2026ကမ္ဘာ့ဖလားနှင့် ကျွန်တော်
မနေ့ညက 2026 ခုနှစ် ကမ္ဘာ့ဖလားဆီမီးဖိုင်နယ်ပွဲကြည့်ရန်
ဖုန်း၌ တစ်နာရီဆယ့်ငါးမှာနှိုးဆက်ပေးထားသည်။
ကိုယ်တွေက အသက်အရွယ် ရလာပြီဖြစ်၍
ဖုန်းဖြင့် ဘောလုံးပွဲများကို မကြည့်နိုင်ပါ။ သို့ပေသိ
မနေ့က အကိုတာယာပွကြီးက သူ့ကို ဘောလုံးပွဲ
ပြပေးရန်ပြောသဖြင့် ဖုန်းဖြင့် ဘောလုံးပွဲဖွင့်၍
ကြည့်မိသည်။ ကမ္ဘာဖလားပွဲကို ဖုန်းဖြင့် တိုက်ရိုက်
ကြည့်ရှုရာတွင် မည်သို့ကြည့်ရမည်ကိုမသိပေ။
ထို့ကြောင့် youtube မှာရှာဖွေကြည့်မိသည်။

youtube တွင် ကမ္ဘာ့ဖလားဘောလုံးပွဲကို တိုက်ရိုက်ကြည့်ရှုရန် chrome browser မှာပြသထားသည်။
သူရို့ ပြထားသလို chrome မှာ သွားရောက်ကြည့်မိသည်။
ဘောလုံးပွဲလာချိန်မဟုတ်သဖြင့် ကြည့်လို့မရသေးပေ။
ထိုကြောင့် ကိုယ်တွေကလည်း လက်တွေ့
လုပ်ကြည့်ချင်သဖြင့် မနေ့ညက တစ်နာရီဆယ့်ငါး
မိနစ်မှာ ဖွင့်ကြည့်မိသည်။ ထိုသို့ ကြည့်ပါသော်လည်း
ကြည့်မရပါ။ သို့ပါသောကြောင့် တရေးနိုးထကြည့်
ရသည့်အပြင် မျက်လုံးကလည်း ကြာရှည်မကြည့်
နိုင်သဖြင့် လက်လျော့ကာ ဖုန်းပိတ်ပြီး ပြန်အိပ်
သည်။

ဘောလုံးပွဲကြည့်မရသဖြင့် ကိုဒွန်ထံ လင့်ပေးဖို့
အကူအညီတောင်းမိသည်။ ကိုဒွန်က တယ်လီဂရန်
မှ ပို့ပေးမည်ဟုပြောသည်။ ဆီမီပွဲများ မကြည့်ရသော်လည်း
ဗိုလ်လုပွဲတော့ကြည့်လို့ရမည်ထင်ပါသည်။
ကိုဒွန်ပေးထားသော ဘောလုံးလင့်များမှာ ဝင်ရောက်
ကြည့်နိုင် မကြည််နိုင် မပြောနိုင်သေးပေ။
ယခင်နှစ် ကာတာနိုင်ငံမှာ ကမ္ဘာ့ဖလားပွဲ ကန်စဉ်က
တီဗီမှာလွှင့်သဖြင့် ကြည့်ရသည်မှာ အဆင်ပြေသည်။
ယခုနှစ်၂၀၂၆ ကမ္ဘာ့ဖလားပွဲကိုတော့ တီဗီမှလွှင့်မပြ
သဖြင့် ကြည့်ရှုဖို့ခက်ခဲဖြစ်ရသည်။

ကျနော်အနေနဲ့ဆိုပါမူ ဘောလုံးပွဲကို ဖုန်းဖြင့်ကြည့်ဖို့
အဆင်မပြေပါ။ အစ်ကိုတာရာပွကြီးက ကြည့်ချင်
သည်ဆို၍ ခုလိုကြိုးစားပမ်းစား ဘောလုံးပွဲကြည့်ဖို့
လုံးပန်းနေရခြင်းဖြစ်ပါသည်။ ကိုဒွန်ထံမှ ဘောလုံးပွဲ
ကြည့်ရန် လင့်တခုချလာပေးသည်။ ထိုလင့်ကို
ဒေါင်းကြည့်သည့်အခါ အင်စတော လုပ်မရပေ။
ပုံပါအတိုင်း ထိုအပ်ပလီကေးရှင်းက အင်စတောလုပ်မရ
ဖြစ်နေသည်။ မည်သို့ဖြစ်သည် မသိ။ ၂၀၂၆ ခုနှစ် ကမ္ဘာ့ဖလား
ဗိုလ်လုပွဲကို ကြည့်လို့ ရ မရကိုတော့ ထိုအချိန်ရောက်မှ
သိရှိရပေတော့မည်။
@htwegyi
July 17, 2026
Install လုပ်လို့ မရဘူးလားဗျ။
အခုတော့ ရသွားပြီ
ကျေးဇူးပါ ကိုဒွန်။