Round of 16:: Europa & Conference League

Europa နဲ့ Conference League Round of 16 ပွဲစဉ်များ ဒီနေ့ မနက်မှာ ကစားသွားခဲ့ပါတယ်။ Europa မှာ EPL က ၂ သင်း၊ Conference မှာ ၁ သင်း ပါဝင် ကစားနေကြပါတယ်။ ရှေ့တရက်က UCL ပွဲစဉ်တွေမှာ EPL အသင်းတွေ ခြေစွမ်း ပြနိုင်ခြင်း မရှိခဲ့သလို ဒီနေ့ ပွဲစဉ်တွေမှာလည်း သိပ်ထူးခြားမှု မရှိခဲ့ပါဘူး။ Europa မှာ Aston Villa, Nottm Forest တို့ Conference မှာတော့ Crystal Palace အသင်း ယှဉ်ပြိုင်ကစားနေကြပါတယ်။
Aston Villa က Lille ကို အဝေးကွင်းမှာ ၀-၁ ဖြင့် အနိုင်ရခဲ့၏။ Nottm Forest ကတော့ အိမ်ကွင်းမှာ FC Midtjylland ကို ၀-၁ ဖြင့် ရှုံးနိမ့်သွားခဲ့ပါတယ်။ Conference League မှာ ကစားနေတဲ့ Crystal Palace အသင်း အနေဖြင့် Cyprus ကလပ်အသင်း AEK Larnaca ကို ဂိုးမရှိ သရေကျခဲ့ပါတယ်။ ရလဒ်တွေရ ကြည့်ရင် UCL မှာ ကစားနေတဲ့ EPL အသင်းတွေထက်စာရင် သူတို့က အခြေအနေကောင်းနေပါသေးတယ်။ ဂိုးပြတ် မရှုံးထားလို့ အခွင့်အရေး ပိုမို ရှိနေနိုင်ပါသေးတယ်။

UCL မှာ ကစားနေတဲ့ EPL အသင်းတွေထဲမှာ Arsenal က Leverkusen အသင်းနဲ့ ၁-၁ သရေ ကျ ခဲ့သလို New Castle ကလည်း Barcelona နဲ့ ၁-၁ သရေ ကျခဲ့ပါတယ်။ Liverpool ကတော့ Galatasaray ကို ၁-၀ နဲ့ ရှုံးထားပါတယ်။ ဒီ သုံးသင်းကလွဲရင် ကျန် သုံးသင်းက ပြိုင်ဘက်တွေကို ဂိုးပြတ် ရှုံးနိမ့်ထားပါတယ်။ ဒုတိယကျော့မှာ ပြန်လာနိုင်ဖို့ အခွင့်အရေး အတော်လေး နည်းသွားပါပြီ။ ထူးဆန်းတာတွေ လုပ်ပြနိုင်မလားကတော့ ဆက်လက် စောင့်ကြည့်ရမှာပဲ ဖြစ်ပါတယ်။
UCL Round of 16 ခွဲဝေထားမှု အရ တခြမ်းမှာ ချန်ပီယံဟောင်းတွေ တခြမ်းမှာ ချန်ပီ မဖြစ်ဖူးသေးတဲ့ အသင်းအများစု ပါဝင်နေပါတယ်။ Arsenal အနေဖြင့် Leverkusen ကိုသာ ဖြတ်ကျော် နိုင်ခဲ့ရင် Semi final အထိ ရောက်နိုင်ပါတယ်။ Quarter Final မှာ တွေ့နိုင်ခြေ ရှိတဲ့ Bodo/Glimt သို့မဟုတ် Sporting CP တို့ကို လျော့တွက်တာ မဟုတ်ပေမဲ့ Arsenal သာ ပုံမှန် ခြေစွမ်းမျိုး ရှိနေမယ်ဆိုရင် ကျော်ဖြတ် နိုင်လောက်ပါတယ်။ ကံတရားဖေးမမှုလေးပါ ရှိနေရင်ပေါ့။
(photos from UEFA Europa League Page)
Sending you some Ecency curation votes!