Rural Scenery Phone Photography

May you be filled with all blessings!

It's been about a week since I last posted on Hive Blockchain.
It's also been about a week since it rained in my area.
The farmers who planted sesame are hoping for rain.
The sesame plants are also withering because they haven't been getting enough rain.

The sky is filled with clouds.
The weather is a mix of sunny and cloudy.
Winds from the south blow every day.
So, although it is sunny, it is not too hot.

During the day, while traveling to other villages, I stopped for a while under the shade of a tree on the side of the road.
I looked at the surrounding scenery and admired the clouds.
The green grass, the green corn plants, the tall palm trees, and the white clouds under the blue sky were like a lovely painting.
Seeing this rural beauty made the fatigue of the trip less.

မင်္ဂလာအပေါင်းနှင့်ပြည့်စုံကြပါစေ။

Hive Blockchain ၌ Post မတင်ဖြစ်သည်မှာ ရက်သတ္တတစ်ပတ်လောက် ရှိခဲ့ပါပြီ။
ကျွန်တော် နေထိုင်ရာဒေသ၌ မိုးမရွာသည်မှာလည်း ရက်သတ္တတစ်ပတ်လောက် ရှိပါပြီ။
နှမ်းစိုက်ထားသည့် တောင်သူများက မိုးရွာရန် မျှော်လင့်နေကြပါသည်။
နှမ်းပင်များသည်လည်း မိုးရေ မသောက်ရသောကြောင့် ညှိုးနွမ်းနေကြပါသည်။

ကောင်းကင်၌ကား မိုးတိမ်များ ပြေးလွှားနေကြပါသည်။
ရာသီဥတုက နေပူလိုက် မိုးအုံ့လိုက် အနေအထားပါ။
တောင်အရပ်မှ လာသော လေများ နေ့စဉ် တိုက်ခတ်နေပါသည်။
ဒီတော့ နေပူသော်လည်း မပူအိုက်လှပါ။

နေ့ခင်းဘက် အခြားကျေးရွာတွေဆီ ခရီးသွားရင်း လမ်းနဘေး သစ်ပင်ရိပ်မှာ ခဏ ရပ်နားဖြစ်ခဲ့သည်။
ပတ်ဝန်းကျင် ရှုခင်းတွေကို ကြည့်ရင်း တိမ်တွေကို ငေးမောဖြစ်ခဲ့ပါသည်။
မြက်ခင်းစိမ်းစိမ်းတွေ၊ ပြောင်းပင်စိမ်းစိမ်းတွေ၊ ရှည်လျားမြင့်မားသော ထန်းပင်တွေ၊ ကောင်းကင်ပြာပြာအောက်က တိမ်ဖြူဖြူတွေသည် ချစ်စရာ ပန်းချီကားချပ်ပမာ လှပနေခဲ့သည်။
ဒီကျေးလက်သဘာဝအလှတွေကို ရှုမြင်မိတော့ ခရီးသွားရသည့် ပင်ပန်းမှုကို သက်သာလျော့ပါးစေပါသည်။



0
0
0.000
2 comments
avatar

Hello, @golden.future, good morning.

What a beautiful view you have; the landscape is truly gorgeous, I love the clouds.

I hope the rains arrive soon.

Have a wonderful day.

0
0
0.000