သတင်းကျွတ် တဲ့လား...

avatar

uyhhhmzuxp.jpg

မနေ့က သတင်းကျွတ် လပြည့်တဲ့နေ့ ဖြစ်ချေ၏။ ယခင်လို ပျော်စရာ သတင်းကျွတ်ဟု ပြောဆို ဆုတောင်း လိုသော်လည်း လက်ရှိ အခြေအနေတွေက လှောင်ရယ်နေသည့် အလား။ ပြီးခဲ့သော သတင်းကျွတ်က ငဗစ်၊ ခု သတင်းကျွတ်ကြ ငဗစ် အပြင် ငစစ်ပါ ထပ်တိုး ပါဝင်လာတော့၏။ မြန်မာတွေမှာ ဝဋ်ကြွေး ကြီးချက်။

လပြည့်တဲ့နေ့ ဘုရားတွေ ပြန်ဖွင့်တော့ လူတွေ များ ကြိတ်ကြိတ် တိုးလို့။ သူတို့ကို ကြည့်ရတာ ဒီနေ့မှ ဘုရား မသွားရလျှင် နိဗ္ဗာန်နဲ့ လွဲသွားမည် ထင်နေသလား မသိပေ။ ဒီနေ့မှ ဘုရားမသွားရလျှင် ရက်တိုတိုနှင် နိဗ္ဗာန်သို့ မသွားနိုင်ဘဲ သံသရာ ရှည်သွားနိုင်သည်ဟု ကြောက်လန့်နေကြ လေ သလော။ မသိလျှင် မြန်မာပြည်ကြီးက အေးချမ်းသွားသလိုလိုပင်။ ကျနော်တောင် သူတို့ကို ကြည့်ပြီး အခြေအနေတွေ အေးဆေးကုန်ပြီလားဟ ဟု ထင်နေမိ၏။

မြို့ပေါ်နေသူတွေကတော့ ကံကောင်းလှ၏။ တောထဲ၊ တောင်ထဲ ပြေးလွှား ရှောင်ပုန်းနေရသူတွေမှာတော့ မည်သို့ နေရှာမည်နည်း။ မိသားစု စုံစုံလင်လင်နှင့် ဘုရားသွား၊ ကျောင်းတက်ပြတော့ မိသားစု မစုံံတော့တဲ့သူတွေခမြာ မည်သို့ နေ၊ ခံစား နေရှာမည်နည်း။ ကိုယ်ချင်းစာ ပါတယ် ဆိုသည့်စကားကို လူတိုင်း ပါးစပ်က လွယ်လွယ် လေး ပြောတတ်၊ ပြောလို့ ရ၏။ တကယ် ရင်ထဲ အသည်းထဲက ကိုယ်ချင်းစာ တတ်ဖို့က ခက်သားရယ်။

img_0.22244677185314957.jpg

ဒါဖြင့် ငါတို့ကပါ ထိုင်ငို၊ ထိုင် ဝမ်းနည်း ပြနေရမှာလားပေါ့။ ထိုသို့ မဆိုလိုပါ။ အခါကြီးရက်ကြီး ရွှေမြန်မာတွေ၏ ဘုရားသွား ကျောင်းတက် ယဥ်ကျေးမှု ဓလေ့ထုံးတမ်းစဉ်လာကို မသိလို့ မဟုတ်ပေ။ သို့ပေမယ့် ဒီအချိန်ကြီးမှာတော့ တဆိတ် နားလည်မှု ရှိဖို့ ကောင်း၏။

ပါးစပ်က ပြောတော့ တော်လှန်ရေး တော်လှန်ရေး၊ ဒီမိုကရေစီ ဒီမိုကရေစီ နဲ့။ တိုင်းပြည်က အာဏာရှင် လက်အောက် ရောက်နေတာတောင် သူတို့ပဲ ကွက်ပြီး ဒီမိုကရေစီ ရနေသည့် အလားပင်။ ပုံမှန် အတိုင်း သွားလာနေလို့ ရပြီ ဆိုပေမယ့် သတိထား သွားလာပါ၊ ပြီး တဆိတ်ရှိ social media ပေါ် ပုံတွေ ပလူပျံအောင် မတင်နေပါနဲ့။ တော်လှန်ရေး က မပြီးသေးဘူး။ ကိုယ့် လပ်ယားလပ်ယား လုပ်မှုက တော်လှန်ရေး လုပ်ဆောင်နေသူတွေ အတွက် အနှောင့်အယှက် မဖြစ်စေလို။ မကူညီချင်နေ မနှောင့်ယှက်ပါနဲ့ ဆိုသည့် စကား ရှိသည် မဟုတ်လား။

တော်လှန်ရေး အောင်လိုသည် မဟုတ်လား။ မကူညီနိုင်၊ ကိုယ်ချင်းစာ မပေးနိုင်တောင် အခြေခံ နားလည်မှု လေးလောက်တော့ ထားပေးကြပါလို့။



0
0
0.000
13 comments
avatar

အချိန်ကတော့ ရွေ့လျားနေမြဲ ပါ

0
0
0.000
avatar

ရပ်တန့်လို့ မဖြစ်နိုင်

0
0
0.000
avatar

အဲဒါပေါ့ မြန်မာပြည်သားတွေက စကောလောက်မှဇောက်မနက်ပါဘူးဆို။ တော်လှန်ရေးလုပ်နေတာ သူတို့နဲ့အဆိုင်သလို ။

0
0
0.000
avatar

အင်းဗျာ
ကိုယ်ချင်းစာ စိတ်လေးနဲ့ သာဆိုရင်

0
0
0.000
avatar

ဒီလိုလူတွေကြောင့်လဲ တိုင်းပြည်နာမည်ပျက်ရတာ

0
0
0.000
avatar

စိတ်မပူပါနဲ့ Bro… အဲတာ နေကြာပန်းတွေ..... အမှန်အကန် ပန်းတွေ မပါဘူးတဲ့...!PIZZA

0
0
0.000
avatar

တော်သေးဗျာ
အဲ့ဆိုရင် တော့

0
0
0.000
avatar
(Edited)

PIZZA! PIZZA! PIZZA!
PIZZA Holders sent $PIZZA tips in this post's comments:
@uthantzin(8/10) tipped @donjaun (x1)
htwegyi tipped donjaun (x1)
kachinhenry tipped donjaun (x1)
Learn more at https://hive.pizza.

0
0
0.000
avatar
(Edited)

ဒါဟာ အချစ်တဲ့လား တော့ လုပ်လိုက်။
အချိန်အခါလေးတော့ ကြည့်ကြပါလေ။
!PIZZA

0
0
0.000
avatar

နေကြာတွေလို့ ကြားလို့ တော်သေးတယ် !PIZZA

0
0
0.000