ကုန်ကြမ်း

avatar

ခုတလော စာရေးဖို့ အစ ထုတ်ရ ခက်နေပြန်၏။ ယခင်ကလည်း ထိုသို့ မကြာခဏ ဖြစ်ဖူး၏။ ဒါပေမယ့် ယခင် ဖြစ်တာက ရေးစရာရှိရဲ့သားနဲ့ လက်က ရေးပျင်း ရိုက်ပျင်းနေခြင်း ဖြစ်၏။ ခုက အတွေးစ ရှာရခက်နေခြင်း ဖြစ်၏။ လက်ရှိ စိတ် အခြေအနေနှင့်လည်း ဆိုင်မည်ထင်။

ကျနော် အလုပ် လက်မဲ့ ဖြစ်နေခဲ့သည်မှာ အတော်ကြာခဲ့ပြီ။ စာသင်အလုပ်ပဲ လုပ်တတ်လို့လား မေးက ကျနော့်မှာ ဘာပြန်ဖြေရမည် မသိ။ အဖြေအဆင်သင့် မရှိနေပေ။ ခုက မသင်နေလို့လားဆိုတော့ မသင်နေပေ။ အဓိကက သင်ချင်စိတ် မရှိနေခြင်း ဖြစ်၏။ အသိ ဆရာမတွေကတော့ စာသင်ဖို့ ခေါ်၊ ပြောပါ၏။ ကိုယ်တိုင်ကကို စိတ်ထဲ အဆင်မပြေနေသောကြောင့် ဖြစ်၏။

ငဗစ် ကာလ ကတည်းကနေ လက်ရှိ ငစစ် ကာလအထိပင် စာပြန် မသင်ဖြစ်ပေ။ ကြားထဲ ကျိုကြားလေး ၃၊ ၄ လ လောက်လားတော့ မသိ သင် ဖြစ်လိုက်သေး၏။ ခဏပါပဲ။ ငဗစ်ကာလတုန်းကလည်း online teaching ကို မစထားခဲ့တာလည်း ပါမည်။ သင်ကြားရေးနဲ့ အဆက်ပြတ်သွားတာရယ် လက်ရှိ အခြေအနေတွေကြောင့်ရယ်နဲ့ စာသင်ဖြစ်ဖို့က တော်တော်လေး အလှမ်းဝေးသွားခဲ့၏။

နည်းပညာနဲ့ စိမ်းသူ မဟုတ်ပေမယ့်လည်း online teaching ဘက်ကို မလှည့်ဖြစ်ခဲ့တာကတော့ ကျနော်၏ လိုအပ်ချက်တခုသာ ဖြစ်ပေလိမ့်မည်။ မှားသည်ဟုလည်း ပြောလို့ရ၏။ နောင်တတော့ မရပေ။ နောင်တရလောက်အောင်လည်း မှားခဲ့သည်ဟုတော့ ပြောလို့ မရပေ။

အရင်းစစ် ကောက်ချက်ပြန်ချကြည့်ရလျှင်တော့ Hive ဆိုသည့် ဘူတာ ဆီသို့သာ ပြန်စိုက်ပေလိမ့်မည်။ မှန်၏။ စာမသင် ဖြစ်ပေမယ့် Hive နဲ့တော့ အဆက်မပြတ်သွားပေ။ နေ့စဥ် ပိုစ့်တင်ပြီး power တွေ စုခဲ့၏။ စုပြီး ပိုတာလေးတွေကိုတော့ ထုတ်သုံး ဖြစ်၏။ wifi ဖိုး ဘာညာ အစ ရှိသဖြင့်ပေါ့။ ထို့ အတွက်လည်း Hive နှင့် Hive platform ပေါ်က မိတ်ဆွေတွေကို အလွန်ပဲ ကျေးဇူး တင်ရပါ၏။

လောလောဆယ်မှာတော့ Hive က ဝင်ငွေ တခုထဲနဲ့ ရပ်တည်ဖို့ မဖြစ်နိုင်သေးပေမယ့် တချိန်မှာတော့ ဖြစ်လာနိုင်၏။ English လိုတွေ ရေးပြီး global တွေ ဘာတွေကို ထိုးဖောက် မလို့လား ဆိုတော့ မဟုတ်ပေ။ လက်ရှိ အတူသွားနေကြသည့် Hive Myanmar က မိတ်ဆွေတွေသာ Hive power တသောင်း၊ တသိန်းတွေ ဖြစ်သွား ရှိလာပါက အချင်းချင်း ပေးကြမည့် vote နဲ့တင် အတော်လေး ဟုတ်သွား နိုင်သည် မဟုတ်လား။ လက်ရှိ ပိုစ့် တခုကို 1$ လောက်သာ ရပေမယ့် ထိုအချိန်ကြလျှင် တပိုစ့် 10$ သို့မဟုတ် 15$ လောက်ကတော့ အသာလေးပင် မဟုတ်လော။ ဒါကြောင့်ပဲ ကျနော်တို့တွေ power ကို အသည်းအသန် ရသလောက် စုနေကြသည် မဟုတ်လား။

အတူ ချီတက်ကြတာပေါ့။



0
0
0.000
15 comments
avatar

Power တွေ ရသလောက်တော့စုနေတာပဲအကို။ ကြားထဲ အခက်အခဲတစ်ချို့ကြောင့် Hive ၁၃၀ လောက် ရောင်းပြီး ဖြေရှင်းခဲ့တာတောင် နောင်တရမိနေတယ်။ အခုလည်း ကြိုးစားပြီး ထပ်စုနေပါတယ်။ !PIZZA !LOLZ !PGM

0
0
0.000
avatar

စုချည်း စုနေလို့လည်း မရပြန်ဘူးကိုး
လိုအပ်ချက်အရတော့ သုံးသင့် သုံးရမှာ ပေါ့လေ။ ပူနဲ့ ပြန်ထပ်စုပါ။
!PIZZA

0
0
0.000
avatar

ပါဝါ သိန်းဂဏန်းလား နဲပါပီ 😁 ကုန်ကြမ်းရှားနေသေး ဒါလောက်တောင်ကြီးမိုးရွာနေတာကို ‌ဆာဒွန်မြို့တစ်‌ပတ်လောက် ပတ်ကြည့်လိုက်ပါလား

0
0
0.000
avatar

တောင်ပေါ်မှာ ရေကြီး ရေလျှံတယ် ပြောရင် ဘယ်သူ ယုံမှာ လဲလို့။ ခုတော့...
!PIZZA

0
0
0.000
avatar

အဟီး ကိုယ်တွေ ဟိုက်ကို ပါဝါမအပ်ပဲ ဆေ့ဗင်လုပ်လို့ ကိုဟင်က လာမန့်ပြီး ပြောရတယ်။
!LOL

0
0
0.000
avatar

အတိုး ထုတ်စားမယ်လေ နော့်
!PIZZA

0
0
0.000
avatar

!LUV !LOLZ !MEME

0
0
0.000
avatar

Congratulations @donjaun! You have completed the following achievement on the Hive blockchain and have been rewarded with new badge(s):

You have been a buzzy bee and published a post every day of the week.

You can view your badges on your board and compare yourself to others in the Ranking
If you no longer want to receive notifications, reply to this comment with the word STOP

Check out the last post from @hivebuzz:

Hivebuzz supports the HiveFest⁷ Travel Reimbursement Fund.
Our Hive Power Delegations to the July PUM Winners
Feedback from the August 1st Hive Power Up Day
Support the HiveBuzz project. Vote for our proposal!
0
0
0.000
avatar
(Edited)

PIZZA! PIZZA! PIZZA! PIZZA!

PIZZA Holders sent $PIZZA tips in this post's comments:
donjaun tipped ansoe (x1)
@donjaun(4/5) tipped @uthantzin (x1)
donjaun tipped htwegyi (x1)
donjaun tipped callmemaungthan (x1)

Join us in Discord!

0
0
0.000