UCL Round of 16: Second lag Day 2

UCL Round 16 ဒုတိယကျော့ ဒုတိယရက် ပွဲစဉ်များ ဒီနေ့ မနက်မှာ ကစားခဲ့၏။ Barcelona vs New Castle ပွဲစဉ်မှာတော့ Barcelona က ၇-၂ ဖြင့် ဂိုးပြတ် အနိုင်ရသွားခဲ့၏။ ပထမကျော့ New Castle အိမ်ကွင်းမှာ ၁-၁ သရေကျခဲ့ပေမဲ့ Barcelona ၏ အိမ်ကွင်းမှာတော့ Barcelona တို့က ဂိုးပြတ် သွင်းယူသွားခဲ့၏။ New Castle ၏ UCL လမ်းခရီးက ၁၆ သင်း အဆင့်မှာပဲ ပြီးဆုံးသွားခဲ့ရလေတော့၏။
Bayern Munchen vs Atlanta ပွဲစဉ်ကတော့ ၄-၁ ဖြင့် ပြီးဆုံးသွားခဲ့၏။ ပထမကျော့ Atlanta ကွင်းမှာ ကတည်းက ရလဒ်က ပြတ်သားထားခဲ့ပြီး ဖြစ်၏။ အိမ်ကွင်းမှာ ၁-၆ ဆိုသည့် ရလဒ်က အဝေးကွင်းမှာ ပြန်လာနိုင်ဖို့ မဖြစ်နိုင်တော့ပေ။ Bayern Munchen လို အသင်းကို သူ့ အိမ်ကွင်းမှာ ၅ ဂိုးပြတ် ပြန်သွင်းနိုင်ဖို့က ဘယ်လိုမှ မဖြစ်နိုင်ပေ။ နှစ်ကျော့ပေါင်း ၁၀-၂ ဖြင့် Bayern Munchen တို့ နောက်တဆင့် တက်သွားခဲ့လေ၏။

Liverpool vs Galatasaray ပွဲစဉ်မှာတော့ Liverpool က ၄-၀ ဖြင့် အနိုင်ရသွားခဲ့လေ၏။ ပထမကျော့ Galatasaray ကွင်းမှာ Galatasaray က ၁-၀ ဖြင့် နိုငမထားပေမဲ့ Liverpool ၏ အိမ်ကွင်းမှာတော့ Liverpool က ၄ ဂိုး ပြတ် သွင်းယူပြီး နှစ်ကျော့ပေါင်း ၄-၁ ဖြင့် နောက်တဆင့် တက်သွားခဲ့လေ၏။
Tottenham Hotspur vs Atletico Madrid ပွဲစဉ်မှာတော့ Tottenham က ၃-၂ ဖြင့် အနိုင်ရသွားခဲ့၏။ ပထမကျော့ Atletico Madrid ကွင်းမှာတုန်းက ၅-၂ ဖြင့် ရှုံးနိမ့်ထားခဲ့သည်မို့ နှစ်ကျော့ပေါင်း ၅-၇ ဖြင့် Tottenham တို့ ပြိုင်ပွဲကနေ နှုတ်ဆက်ခဲ့ရလေတော့၏။
ကွာတားဖိုင်နယ် အဆင့်ကို စပိန်က ၃ သင်း၊ အင်္ဂလန်က ၂ သင်း၊ ပြင်သစ်က ၁ သင်း၊ ဂျာမနီက ၁ သင်း၊ ပေါ်တူဂီက ၁ သင်း တက်ရောက်လာခဲ့၏။ ကွာတားဖိုင်နယ်မှာတော့ PSG vs Liverpool, Real Madrid vs Bayern Munich, Barcelona vs Atletico Madrid, Sporting CP vs Arsenal တို့ ယှဉ်ပြိုင် ကစားကြမည် ဖြစ်၏။ ကွာတားဖိုင်နယ် ပွဲစဉ်များကို April 7&8 ရက်နေ့များမှာ ကစားသွားမည် ဖြစ်၏။
(photos from UCL page)
ဘောနဲ့ပဲ အချိန်ကုန်နေသော လပျိုကြီး ဆာဒွန် စာမသင် ဆရာမလုပ်တော့ဘူးလား? 😁
စာ မသင်ဖြစ်သေးဘူးဗျ။
😁