စမ်းပြီးရင်း စမ်း

Xiaomi ၏ China region (ဒီမှာတော့ stable အလုံးဟု ခေါ်) phone တွေ အနေဖြင့် BLU (Bootloader unlock) လုပ်ဖို့ရာ လွယ်ကူဦးမည် မဟုတ်ပေ။ Xiaomi ဘက်က policy ပြန်မပြောင်းမချင်း BLU က အလှမ်းဝေးနေဦးမည် ဖြစ်၏။ China region အတွက် China miui account နဲ့မှာ BLU လျှောက်လို့ရမည် ဆိုတော့ mainland က မဟုတ်သူများအဖို့ အဆင်မပြေတော့ပေ။ လုံးဝကြီး မရတာမျိုးတော့ မဟုတ်ပေ။ အသိထဲမှာ China miui account ရှိရင် ငှားပြီး သုံးတာ ဖြစ်ဖြစ် လုပ်လို့ရ၏။ ဒါမှမဟုတ် BLU ဝန်ဆောင်မှု ပေးသူတွေနား အပ်တာ ဖြစ်ဖြစ် လုပ်နိုင်၏။ ဝန်ဆောင်ခကတော့ တော်တော်လေး ပေးရမည်။
China miui account လည်း မရှိ၊ ဝန်ဆောင်ခလည်း မတတ်နိုင်ရကား ဒီအတိုင်းပဲ ဆက်သုံးနေခဲ့ရ၏။ အစောပိုင်း နှစ်တွေတုန်းကတော့ BLU လုပ်ဖို့ နည်းလမ်းကို လိုက်လံ ရှာကြည့်မိသေးပေမဲ့ ခုချိန်မှာတော့ မရှာဖြစ်တော့ပေ။ အလကား လူပဲ စိတ်ပင်ပန်း အချိန်ကုန်ရသောကြောင့် ဖြစ်၏။ ကိုယ့်စိတ်ကို ကိုယ်ထိန်းပြီး Hyper OS နှင့် နေသားကျအောင် နေလိုက်တော့၏။ BLU လုပ်မရပေမယ့် အခြား tips and tricks တွေကိုတော့ ရှာဖွေ ဖြစ်သေး၏။

ရှာတွေ့သည့် တချို့ နည်းတွေက အသုံးဝင် အသုံးတည့်လှ၏။ ဥပမာ Canta & Shizuku app တို့ကို သုံးပြီး မိမိအတွက် အသုံးမလို (မဝင်) သည့် bloatware app တွေကို freeze လုပ်ထား နိုင်၏။ ဒီနည်းလမ်းက BLU, root မရှိ မဖြစ်လည်း သုံးလို့ရ၏။ သူ့ အလုပ်လုပ်ပုံက build in ပါသည် hide app နှင့် မတူပေ။ Uninstall လိုမျိုး မဟုတ်ပေမဲ့ uninstall လောက် နီးနီးသဘောမျိုးပင်။ PC က recycle bin လိုမျိုးပေါ့။
တချို့က Xiaomi ကို iPhone နှင့်တူအောင် theme, icon, setting တွေ ပြောင်းပြီး သုံးကြ၏။ ကျနော်ကတော့ ထိုသို့ မဟုတ်ပေ။ ကိုယ့် အကြိုက်နဲ့ကိုယ် ဆိုတော့ ဘာဘာညာညာတွေ မပြောနေတော့ပေ။ အဲ iPhone နားက ကြိုက်တာဆိုရင် recent style ဖြစ်၏။ Miui ကစလို Hyper OS ထိ recent ရှင်းရင် horizontal & vertical စသည့် ပုံစံတွေသာ ရ၏။ သို့နှင့် brevent app နှင့် code စာသားအချို့ သုံးပြီး iOS style recent ရအောင် လုပ်လိုက်၏။
Root မရှိဘဲ ဟိုဟို ဒီဒီ ကလိလိုရင် Shizuku app တော့လို၏။ သို့ပေမယ့် root မရှိတော့ ကန့်သတ်ချက်တွေတော့ ရှိနေသေး၏။ မနေ့ကလည်း စမ်းစရာ တခု ထပါရပြန်၏။ Magisk သွင်းမရသည့် အတွက် အလွမ်းပြေဟု ပြောလို့ရသည့် AxManager လို့ခေါ်သည့် app tool တခု သွားတွေ့၏။ အမယ် သူက plug in တွေ၊ module တွေနဲ့ တွဲဖက်ပြီး သုံးရခြင်း ဖြစ်၏။ Root ရှိသည့် phone တွေမှာလို မိုက်သလား ဂေါ်သလားတော့ မပြောတတ်သေးပေ။ မနေ့ကတော့ plug in တခု စမ်းသုံးထား၏။ Rum ပိုင်းဆိုင်ရာ အတွက်လို့တော့ ပြောတာပဲ။ ထူးခြားမှု ရှိမရှိကတော့ သုံးကြည့်ပြီးမှ ပြောပါဦးမည်။