Small Flowers that decorate the Environment

Happy New Year 🎈
မင်္ဂလာပါ


သွားရင်းလာရင်း လမ်းဘေးမှာ စက္ကူပန်းလေးတွေ တွေ့မြင်ခဲ့ရတယ်။
စက္ကူပန်းလေးတွေက လှသလိုတော့ ရှိသား။
သို့သော် ရနံ့က မသင်းပျံ့ မမွှေးမြတော့ တန်ဖိုးထားခံရတဲ့ ပန်းလေးတွေတော့ မဟုတ်ဘူး။
ဒါပေမယ့် ဒီ စက္ကူပန်းလေးတွေက ကြာရှည်ခံတယ်၊ အကြမ်းခံတယ်။
ဒီတော့ အလှဆင်ရာမှာ သုံးလို့ရတယ်။
ပတ်ဝန်ကျင်း အလှဆင်လို့ရတဲ့ ပန်းလေးတွေပေါ့။

စက္ကူပန်းလေးတွေက ပွင့်ဖက် တူပေမယ့် အရောင်စုံ ရှိကြတယ်။
ခြံထဲမှာ ဖြစ်ဖြစ် လမ်းဘေးမှာ ဖြစ်ဖြစ် အရောင်စုံ စက္ကူပန်းလေးတွေ စိုက်ပျိုးထားရင် ကြည့်လို့ သိပ်လှပါတယ်။
အပင်က သိပ်ဂရုစိုက်စရာမလိုဘဲ ထားလို့ရတာကြောင့် သူ့အလှကြည့်ရဖို့ သိပ်အားမစိုက်ရပါဘူး။
အချိန်တန်ရင် အပွင့်တွေ အကြာကြီး ပွင့်ပေးနေတတ်တယ်။
ပတ်ဝန်းကျင်ကို အတော် အလှတင်ပေးနိုင်တဲ့ ပန်းလေးတွေပါ။



0
0
0.000
8 comments
avatar

သူ့အလှ သူ့တန်ဖိုး ပါပဲ
!LUV
!LOL

0
0
0.000