Super Sunday

avatar

fb_img_1638790212152.jpg

ဒီနေ့ည မှာတော့ ရင်ခုန် စရာ ပွဲစဉ်တွေ ရှိ၏။ မနေ့ည (ဒီနေ့ မနက် အစောပိုင်း) က ပြင်သစ်လိဂ် ရာသီ သိမ်း၏။ ရာသီ မပြီးခင်ကတည်းက ပီအက်စ်ဂျီက ချန်ပီယံ ဖြစ်နေခဲ့ပြီး ဖြစ်သဖြင့် ချန်ပီယံ ဆု အတွက်ကတော့ ရင်ခုန်ဖို့ မကောင်းခဲ့ပေ။ ဒီနေ့မှာတော့ ပရီးမီးယားလိဂ် နဲ့ စီးရီးအေပွဲစဉ် များ ရာသီသိမ်း (ရာသီ ပိတ်) အနေဖြင့် ယှဥ်ပြိုင် ကစားကြမည် ဖြစ်၏။

ထုံးစံအတိုင်း ပရီးမီးယားလိဂ် ကတော့ ပွဲစဥ် အားလုံး တချိန်ထဲ ကစားကြမည် ဖြစ်၏။ ည ၉ နာရီခွဲမှာ ပွဲစဥ် ၁၀ ပွဲလုံး အကုန် တပြိုင်ထဲ ကစားကြမည် ဖြစ်၏။ ချန်ပီယံ ဆု အတွက် လီဗာပူးနဲ့ မန်စီးတီးတို့ အပြိုင် ဖြစ်နေသလို တန်းဆင်းဇုန် တနေရာ အတွက် ဘန်လေနဲ့ လိဒ်စ် တို့ ကလည်း အပြိုင် ဖြစ်နေခဲ့၏။

လီဗာပူးက အိမ်ကွင်းမှာ ဝုဗ်စ် နဲ့ မန်စီးတီးက အက်စတုန်ဗီလာနဲ့ ကစားရမည် ဖြစ်၏။ နှစ်သင်းလုံး မဖြစ်မနေကို အနိုင်ကစားမှ ရမည်။ မန်စီးတီးက သရေကျပြီး လီဗာပူးက နိုင်ခဲ့လျှင် လီဗာပူး ချန်ပီယံ ဖြစ်ပြီ။ မန်စီးတီးနိုင်လျှင်တော့ လီဗာပူး နိုင်လည်း မန်စီးတီးသာ ချန်ပီယံ ဖြစ်မည် ဖြစ်၏။ တမှတ်သာ ကွာသည့် အနေအထား မလား။ မန်စီးတီးက 90, လီဗာပူးက 89။

လီဗာပူး ကစားသမားဟောင်း ဂျာရတ် ကိုင်တွယ် နေသည့် အက်စတုန်ဗီလာ အနေဖြင့် မန်စီးတီးကို တစုံတရာ ဒုက္ခ ပေးပြီး လီဗာပူးကို ချန်ပီယံ ဖြစ်စေဖို့ တဖက်တလမ်းကနေ ကူညီ ပေးနိုင်မလား ကတော့ ဆက်လက် စောင့်ကြည့် ရပေလိမ့်မည်။

ချန်ပီယံ ဆုလိုပဲ ရင်ခုန် နေရတာက တန်းဆင်းဇုန် တနေရာပါ။ 35 မှတ်စီ နဲ့ အမှတ်တူ ဂိုးကွာခြား အရ လိဒ်စ်က လောလောဆယ် အဆင့် ၁၇ နေရာ၊ ဘန်လေက အဆင့် ၁၆ ပါ။ နှစ်သင်းလုံး ပြိုင်ဖက်တွေကို အနိုင်ရခဲ့မယ်ဆိုရင် လိဒ်စ် တို့ တန်းဆင်းရပါလိမ့်မည်။ အမှတ်တူနေပေမယ့် ဂိုးကွာခြားချက် ကြောင့်ပါ။ သူတို့ အတွက်ကလည်း သရေကျလို့ကို မရတဲ့ အခြေအနေ ပါပဲ။ ဘယ်အသင်း တန်းဆင်းပြီး ဘယ်အသင်း ပရီးမီးယားလိဂ်မှာ ကျန်ခဲ့မလဲကတော့ ညကြရင် သိရတော့မှာပါ။

img_0.7997451548181288.jpg

img_0.611760570115541.jpg

ချန်ပီယံလိဂ် ဝင်ခွင့် တနေရာအတွက် လည်း စပါးနဲ့ အာဆင်နယ် တို့ အကြိတ်အနယ် ရှိနေဆဲပါ။ စပါးက 68 မှတ်၊ အာဆင်နယ်က 66 မှတ်ပါ။ စပါးသာ ​ခြေချော်ခဲ့ရင်ဆိုပြီး အာဆင်နယ် တို့ မျှော်လင့်လို့ ရပါသေးတယ်။

စီးရီးအေ ဖက်မှာလည်း ဒီညမှာပဲ ဘယ်အသင်း ချန်ပီယံ ဖြစ်မည် ကို သိရမယ်ဗျ။ အေစီက 83 မှတ်၊ အင်တာက 81 မှတ်။ အေစီပဲ ချန်ပီယံ ဖြစ်မလား၊ ဒါမှမဟုတ် အင်တာလား

ဘယ် အသင်းတွေ ချန်ပီယံ ဖြစ်ပြီး၊
ဘယ်အသင်းတွေ ချန်ပီယံလိဂ် ဝင်ခွင့်ရလို့
ဘယ်အသင်းတွေတော့ တန်းဆင်းရမယ် ဆိုတာကို မကြာမီ သိရတော့ မှာပါ။
ကဲ ရင်ခုန် စိတ်လှုပ်ရှားစွာနဲ့ အားပေး စောင့်ကြည့် လိုက်ကြရအောင်



0
0
0.000
1 comments
avatar

Congratulations @donjaun! You have completed the following achievement on the Hive blockchain and have been rewarded with new badge(s):

You have been a buzzy bee and published a post every day of the week.

You can view your badges on your board and compare yourself to others in the Ranking
If you no longer want to receive notifications, reply to this comment with the word STOP

Support the HiveBuzz project. Vote for our proposal!
0
0
0.000