Round of 16:: 1 st Lag Day 2

ဒီမနက်မှာ UCL Round of 16 ပထမကျော့ ဒုတိယရက် ပွဲစဉ်များ ကစား၏။ မနေ့က ပွဲစဉ်များနဲ့ တူညီသော ရလဒ်များ ထွက်ပေါ်ခဲ့၏။ ၁ ပွဲ သရေကျပြီး ၃ ပွဲက အရှုံးအနိုင် အဖြေပေါ်ခဲ့လေ၏။ ဂိုးပြတ် ရလဒ်တွေလည်း ထွက်ပေါ်လို့ လာခဲ့၏။ ဒုတိယကျော့မှာ ပြန်လာနိုင်ပါ့မလားဆိုသည့် သံသယတွေ ဖြစ်ပေါ်လာရအောင်အထိ ဂိုးတွေ များခဲ့၏။
Leverkusen vs Arsenal ပွဲမှာတော့ ၁-၁ သရေကျခဲ့၏။ ပထမပိုင်းမှာ ဘယ်သူ့ ဘယ်သူမှ ဂိုး မသွင်းနိုင်ခဲ့ကြပေ။ ဒုတိယပိုင်း စစချင်း ၄၆ မိနစ်မှာတော့ Leverkusen က ဦးဆောင်ဂိုး စတင်သွင်းယူ၏။ ၁-၀ နဲ့ ပွဲပြီးတော့မယ်ဟု ထင်မှတ်ထားခဲ့ပေမယ့် ၈၉ မိနစ်မှာ Arsenal တို့ ပင်နယ်တီ မှတဆင့် ချေပဂိုး ပြန်လည်လို့ သွင်းယူ သွားခဲ့လေ၏။ ၁-၁ ဖြင့်သာ ပွဲပြီးဆုံးသွားခဲ့လေ၏။ နှစ်သင်းလုံး အတွက် ဒုတိယကျော့မှာ မျှော်လင့်ချက်တွေ ကျန်ရှိနေပါသေး၏။

Bodo/Glimt vs Sporting CP ပွဲစဉ်မှာတော့ အိမ်ရှင် Bodo/Glimt က ၃-၀ ဖြင့် အနိုင်ရသွားခဲ့လေ၏။ အိမ်ရှင် အသင်း အနေဖြင့် ပထမပိုင်း ကတည်းက ၂ ဂိုးသွင်းယူထားခဲ့၏။ ဒုတိယပိုင်း ၇၁ မိနစ်မှာ တတိယမြောက် ဦးဆောင်ဂိုးကို ထပ်မံ သွင်းယူ၏။ Sporting CP အနေဖြင့် ချေပဂိုး ပြန်လည် သွင်းယူနိုင်ခြင်း မရှိဘဲ ၃-၀ ဖြင့် အဝေးကွင်းမှာ ဂိုးပြတ် ရှုံးနိမ့်သွားခဲ့ရလေ၏။
နောက်ပိုင်း ပွဲစဉ်တွေမှာ ခြေစွမ်းပြလာသည့် Bodo/Glimt အနေဖြင့် အိမ်ကွင်း အားသာချက်ကို ကောင်းကောင်း အသုံးပြုနိုင်သည့် အသင်းဟု ဆိုရပေလိမ့်မည်။ သူ့ အိမ်ကွင်းမှာ Man City, Inter Milan တို့ကို အနိုင်ကစားထားခဲ့၏။ Round of 32 အဆင့်မှာ Inter Milan ကို ၂ ကျော့လုံး အနိုင်ကစားပြီး ၁၆ သင်းအဆင့်ကို တက်လှမ်းလာခဲ့ခြင်း ဖြစ်၏။ နော်ဝေး ကလပ်အသင်းကတော့ သူ့ လုပ်နိုင်စွမ်းကို ချပြနေခဲ့ပြီ။
ဖီဖာကမ္ဘာကလပ် ဗိုလ်လုပွဲက ရှုံးကြွေးကို PSG တို့ ပြန်ဆပ်နိုင်ခဲ့ပြီ ဖြစ်၏။ အိမ်ကွင်းမှာ Chelsea ကို ၅-၂ ဖြင့် ဂိုးပြတ် အနိုင်ရသွားခဲ့လေ၏။ ပထမပိုင်းမှာ သိပ်မကွာသေးပေ။ PSG က ၂-၁ ဖြင့် ဦးဆောင်ထား၏။ ဒုတိယပိုင်း ၅၇ မိနစ်မှာ Chelsea က ချေပဂိုး ပြန်လည်သွင်းယူပြီး ၂-၂ သရေ ရလဒ်ကို ဖြစ်စေခဲ့၏။ သို့ပေမဲ့ ၇၄၊ ၈၆၊ ၉၀+၄ မိနစ်မှာ PSG က နောက်ထပ် ဦးဆောင်ဂိုးတွေ ထပ်မံ သွင်းယူ သွားခဲ့လေ၏။
Real Madrid vs Man City ပွဲစဉ်မှာလည်း Real Madrid က ၃-၀ ဖြင့် ဂိုးပြတ် အနိုင်ရသွားခဲ့လေ၏။ ၃ ဂိုးလုံးကို Valverde က သွင်းယူပေးသွားခဲ့ခြင်း ဖြစ်၏။
(photos from UCL page)