ဆီ၊ ဆိုင်ကယ်

avatar

လောင်စာဆီ ပြဿနာက တဖြည်းဖြည်း ပိုလို့ ဆိုးလာနေခဲ့၏။ ဆီဆိုင်ရှေ့ တန်းစီနေသည့် ဆီတန်းကြီးက တမျှော်တခေါ်၊ တနေ့တခြား ဆိုက်ကယ် စီးရေ၊ ကား စီးရေ ပိုလို့ တိုးလာနေခဲ့၏။ ဆီက အလုံအလောက် မရပါဘူးဆို စုံ၊မ စနစ်ကလည်း ဒုက္ခ။ သွားရင်း လာရင်း ဖမ်းတာမျိုး မဟုတ် ဆီဆိုင်‌မှာ ရှေ့နောက် ပိတ်၍ ဖမ်းခြင်း ဖြစ်၏။ တော်တော်ဆိုး၏။ ဆီက တန်းနေရပါတယ်ဆို အဖမ်းအဆီးကလည်း ကြည့်နေရသေး၏။ ဆိုးပြီးရင်း ဆိုးပေါ့။

ကျနော်က ပိုဆိုး၏။ ဆိုင်ကယ် လိုင်စဉ် သက်တမ်းက လွန်သွားတော့ ဆိုင်ကယ်က လိုင်စဉ်မဲ့ ဖြစ်သွားခဲ့ပြီ။ ခုနောက်ပိုင်း လိုင်စဉ်မဲ့တွေကို ဆီ မပေးတော့ဘူး ဆိုတော့ ခက်ချေပြီ။ မည်သို့ လုပ်ရမယ် မသိတော့ပေ။ ဆီဆိုင်မှာ သူငယ်ချင်း အသိ ရှိနေလို့သာ တော်သေးသည်ဟု ဆိုရမည်။ ဒါတောင် နောက်ပိုင်း သိပ်အဆင်မပြေတော့ပေ။ ပတ်သက်ရာ ပတ်သက်ကြောင်းတွေ လုပ်ပေးရ၊ အကူအညီတောင်းကြနဲ့ဆိုတော့ သူ့မှာလည်း လုပ်ရ ပြုရ ခက်လို့နေ၏။

သူငယ်ချင်းက လုပ်သင့် သလောက်လေးပဲ လုပ်ပေး၏။ ဒါပေမဲ့ အခြားဝန်ထမ်း အချို့က သိသိသာသာကြီးတွေ လုပ်ကြတော့ အရင်လောက် ခွင့် မပေးတော့ပေ။ အသိတွေကို ခေါ်ခေါ်ပြီး ကပ်တိုးလေး အဆင်ပြေအောင် လုပ်ပေးကြ၏။ မသိမသာ ကနေ သိသိသာသာ ဖြစ်လာတာရယ်။ ပြီး လူတော်တော်များများက လိုက်လုပ်လာကြတာနဲ့ ကန့်သတ်ချက်တွေ ချလိုက်ကြ၏။

ကျနော်လည်း ဘယ်လို လုပ်ရမယ် မသိတော့ပေ။ သူငယ်ချင်းကတော့ ခဏစောင့်ပေးဦး အဆင်ပြေအောင် လုပ်ပေးမယ်ဟုတော့ ပြောထား၏။ စောင့်ရုံပေါ့။ ပြီးခဲ့သော တပတ်ကျော်က အနည်းငယ်စီ ခွဲထုတ်ပြီး စုထားသည့် ဆီကို ပြန်ထည့်သုံးရုံသာ။ အရေးပေါ်ရင် သုံးရန် ဆိုပြီး နည်းနည်းစီ ခွဲထားလို့ တော်သေးသည်ဟု ဆိုရပေလိမ့်မည်။ သိပ်အများကြီး မဟုတ်ပေ။ ဒီရက်ပိုင်း အတွက် ဖြေရှင်းလို့ ရပေမဲ့ ရက်ကြာကြာတော့ ခံမည် မဟုတ်ပေ။

‌အရှေ့အလယ်ပိုင်း ပြဿနာ ဆိုပေမဲ့ ရေနံ ကြောင့် ကမ္ဘာအနှံ့ ဒုက္ခ ရောက်ကြရ၏။ EV ဝယ်စီးရအောင်ကြပြန်တော့လည်း ပိုက်ဆံ မတတ်နိုင်သေးပေ။ Hive ဈေးလေး တက်လာရင်တော့ တမျိုးပေါ့။ တပတ်ရစ် EV စက်ဘီးလေး ဘာလေး ဝယ်စီးလို့ ရဦးမည်။ ဒီစစ်မီးနဲ့တော့ Hive ဈေးလည်း တက်ဖို့ မဖြစ်နိုင်သေးပေ။



0
0
0.000
1 comments
avatar

အကုန် ထ ချ
အကုန် ထ ကကြမလားလေ။
!LOLZ
!MEME

0
0
0.000