နိုင်ပွဲ

ဒီနေ့တော့ တကိုယ်လုံး အီစိမ့်နေ၏။ အထူးအားဖြင့်တော့ ခြေထောက် ခြေသလုံးတွေပေါ့။ ခြေသလုံး ကြွက်သားတွေ နာနေ၏။ ကိုက်တော့ မကိုက် နာနေခြင်း ဖြစ်၏။ နာရသည့် အကြောင်းကလည်း ရှိ၏။ မနေ့က ကစားပွဲကြောင့် ဖြစ်၏။ ကျနော်တို့ အသင်းက မကြာခဏ ချိန်းပွဲ ကန်ဖြစ်လေ့ ရှိ၏။ အရင်ကတော့ အသင်းသား အချင်းချင်းသာ ကန်ကြ၏။ ခုနောက်ပိုင်းမှာတော့ အခြား အသင်းများနှင့် မကြာခဏ ချိန်းပြီး ကန်ဖြစ်ကြ၏။

ချိန်းပွဲ ဆိုပေမယ့်လည်း ကြေးတွေ ဘာတွေ နဲ့တော့ မဟုတ် ပေ။ ဒီအတိုင်း ကွင်းကြေးပေါ့။ ဒါတောင် ကွင်းကြေး အပြည့် မဟုတ်ပေ။ 2:1 ဖြစ်၏။ ဥပမာ ကွင်းကြေးက ၃ သောင်း ကြပါက ရှုံးသည့်အသင်းက ၂ သောင်း နိုင်သည့် အသင်းက ၁ သောင်း အဲ့လိုပေါ့။ အသင်း အနေဖြင့် ခုချိန်ထိ ကန်သမျှ ချိန်းပွဲ တိုင်းတော့ အနိုင် ရထား၏။ ပြောရလျှင် ရှုံးပွဲ မရှိသေးဘူးပေါ့။

ယခင်ပွဲတွေတုန်းက ကန်ပြီးတိုင်း ခုလို မဖြစ်နေပေ။ သာသာယာယာရယ်ပါ။ ဒီနေ့မှ ခြေသလုံးကြွက်သားတွေ နာနေခြင်း ဖြစ်၏။ အမှန်တော့ မနေ့က ပွဲကန်လို့ ပြီးခါနီး အချိန်မှာပင် ကြွက်တက်ချင်သလိုလို ဖြစ်နေခဲ့၏။

မနေ့က ကန်ရသည့် ပွဲမှာ တဖက်အသင်းက ယခင် ကန်နေကြ အသင်းတွေလိုပဲ ခြေစွမ်း ကောင်း၏။ ဒါပေမယ့် ကျနော်တို့ အသင်းကလည်း ကောင်းပါ၏။ ကစားကွက် အနေဖြင့် တဖက်ကသာ ပေမယ့် ဂိုးသွင်းခွင့်နဲ့ ဂိုး အရေအတွက်က ကျနော်တို့ အသင်းက သာ၏။ မနေ့ကပွဲကဆို ဂိုးတွေ အတော်ပြတ်သွား၏။ ဆယ်ဂိုး ကျော်လောက်ကို ပြတ်သွား၏။

အဲ့မှာ အသင်းအနေနဲ့ ကစားအား ပြောင်း၊ လျော့မိလိုက်ရာကနေ တဖက်အသင်းက ဂိုးတွေ ပြန်လိုက်သွင်းပြီး သွင်းဂိုးတွေ တူကုန်တော့၏။ ကျနော်တို့ အားလုံး၏ အပြစ် ဖြစ်၏။ ပြိုင်ဖက်ကို အထင်သေးမိ၊ လျော့တွက်မိသည့် အကျိုး ပေါ့။ တဖက်အသင်းက တဖန်ပြန် အားတက်လာခဲ့ပြီးနောက် ဂိုးတွေ တောက်လျောက် ပြန်သွင်း ယူနိုင်ခဲ့၏။

သို့နှင့် ကျနော်တို့မှာ မနည်းကောင်း ပြန်လိုက် ကစားယူရတော့၏။ တောက်လျောက် နိုင်ပွဲ ရထားသည့် အသင်းရဲ့ အခြေအနေကို မပျက်လိုရကား အားကုန်ထုတ်၍ ကစားကြရတော့၏။ ပြီး မနေ့က ပုံမှန်လို တနာရီခွဲ မဟုတ်ဘဲ နှစ်နာရီ ကစားကြတော့ နှစ်သင်းလုံးလည်း ပန်းကုန်ကြ၏။ ဒါတောင် လူစားလဲပြီး ကန်ကြခြင်း ဖြစ်၏။ နှစ်သင်းလုံး ဆယ်ယောက်စီလောက် ပါကြ၏။ တဖက်ကို ၅ ယောက်ဆီ ကစားကြခြင်း ဖြစ်တော့ ၅ ယောက်ဝင် ၅ ယောက်ထွက် ကောင်းကောင်း အလဲအလှယ် ကစားလို့ ရ၏။

မနေ့က အနိုင်ရအောင် မနည်းကောင်း ပြန်လိုက် ကစားခဲ့ရ၏။ ပွဲလည်းပြီးရော နှစ်ဖက် အသင်းသား အားလုံးလည်း ခြေကုန် လက်ပန်းကြကုန်၏။ ကျနော်တောင် မဖြစ်စဘူး ကြွက်ပါ တက်သည် အထိပင်။ ဒါပေမယ့် တသင်းလုံးလည်း သင်ခန်းစာ ကောင်းကောင်း ရသွားခဲ့၏။ ဘယ်တော့မှ ပြိုင်ဖက်ကို လျော့ မတွက်ဖို့ပေါ့။



0
0
0.000
8 comments
avatar

ချွေးထွက်လွန်ရင်ဖြင့် ဓာတ်ဆားသောက် 😁!PIZZA

0
0
0.000
avatar

!PGM !LOLZ !PIZZA

0
0
0.000
avatar

Sent 0.1 PGM - 0.1 LVL- 1 STARBITS - 0.05 DEC - 15 SBT - 0.1 THG - tokens to @uthantzin

remaining commands 1

BUY AND STAKE THE PGM TO SEND A LOT OF TOKENS!

The tokens that the command sends are: 0.1 PGM-0.1 LVL-0.1 THGAMING-0.05 DEC-15 SBT-1 STARBITS-[0.00000001 BTC (SWAP.BTC) only if you have 2500 PGM in stake or more ]

5000 PGM IN STAKE = 2x rewards!

image.png
Discord image.png

Support the curation account @ pgm-curator with a delegation 10 HP - 50 HP - 100 HP - 500 HP - 1000 HP

Get potential votes from @ pgm-curator by paying in PGM, here is a guide

I'm a bot, if you want a hand ask @ zottone444


0
0
0.000
avatar

ကောင်းတယ်ဗျို့... အားကစားလုပ်တာတော့ အားပေးတယ်။ !PIZZA

0
0
0.000
avatar



@htwegyi you !PIMP, the HiQ Smart Bot has recognized your request and will start the trail now. !PIZZA


Delegate HP to @hiq.hive, BEE to @hiq.bee,
PHOTO to @hiq.photo, FUN to @hiq.fun,
ONEUP to @hiq.oneup or PIMP to @hiq.pimp
to support the HiQ Smart Bot and its trails,
and grab "massive" rewards!

If you have at least 10 HIQS staked
and your daily limit is not exceeded,
then juicy votes will follow!

Check out HiQ - The Hivestyle Magazine,
fomo into HiQs - The Support Token
& vote our fucking Witness!

This is a semi automatically created manual curation. !LOL
Currently this sexy Smart Bot is in the testing phase though.
For further questions, feel free to contact @hiq.redaktion via comment or Discord.

0
0
0.000