နေတွေပူ ရွှေရင်ဆူသလား မိုးတွေညို ငိုရမှာလား

မင်္ဂလာပါ။
အရင်နှစ်ရက်လောက်က မိုးလေး တဖွဲဖွဲနဲ့ ဆိုတော့ အပူဒဏ် သက်သာပြီး နေလို့ ကောင်းပါတယ်။
ဒီနေ့တော့ ရာသီဥတု က အတော် ပူလာပြန်ပါပြီ။
ရာသီဥတု ပူရတဲ့ ကြားထဲ ကျွန်တော် နေထိုင်ရာ ဒေသ ဝန်းကျင်မှာ စက်သုံးဆီ ပြတ်တောက်မှု ကြုံနေရပါတယ်။
ဆီပန့်ဆိုင်တွေမှာ တကယ် ဆီ ကုန်တာလား၊ ဈေးတင်ရောင်းဖို့ ချန်ထားကြတာလား မပြောတတ်ပါ။
ဆီ ဝယ်မရတော့ ကျွန်တော်လည်း ဘယ်မှ မသွားဖြစ်ပါဘူး။
ယနေ့ မနက်ပိုင်း အတွင်း ဆိုင်ကယ်ဆီ ပြတ်မှာ စိုးတာနဲ့ အခြား ရွာနှစ်ရွာကို မသွားဖြစ်တော့ ဝင်ငွေ သောင်းဂဏန်း ထိခိုက်ပါတယ်။
ကဲ ထားပါတော့လေ ဆက်ပြောနေရင် ညည်းသလိုဖြစ်နေရော့မယ်။

ကျွန်တော်၏ ဖုန်းဂယ်လာရီ ထဲမှာ မိုးတိမ်တွေ ထူထပ်ပြီး မိုး အုံ့နေတုန်းက ရိုက်ယူထားတဲ့ သဘာဝပုံလေးတွေ ရှိပါတယ်။
မိုးတိမ်လွှာတွေရယ် သဘာဝ သစ်ပင်တွေရယ် ပါဝင်တဲ့ ရှုခင်းလေးကို ကြည့်ရင်း မျက်စိ အေးအောင် ကြံဆောင်ရပါတယ်။
ရှုခင်းပုံ စိမ်းစိမ်းလေးတွေ ကြည့်ရတာ စိတ်မှာ ခဏတာတော့ သာယာမယ် မဟုတ်လား။

ဝါဆိုမှာ မိုးနည်းခဲ့ပေမယ့် ဝါခေါင်မှာတော့ မိုးများမယ် ထင်ပါတယ်။
ဒီဘက်က တောင်သူတွေ အတွက် မိုးရေ ရလို့ သီးနှံတွေ ရဖို့ အဆင်ပြေပေမယ့် ရွှေဘို မုံရွာ ကသာ စတဲ့ ခရိုင်များ အတွင်းက ကျေးလက်ဒေသ က လူတွေ အတွက် အဆင်ပြေကြပါမလား။

ဪ ကျုပ်မလည်း သာယာတဲ့ သဘာဝရှုခင်းလေးများ စိတ်အဆာပြေ ကြည့်ရင်း မကြည်နူးနိုင်ပါဘူးလေ။
မိတ်ဆွေတို့ရော ဘယ်လိုများ ရှိစဗျာ။

@golden.future



0
0
0.000
20 comments
avatar

Congratulations @golden.future! You have completed the following achievement on the Hive blockchain and have been rewarded with new badge(s):

You made more than 7500 comments.
Your next target is to reach 8000 comments.

You can view your badges on your board and compare yourself to others in the Ranking
If you no longer want to receive notifications, reply to this comment with the word STOP

To support your work, I also upvoted your post!

Support the HiveBuzz project. Vote for our proposal!
0
0
0.000
avatar

ရာသီကတော့ ရာသီပါပဲ
ခံစာသူအကြိုက်ပေါ့။
!LOL
!LUV

0
0
0.000
avatar
(Edited)

PIZZA! PIZZA! PIZZA!

PIZZA Holders sent $PIZZA tips in this post's comments:
tin.aung.soe tipped golden.future (x1)
@htwegyi(1/5) tipped @golden.future (x1)
walarhein tipped golden.future (x1)

Learn more at https://hive.pizza.

0
0
0.000
avatar

ကြည်နူးချင်ပေမယ့်လည်း

0
0
0.000
avatar

ရာသီက ပြာရီမှုံ
အညာဆီက ကဗျာကသီ ဖြစ်နေကြပုံ က
ရင်နာစရာပါလေ။
!PIZZA

0
0
0.000
avatar

!LUV !LOLZ !MEME

0
0
0.000