ကျနော်သိသော ဝေါလက်များ

avatar

fb_img_1638790212152.jpg

Wallet တွေကတော့ အများသားရယ်၊ ဒါနဲ့ tokens က ဘယ်မှာလဲဟု မေးယူရလောက်အောင်ပင် ကျနော့်မှာ wallet တွေ အများကြီး ရှိ၏။ ဘယ် wallet တခုမှာမှ tokens မယ်မယ် ရရ မရှိပေ။

ပထမဆုံး စပြီး ရင်းနှီး သိရှိသည့် wallet က coinbase wallet ဖြစ်၏။ ထို wallet ကိုက btc အတွက် သုံးခဲ့ခြင်း ဖြစ်၏။ ထိုအချိန်က btc စျေးက ယခုလောက် မများသေးပေ။ MMM Global မှာ deposit တင်ပြီး mini job တွေလုပ်ကာ reward ရယူမည်ဆိုပြီး ဖွင့်ထားခြင်း ဖြစ်၏။ MMM Global လည်း scam သွားရော ထို wallet ကို ဆက် မသုံး ဖြစ်တော့ပေ။ အနှီ wallet ထဲမှာလည်း btc မှ မကျန် မရှိတော့ဘဲကိုး။

အကျိုးအမြတ်က အတော်လေး ရလတော့ မိမိ ရင်းနှီးထားရသည့် အရင်းအနှီး ပမာဏကို ထုတ်ထားပြီး အမြတ်နှင့် ဆက်သွားမည် ဆိုပြီး လုပ်ထား၏။ ဖြစ်ချင်တော့ ကိုယ် ထုတ်မယ့် အချိန်ကြမှ သူက ထ scam သွားတော့၏။ Crypto ခရီး အစက စစချင်း စောက်နဲ့ ထွင်းခံရတော့၏။

img_0.698122014443761.jpg

ဒါပေမယ့် အဆိုးထဲက အကောင်းက ဒင်းကြောင့်ပဲ crypto လမ်းကို ဆက်လိုက် ဖြစ်ခဲ့ခြင်း ဖြစ်၏။ online ကနေ ဆုံးရှုံးသွားတာကို online ကနေ ပြန်ယူမယ် ဆိုပြီးတော့ ပေါ့။

ကိုယ်တွေကသာ ဆုံးရှုံးသွားရပေမယ့် သူငယ်ချင်း တ​ယောက်ကတော့ အမြတ်ရသွားသေးခဲ့၏။ ဖြစ်ပုံက ဒီလို... သူလည်း ကျနော် တို့ကို ကြည့်ပြီး ကျနော်တို့ ပြောပြလို့ MMM လိုက်လုပ်မယ်ဆိုပြီး btc တွေဝယ်ထား၏။ btc $50 ဖိုးလောက် ဖြစ်မည်။ ထိုစဥ်က မြန်မာငွေ ၇ သောင်းလောက်တော့ ပေးရ၏။ သူ့ coinbase ထဲ btc တွေ ရောက်ပြီး နောက်နေ့မှာ MMM account ဖွင့်ပြီး ချတော့မယ်ပေါ့။

ကျနော်နှင့် အခြားသူငယ်ချင်းက နေဦး ကျနော် ပိုက်ဆံ ထုတ်လုပ်ရမှ လုပ်၊ ခဏစောင့်ဦးပေါ့။ သူများတွေ တုန်းက မြန်ပြီး ခု ကျနော့်မှာ ကြာနေလို့ ခဏ စောင့်ပြီးမှ လုပ်ဦး မှာထား၏။ စိတ်ထဲလည်း အနည်းငယ် ထင့်နေသည်ကိုး။ အကောင်းဆုံးမျှော်လင့်ထားပေမယ့် အဆိုးဆုံး အခြေအနေကိုလည်း ရင်ဆိုင် နိုင်ဖို့ ပြင်ဆင် ထားရမည် မဟုတ်လား။

ကျနော်တို့ကမှ တော်သေး။ မိမိ အဆုံးမရှုံး ခံနိုင်သည့် ပမာဏလောက်ကိုသာ အသုံးပြုခဲ့၏။ အချို့က မဟုတ် ဆိုင်ကယ်ရောင်းပြီး၊ ကားရောင်းပြီး အိမ်ရောင်းပြီးတော့ကို ချကြ၏။ ထိုစဥ်က ရတဲ့သူတွေကလည်း ရနေကြသည်ကိုး။ နောက်ပိုင်း ဒီလောကထဲ အနေကြာလာတော့မှ အပေးကြမ်းသည့် အရာတွေက scam တွေများတယ်ဆိုတာ ကောင်းကောင်းကြီး သိသွား၏။

အစပိုင်း ပေးတယ် ပေးတယ်နဲ့ နောက်ပိုင်း သူ့အတွက် အများကြီးလည်း ကျန်နိုင် ရနိုင်လောက်ရော အချီကြီးကြံပြီး လစ်သွားလေတော့၏။ သူငယ်ချင်းကတော့ ကံကောင်းသွားခဲ့လေ၏။

ဆက်ပါဦးမည်



0
0
0.000
5 comments
avatar

5 years this has been happening to me, it started here, around people that are still here. Homeland security has done nothing at all, they are not here to protect us. Dont we pay them to stop shit like this? The NSA, CIA, FBI, Police and our Government has done nothing. Just like they did with the Havana Syndrome, nothing. Patriot Act my ass. The American government is completely incompetent. The NSA should be taken over by the military and contained Immediately for investigation. I bet we can get to the sources of V2K and RNM then. https://peakd.com/gangstalking/@acousticpulses/electronic-terrorism-and-gaslighting--if-you-downvote-this-post-you-are-part-of-the-problem

0
0
0.000
avatar

ကိုယ်တွေလည်း ဟိုတုန်းက ဖရီးရတာလေးတွေစုပြီး
လုပ်ခဲ့တာ စကမ်ဆိုပြီး ပလုံသွားတယ် ရင်နာခဲ့ဘူးပ။
!LOL

0
0
0.000
avatar

I’m skeptical of anyone who tells me they do yoga every day.
That’s a bit of a stretch.

Credit: reddit
@donjaun, I sent you an $LOLZ on behalf of @htwegyi
Use the !LOL or !LOLZ command to share a joke and an $LOLZ.
Delegate Hive Tokens to Farm $LOLZ and earn 110% Rewards. Learn more.
(2/6)

0
0
0.000
avatar

ဘယ်အရာမဆို ကိုယ်အရှူံးခံနိုင်တဲ့ ပမာဏပဲ​ကောင်းတယ် ကိုဒွန်​ရေ !LOLZ

0
0
0.000
avatar

ဆက်အားပေးမယ်...!LOLZ

0
0
0.000