်လောက်လား"

ထိုအခါ စနေသားကြီး အကိုက

img_0.09994281296231058.jpg

" အမ နင် အဲ့တာကြောင့်ပြောတာ။
ခေါင်းသုံးပါဆို၊ လူတွေနေတဲ့ အိမ်တွေကြားမှာ
လုပ်ထားတာ ဘယ်သူက လာပြီးလုပ်မှာလဲ။
ပြည်သူတွေထိခိုက်မှာပေါ့။ အခုလုပ်တဲ့ဟာတွေက
လူနေ အိမ်တွေနဲ့ဝေးတဲ့ ကွင်းပြင်က
ဟာတွေပဲ လုပ်လုပ်သွားတာ သဘောပေါက်လား"

"နင်ကလည်း ရန်ပဲလုပ်နေတာ
မသိလို့မေးတာပေါ့။ မိုင်တဲ တိုင်
ဟုတ်ဟုတ် မဟုတ်ဟုတ် သတိတော့
ထားရမှာပေါ့"

အမနှင့် အကိုတို့၏ ပြောစကားများအရ
အဆိုပါတိုင်ကို ကျွန်တော်မော့ကြည့်မိသည်။
MPT, Ooredoo, Telenor, Mytel
မည်သည့် တာဝါတိုင် ဖြစ်ဖြစ် အဆိုပါတိုင်
ကို စိုက်ထူးထားသည့် ခြံဝင်းပိုင်ရှင်က
တစ်လ ငွေမည်မျှဖြင့် နှစ်မည်မျှ လက်ခံ
ထားသည်မသိပါ။ ထို တိုင်ပတ်ဝန်းကျင်ရှိ
အိမ်များက ကျွန်တော့် အမလို စိုးရိမ်
နေကြမည်လား ဟု စဉ်းစားမိပါလေသည်။

@htwegyi
20-9-2021



0
0
0.000
16 comments
avatar

နေသာသောနေ့ပေါ့...ကောင်းကင်ကြည်လင်နေတယ်...

0
0
0.000
avatar

ဟုတ်ကဲ့ နေသာပြီး မိုးရွာ။

0
0
0.000
avatar

တာဝါတိုင်တွေက သူ့သင်္ကေတာနဲ့သူပါ။ ကွဲပြားတယ်။ ငါ့အထင်မိုင်တဲမဟုတ်လောက်ဘူး။

0
0
0.000
avatar

ဟုတ်ကဲ့ အလင်းပြပေးပါအုံး
ဘယ်လိုခွဲရသလဲဆိုတာ။

0
0
0.000
avatar

တိုင်ပုံစံတွေမတူဘူး

0
0
0.000
avatar

ဟိုနေက TOWER တိုင်တွေကို အရောင်အလိုက်ခွဲထားတာ FACEBOOK မှာတောင်တွေ့မိတယ်။ အနီရောင်ကြီးနဲ့က MPT tower တိုင်လားပဲ မမှတ်မိတော့ပါဘူးလေ။ !PIZZA

0
0
0.000
avatar

အော်ကလိုလား ရှာကြည့်အုံးမှ

0
0
0.000
avatar

မိုးကတော့ဗျို့ ကျုပ်တို့ဆီလည်းရွာသလားမမေးနဲ့ ရေကြီးမှာစိုးရိမ်နေရတယ်

0
0
0.000
avatar

ရေတွေပေါချက်။

0
0
0.000
avatar

ကျနော်တို့ အိမ်နားလဲ မိုင်တယ် တာဝါတိုင်ရှိတယ် ဒါပေမယ့် လူနေရပ်ကွက်ကြားရှိနေရင် မဖြိုချပါဘူးဗျ စိုးရိမ်မနေပါနဲ့ ။ 😁😁😁 !PIZZA

0
0
0.000
avatar

ဟုတ်ပါပြီဗျာ😁

0
0
0.000