ပြည်သူ့အောင်ပွဲ (၆၃)

avatar

img_0.7396728979294764.jpg

ဘဝက တိုတိုလေးလို့
ငါတို့ ပြောတော့
အာဏာရူးက ထ ရယ်တယ်

အာဏာဆိုတာ လူတိုင်း ကြိုက်တယ် ကောင်လေးတဲ့
အဲ့လို ပြောတော့
ဆင်ခြေဖုံးရပ်ကွက် ကျူးတဲလေးမှာနေတဲ့
ခန္ဓာကိုယ် အပေါ်ပိုင်း ဗလာကျင်းနေတဲ့
ဦးလေးကြီးက ပြောတယ်
စားရတဲ့ ကလေး ပိုငတ်တယ်တဲ့

သေပြီး နောက်ဘဝတွေထိ ပါတာ
ကုသိုလ် အကုသိုလ်လို့ပဲ သိခဲ့တာလေ
မဟုတ်ဘူး အာဏာပါ ပါတယ် ဆိုရင်
ငါတို့လည်း တခါလောက် ဖြစ်ဖြစ်
နင့်လို အာဏာရူးကြည့် ချင်သား

ရှင်တော်ဘုရားကတော့ မိန့်မှာ ခဲ့ပါရဲ့
ပုထုဇဥ်မှန် သမျှ အရူးပဲတဲ့
အင်း လက်ရှိ အရူးတွေ ထဲမှာလည်း
ဒုက္ခ ပေးဆုံး အရူးက အာဏရူးပဲလို့
မြန်မာပြည်သူတွေက ပြန်ဖြေကြသတဲ့

သူယုတ်မာတွေ သက်ဆိုးရှည်တယ် ဆိုပေမယ့်
ခံရတော့မယ်ဆိုရင်လည်း
မြန်တယ် ကြမ်းတယ် မလား

ဘုရားတပါးပါးကို ကယ်ပါဆိုပြီး
ဘွတ်ကင်ချိတ်လည်း ခုချိန်မှာတော့
မမီတော့ပေ

ခုချိန်မှာ
ဘုရားတွေက အာဏာရူး အတွက်
ဆက်သွယ်မှု ဧရိယာ ပြင်ပ ဟု
ပြန်ဖြေတော် မူမည်ထင်

အဆုံးသတ်တိုက်ပွဲ ငါတို့တိုက်မယ်
အောင်ပွဲ မဝေးတော့ပြီ

#CivilDisobedienceMovement
#JusticeForMyanmar
#RejectMilitaryCoup
#FightForDemocracy
#SaveMyammar
#HearTheVoiceOfMyanmar



0
0
0.000
0 comments