Yes, I'm Fine, Thank You

avatar
(Edited)

uyhhhmzuxp.jpg

အပတ်စဥ် စနေနှင့် တနင်္ဂနွေ နေ့တိုင်း တူလေး၊ တူမလေးတို့ online English စာ သင်တန်း ရှိ၏။ မနက် ၉ နာရီမှ ၁၁ နာရီ ထိ ဖြစ်၏။ first semester မှတုန်းကတော့ ထို အချိန် ဖြစ်ပေမယ့် second semester မှာတော့ အပြောင်းအလဲ ရှိသွားခဲ့၏။ အခြား မဟုတ် စကစ က ကျောင်းများ ပြန်ဖွင့် သဖြင့် အချို့ ကလေးများ အစိုးရကျောင်း တက်သဖြင့် အချိန် ပြောင်းရ၏။

ဒီအချိန်ကြီးမှ ပြန်ထဖွင့်ပြီး သင်ရိုးကုန်ဖို့ထက် စာမေးပွဲ ဖြေပြီး ဇွတ်ကို တမင် အတန်းတင်ပေးဖို့ သက်သက် ဖြစ်တန်ရာ၏။ အချိန် နည်းသဖြင့် စနေနေ့ပါ ဖွင့်သည့် ပုံပင်။ ထို့ကြောင့် စနေ တရက်ကိုတော့ မနက် အချိန် အစား ညနေ ပြောင်းယူ၏။ တနင်္ဂနွေနေ့ကတော့ ပုံမှန် အတန်းချိန် အတိုင်းပင်။ တူလေး၊ တူမလေးကိုတော့ အစိုးရကျောင်း မထားသေးပေ။ ကိုယ့်အစိုးရ ပြန်ရမှပဲ ထားတော့မည်။ နိုင်ငံ အခြေအနေ အပြင် ငဗစ်ကလည်း ရှိသေးသည် မဟုတ်လား။

ခုတောင် အချို့ ကျောင်းတွေမှာ ပိုးတွေ့ တွေဘာတွေ ပြန်ရှိ၊ ပြန်ကြားနေရ၏။ ပိုးတွေ့တွေ ရှိနေတာတောင် ကျောင်း ပြန်မပိတ်ပေးဘဲ ပိုးတွေ့ အခန်းသာ ကွက်ပြီး ခဏပိတ်ထားသည့် ကျောင်းအုပ်တွေကိုလည်း အံ့သြမိ၏။ CDM လုပ်တာ မလုပ်တာ ထား ခုလို ကလေးတွေ၏ ကျန်းမာရေး အပေါ် မျက်နှာလွဲ ခဲပစ် လုပ်တာတော့ ဆိုးလွန်းလှ၏။

img_0.7879499315819267.jpg

ဒီအခြေအနေကြီးမှာ ကျောင်းပို့သည့် မိဘတွေကိုလည်း အံသြမိ၏။ ထားပါလေ ဒါက သူတို့ အကြောင်း သူတို့ ကိစ္စ နှင့် သူတို့ပေါ့။

တူလေး၊ တူမလေးတို့ကတော့ လောလောဆယ် English စာ သင်တန်းသာ ရှိ၏။ ကျန် စာတွေကိုတော့ ကျနော် လုပ်ပေး ဖြစ်၏။ English စာ သင်တန်းက တက်​တာက သူတို့ ဖြစ်၏။ ဒါပေမယ့် ကျနော်ပါ လိုက်တက်နေရ၏။ အခြား မဟုတ်၊ computer ဖွင့်ပေးရခြင်း၊ zoom meeting link ကူးယူပြီး ဖွင့်ပေးရခြင်း၊ မီးအား အတက်အကျ ရှိသဖြင့် မီးမြှင့်စက် အတင်အချ လုပ်ရန် စောင့်ကြည့်ပေးနေရခြင်း ဖြစ်၏။

သူတို့ စတက်လျှင် စ၊ သူတို့ အတန်းဆင်းမှ ဆင်းရ၏။ ခပ်လှမ်းလှမ်းကနေ ထိုင်၍ စောင့်ပေးနေရ၏။ ခုမှ ကိုယ်ပါ ကလေး တယောက်လို ဖြစ်နေတော့၏။ second semester မှာတော့ သူတို့ ကိုယ့်ကို အတော်များများ လုပ်တတ်သွား၏။ စာသင်နေရင်း meeting end သွားလျှင် link ကူးပြီးတော့ ပြန်ဝင်တတ်နေပြီ ဖြစ်၏။ ဒါပေမယ့် စောင့်ပေးရတုန်းပင်။ မီးမြှင့်စက်ကို ကြည့်ပေးနေရသေးသည်ကိုး။

သို့နှင့် ကျနော့်မှာ မီးမြှင့်စက် ကြည့်လိုက်၊ phone ကြည့်လိုက်၊ စာသင်ပေးသည့် Teacher ကို ကြည့်လိုက်နှင့်သာ နေနေရတော့၏။



0
0
0.000
11 comments
avatar

ဒီအချိန် ဒါ ကောင်းလေစွပါ

!PIZZA

0
0
0.000
avatar
(Edited)

PIZZA! PIZZA! PIZZA!

PIZZA Holders sent $PIZZA tips in this post's comments:
golden.future tipped donjaun (x1)
kachinhenry tipped donjaun (x1)
@htwegyi(7/10) tipped @donjaun (x1)

Learn more at https://hive.pizza.

0
0
0.000
avatar

ကလေးတွေအတွက် အကောင်းဆုံး အလုပ်တစ်ခုကို လုပ်ပေးနေတာပါအစ်ကို။...!LOLZ

0
0
0.000
avatar

How long is one minute?
It depends on what side of the bathroom door you're on.

@donjaun, I sent you an $LOLZ on behalf of @uthantzin
Use the !LOL or !LOLZ command to share a joke and an $LOLZ. (1/8)

0
0
0.000
avatar

ခလေးတွေကို ကြည့်လိုက် ခလေးတွေရဲ့ ဆရာမကို ကြည့်လိုက်.... အံမယ် ... ဆရာမကြည့်ချင်တာများ ခလေးတွေ အကြောင်းပြနေရသေး... !LOL. !PIZZA. !LUV

0
0
0.000
avatar

ဆရာမကလှလို့သာ ဒီလောက်ထိကလေးတွေအပေါ် အပင်ပန်းခံနိုင်တာဖြစ်မယ်။
ကျနော်တော့ တူမတွေရဲ့စာတွေလိုက်မလုပ်ပေးနိုင်တော့ဘူး။ အကုန်ကျောင်းကိုပြန်ကုန်လို့ 😁

0
0
0.000
avatar

ကိုဟင် ရေးသလိုပဲ
အဲ့လူကြီး ဒါကြောင့်ဇွဲရှိတာနေမှာ။
!PIZZA
!LOLZ

0
0
0.000
avatar

တီချာကို ဘာကြည့်တာလဲဗျ !LOLZ

0
0
0.000